မန်ချက်စတာယူနိုက်တက် – မန်ချက်စတာစီးတီး
ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ထိပ်တိုက်တွေ့ဆုံမှု အဖြစ် မန်ချက်စတာဒါဘီ ပွဲစဉ် ရှိနေပါတယ်။ တွေ့ဆုံချိန်တိုင်းမှာ ပုဝါမကူ ရေမရှူ ကစားတတ်တဲ့ မြို့ခံ ပြိုင်ဘက် နှစ်သင်းရဲ့ အားပြိုင်မှုကို ထပ်မံ မြင်တွေ့ရဦးမှာ ဖြစ်ပြီး မန်စီးတီးတို့ ယူနိုက်တက်နဲ့ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ အသာမရ ဖြစ်နေမှုကို အဆုံးသတ်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နော့တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ထားပါတယ်။ ယူနိုက်တက် အနေနဲ့ ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ်မှာ ဆက်တိုက် နိုင်ပွဲတွေ ရခဲ့ပြီးမှ ဖောရက်စ်ကို ရှုံးခဲ့လို့ အဟုန်တစ်ခု ရပ်တန့်သွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ လက်ရှိမှာ အသင်း ဘယ်လောက်ပဲ တိုင်ပတ်နေပါစေ ဘရူနို ဖာနန်ဒက်စ် ကတော့ အကောင်းဆုံး ဆွဲတင်ပေးနေဆဲ ဖြစ်ပြီး ဒီပွဲမှာလည်း စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဒီပွဲ ပြီးရင် ယူနိုက်တက်က လိုင်ယွန်နဲ့ ယူရိုပါလိဂ် ကစားရဦးမှာ ဖြစ်တာကြောင့် အမော်ရင်ရဲ့ လူထုတ်ပုံ ကလည်း စောင့်ကြည့်ချင်စရာပါ။ ထူးခြားတာက ယူနိုက်တက်ဟာ နောက်ပိုင်း နှစ်တွေမှာ ခြေစွမ်း ကျဆင်းနေချိန်မှာတောင် မန်စီးတီးကို အနိုင်ကစားထားခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီး ကတော့ ခြေစွမ်းပိုင်း မတည်ငြိမ်သေးပေမယ့် အရေးပါတဲ့ နိုင်ပွဲတွေတော့ ပြန်လည် ရှာဖွေထားနိုင်ပါတယ်။ ဖောရက်စ်ကို ရှုံး၊ ဘရိုက်တန်ကို သရေကျပြီးနောက် ဘုန်းမောက်နဲ့ လက်စတာစီးတီး ကိုတော့ ပြန်လည် အနိုင်ယူပြီး Top 4 ဝင်ဖို့ အပေါ်က အသင်းတွေကို အမှီလိုက်နေဆဲ ဖြစ်ပါတယ်။ မန်စီးတီးက လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရှိနေပြီး ဖောရက်စ်နဲ့ ၆ မှတ်၊ ချဲလ်ဆီးနဲ့ ၁ မှတ် ကွာဟနေပါတယ်။ အထက်မှာ ပြောခဲ့သလိုပဲ မန်စီးတီးဟာ ယူနိုက်တက်ကို ပြိုင်ပွဲစုံမှာ နောက်ဆုံး ၃ ပွဲဆက် အနိုင်မရခဲ့ပါဘူး။ ဒါ့အပြင် ဟာလန်း အပါအဝင် အဓိက ကစားသမား တချို့ လွဲချော်ဦးမှာ ဖြစ်တာကြောင့် မန်စီးတီး အတွက်တော့ မထင်မှတ်ထားတဲ့ ထိုးနှက်ချက်တွေ ရှိလာနိုင်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ

မန်စီးတီး ဘက်မှာတော့ အာလင်း ဟာလန်း ခြေချင်းဝတ် ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ဦးမှာ မဟုတ်သလို ရိုဒရီ၊ နေသန် အေခီ၊ အာကန်ဂျီ၊ ဂျွန်စတုန်းစ် တို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
မန်ချက်စတာယူနိုက်တက် – အိုနာနာ၊ မက်ဇရာရီ၊ မက်ဂွိုင်းယား၊ ယိုရို၊ ဖာနန်ဒက်စ်၊ အူဂါတေး၊ ဒေါဂူ၊ ဒါးလော့တ်၊ ဇီယက်ခ်ဇီး၊ ဂါနာချို၊ ဟွိုက်ဂျ်လန်း
မန်ချက်စတာစီးတီး – အီဒါဆင်၊ ဒီးရာ့စ်၊ ကူဆာနော့ဗ်၊ နူညက်စ်၊ ဂဗာဒီယိုလ်၊ ဂွန်ဇာလက်ဇ်၊ ဆေးလ်ဗား၊ ဂရီးလစ်ရှ်၊ ဒိုကူ၊ ဆာဗင်ဟို၊ မာမွတ်ရှ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက အကြိမ် ၄၀ တွေ့ဆုံခဲ့ရာမှာ ယူနိုက်တက်က ၁၆ ကြိမ်နိုင်၊ သရေ ၅ ကြိမ် ကျပြီး မန်စီးတီးက ၁၉ ကြိမ် အနိုင်ရခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ မန်စီးတီးက ၃ ကြိမ်နိုင်၊ ယူနိုက်တက် ၂ ကြိမ် နိုင်ပြီး သရေ မရှိခဲ့ပါဘူး။ အိုးထရက်ဖို့ဒ် နောက်ဆုံး ၅ ကြိမ် မှာတော့ မန်စီးတီးက ၂ ကြိမ်နိုင်၊ ယူနိုက်တက်က ၂ ကြိမ်နိုင်ပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ မန်ချက်စတာယူနိုက်တက် နိုင်ရင် ၃.၀၃ ဆ၊ မန်ချက်စတာစီးတီး နိုင်ရင် ၂.၁၃ ဆ နီးပါးနဲ့ သရေ ဆိုရင်တော့ ၃.၃၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဧည့်သည် မန်စီးတီး ဘက်ကပဲ ခပ်ပါးပါးကြေးပေးထားပါတယ်။ ဂိုးပေါင်းကြေး ကလည်း မျှတပါတယ်။ ယူနိုက်တက်ဟာ မန်စီးတီးကို နောက်ပိုင်း တွေ့ဆုံမှုတွေမှာ အသာရခဲ့တယ် ဆိုပေမယ့် လက်ရှိ ခြေစွမ်းပိုင်းအရတော့ မန်စီးတီး ကိုပဲ ယုံကြည်ထားချင်ပါတယ်။ မန်စီးတီး ၂ ဂိုးပြတ်လောက်နဲ့ အနိုင်ရသွားမယ့် ပွဲပါ။ ဂိုးပေါ်တော့ အရဲမစွန့်ချင်ပါဘူး။
ခန့်မှန်းရလဒ်
မန်ချက်စတာယူနိုက်တက် ၀-၂ မန်ချက်စတာစီးတီး
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.