ဘရန့်ဖိုဒ် – မန်ချက်စတာစီးတီး
ပရီးမီးယားလိဂ် ပွဲစဉ် ၇ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ဘရန့်ဖို့ဒ်နဲ့ မန်ချက်စတာစီးတီးတို့ G tech ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ဇယား ထိပ်ပိုင်းကို တက်လှမ်းနိုင်ရေး နိုင်ပွဲ လိုအပ်နေတဲ့ မန်စီးတီးတို့ အဝေးကွင်းမှာ ရလဒ်ကောင်း တစ်ခု ရှာတွေ့သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘရန့်ဖို့ဒ် ကတော့ ဒီရာသီ ပရီးမီးယားလိဂ် ၆ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၃ ပွဲ ရှုံးပြီး ရမှတ် ၇ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရှိနေပါတယ်။ ရာသီအစကတည်းက ရလဒ်တွေ တောက်လျောက် မတည်ငြိမ် ဖြစ်နေတဲ့ ဘရန့်ဖို့ဒ်က ပြီးခဲ့တဲ့ ပွဲမှာတော့ တိုက်စစ် ခြေစွမ်းပြပြီး ယူနိုက်တက်ကို သူတို့ရဲ့ အိမ်ကွင်းမှာ ၃-၁ ရလဒ်နဲ့ အနိုင်ယူပြထားပါတယ်။ ဒါပေမယ့် ဘရန့်ဖို့ဒ် အခုတွေ့ရမှာက မန်ချက်စတာ ပေမယ့် ရုန်းကန်နေရတဲ့ အနီရောင်တွေ မဟုတ်ပဲ ခြေစွမ်း ပြန်လည် တည်ငြိမ်လာတဲ့ မိုးပြာရောင်တွေ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ရာသီက သူတို့ရဲ့ အိမ်ကွင်းမှာ မန်စီးတီးကို သရေ ကစားထားပြီး ဒီနှစ်မှာရော ဘယ်လောက်အထိ ဒုက္ခပေးနိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။
မန်စီးတီး ကတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် မရှုံးထားပဲ ပရီးမီယားလိဂ် မှာတော့ နောက်ဆုံး ၃ ပွဲမှာ ၂ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပါတယ်။ နောက်ဆုံး ပွဲမှာ ဘန်လေကို ၅-၁ နဲ့ အနိုင်ယူထားပြီး မန်စီးတီးရဲ့ တိုက်စစ်က ဒီရာသီ ပရီးမီးယားလိဂ်မှာ အထက်မြတ်ဆုံး ဖြစ်နေပါတယ်။ မန်စီးတီးဟာ ၆ ပွဲမှာ သွင်းဂိုး ၁၄ ဂိုး အထိ ရရှိထားပေမယ့် ပေးဂိုး ကတော့ ၆ ဂိုး ရှိထားပါတယ်။ ကြားရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် မှာတော့ မန်စီးတီးက မိုနာကိုနဲ့ သရေကျခဲ့ပေမယ့် နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ သူ့ အသင်းက တစ်ပွဲထက် တစ်ပွဲ တိုးတက်လာနေတယ်လို့ ဆိုထားပါတယ်။ မန်စီးတီး အနေနဲ့ ဇယား ထိပ်ပိုင်းကို ပြန်လည် တက်လှမ်းနိုင်ဖို့ ဆိုရင်တော့ ခြေချော်လို့ မရတဲ့ အခြေအနေ ဖြစ်ပါတယ်။ အတောင့်တင်းဆုံး လူစာရင်းနဲ့ သေချာပေါက် အာရုံစိုက်လာဖို့ ရှိနေပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ ဘရန့်ဖို့ဒ် ဘက်က ဂူစတာဗို ဂိုးမက်စ် တစ်ဦးတည်း ပါဝင်ကစားဖို့ မသေချာသေးဘူးလို့ သိရပါတယ်။
မန်စီးတီး ဘက်မှာတော့ ကူဆာနော့ဗ်၊ အစ်နျူရီ၊ ချာကီ တို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း

ဘရန့်ဖိုဒ် – ခယ်လာဟာ၊ ကာယိုဒီ၊ ကောလင်းန်၊ ဗန်ဒန်ဘက်ဂျ်၊ ဟစ်ကီ၊ ဟန်ဒါဆန်၊ ယာမိုလက်ခ်၊ အော့တာရာ၊ ဒမ်းစ်ဂတ်၊ ချာဒီ၊ သီယာဂို
မန်ချက်စတာစီးတီး – ဒွန်နာရမ်းမား၊ နူနက်စ်၊ စတုန်းစ်၊ ဂဗာဒီယိုလ်၊ အိုရွိုင်လီ၊ ဂွန်ဇာလက်ဇ်၊ ဆာဗင်ညို၊ ဖိုဒန်၊ ရိုင်ဒါစ်၊ ဒိုကု၊ ဟာလန်း
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၈ ကြိမ် တွေ့ဆုံထားရာမှာ ဘရန့်ဖို့ဒ်က ၂ ကြိမ်နိုင်၊ ၁ ကြိမ် သရေ၊ မန်စီးတီးက ၅ ကြိမ် နိုင်ထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် မှာတော့ မန်စီးတီးက ၃ ကြိမ်နိုင်၊ ၁ ကြိမ် သရေကျပြီး ဘရန့်ဖို့ဒ်က ၁ ကြိမ် နိုင်ထားပါတယ်။ ဘရန့်ဖို့ဒ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၄ ပွဲမှာလည်း မန်စီးတီးက ၃ ကြိမ် နိုင်ပြီး ၁ ကြိမ် ရှုံးထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘရန့်ဖိုဒ် နိုင်ရင် ၄.၃၅ ဆ၊ မန်ချက်စတာစီးတီး နိုင်ရင်တော့ ၁.၆၄ ဆ၊ သရေ ဆိုရင်တော့ ၃.၈၃ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ မန်စီးတီးက သရေရှုံး၊ တစ်လုံး တစ်ဝက်စားနဲ့ တစ်လုံး သရေလောက်အထိ ပေါက်နေပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ ဘရန့်ဖို့ဒ်က ဒီရာသီမှာ အနည်းငယ် ရုန်းကန်နေရပေမယ့် ပြီးခဲ့တဲ့ပွဲမှာ ယူနိုက်တက်ကို အနိုင်ယူပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာက အမြင့်ဆုံးကို ရောက်နေပါလိမ့်မယ်။ ဒီအခြေအနေက မန်စီးတီးကို ခက်ခဲစေဖို့ ရှိပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဖို့ ရှိပြီး မန်စီးတီးတို့ ခက်ခက်ခဲခဲနဲ့ ကပ်နိုင်သွားဖို့ များပါတယ်။
ခန့်မှန်းရလဒ်
ဘရန့်ဖိုဒ် ၁-၂ မန်ချက်စတာစီးတီး
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.