အခုတစ်ခါမှာလည်း နွေရာသီ အပြောင်းအရွှေ့ မတိုင်ခင် ထွက်ပေါ်နေတဲ့ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ အလှုပ်အခတ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
GIVEMESPORT ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးဟာ ဖလော်ရီယန် ဝစ်ဇ်ရဲ့ အပြောင်းအရွှေ့ထဲ ကနေ နှုတ်ထွက်သွားခဲပြီ ဖြစ်ပါတယ်။ ဒါကြောင့် စီးတီးက နော့တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ မော်ဂန် ဂစ်ဘ်ဝှိုက်ကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ လေဗာကူဆင်က သူတို့ရဲ့ ကွင်းလယ်လူ အတွက် ပြောင်းရွှေ့ကြေး စုစုပေါင်း အနေနဲ့ ယူရိုသန်း ၃၀၀ (ပေါင် ၂၅၂.၄ သန်း) လိုချင်နေတာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ ဘာစီလိုနာ နောက်ခံလူ ရော်နယ် အာရူဟိုကို လာမယ့် နွေရာသီ အတွက် ခေါ်ယူမှု အဖြစ် ရှုမြင်ထားကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ သရဲနီတွေ အနေနဲ့ ယူရိုပါလိဂ် ဖလားသာ ရခဲ့မယ် ဆိုရင် ယူရို သန်း ၆၀ (ပေါင် ၅၀.၅ သန်း) နဲ့ အာရူဟိုကို ကမ်းလှမ်းမှု ပြုလုပ်ဖွယ် ရှိနေပေမယ့် မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ တိုက်ရိုက် အလဲအလှယ် လုပ်ဖို့ ကိုသာ ပိုမို စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ဘရန့်ဖို့ဒ် တိုက်စစ်မှူး အမ်ဘူမိုကို နောက်ထပ် စိတ်ဝင်စားနေတဲ့ အသင်းက ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ဖြစ်ကြောင်း GIVEMESPORT က ဖော်ပြခဲ့ပါတယ်။ ဒီသတင်းဌာနရဲ့ ဆက်လက် ဖော်ပြချက်အရ ဂန်းနားတွေဟာ မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ်နဲ့ နော့တင်ဟမ်ဖောရက်စ် တို့ကို အနိုင်ယူပြီး ပေါင်သန်း ၆၀ (ဒေါ်လာ ၈၀.၁ သန်း) နဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
GOAL Brasil ကတော့ ချဲလ်ဆီးဟာ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ရိုဒရီဂိုကို ဒီနွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဆက်သွယ်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ဆန်တီယာဂို ဘာနေဗျူးမှာ အနာဂတ် မငြိမ်မသက် ဖြစ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့ ရိုဒရီဂိုကို ခေါ်ယူနိုင်ဖို့ ထူးခြားတဲ့ အခွင့်အရေး တစ်ခု ရှိနိုင်တယ်ကြောင်း ချဲလ်ဆီး က ယူဆနေတယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ The i Paper ရဲ့ ဖော်ပြချက်အရ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့ဟာ နယူးကာဆယ် တောင်ပံကစားသမား အန်တိုနီ ဂေါ်ဒွန်ကို စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။ ငှက်ကြားတွေ ကတော့ ဂေါ်ဒွန်ကို အလျင်စလို ရောင်းထုတ်လိုခြင်း မရှိသလို ကစားသမား ကိုယ်တိုင် ကလည်း ထွက်ခွာဖို့ စိတ်အားထက်သန်နေခြင်း ရှိမနေကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
လစ်ဗာပူးလ် ကတော့ ခရစ္စတယ်ပဲလေ့စ် ကွင်းလယ်လူ အီဘာရီချီ အီးဇီးကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း CaughtOffside က ဖော်ပြခဲ့သည်။ ဒီကစားသမားကို နော့တင်ဟမ်ဖောရက်စ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကလည်း ပေါင် သန်း ၇၀ နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
The Sun ရဲ့ ဖော်ပြချက်အရ လစ်ဗာပူးလ် ကနေ ထွက်ခွာဖို့ များနေတဲ့ ဂိုးသမား ကာအိုမင် ခယ်လာဟာကို အက်စတွန်ဗီလာက စိတ်ဝင်စားနေကြောင်း သိရပါတယ်။
မန်ချက်စတာစီးတီး ကတော့ ဘုန်းမောက် ဘယ်နောက်ခံလူ မီလော့စ် ကာကက်ဇ်ကို ခေါ်ယူဖို့ အတွက် လစ်ဗာပူးလ်နဲ့ ယှဉ်ပြိုင်ရန် အဆင်သင့် ဖြစ်နေကြောင်း The i Paper က ဖော်ပြခဲ့ပါတယ်။ ဟန်ဂေရီ လက်ရွေးစင်ကို ခေါ်ယူဖို့ အတွက် ပေါင် ၄၅ သန်း (ဒေါ်လာ ၆၀.၁ သန်း) ကုန်ကျမှာလည်း ဖြစ်ပါတယ်။
TEAMtalk ရဲ့ ဖော်ပြချက်အရ နယူးကာဆယ်က အဲလ်အာလီ ကွင်းလယ် ကစားသမား ဂါဘရီ ဗိုင်ဂါကို စိတ်ဝင်စားမှု မြင့်တက်လာကြောင်း သိရပါတယ်။ ဒီကစားသမားရဲ့ စွမ်းဆောင်ရည်တွေ ကိုတော့ နော့တင်ဟမ်ဖောရက်စ်နဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် တို့ကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ဝုဗ် တိုက်စစ်မှူး မားသီးယက်စ် ကူညာကို ခေါ်ယူဖို့ နီးစပ်နေတဲ့ မန်ချက်စတာယူနိုက်တက် ကတော့ နောက်ထပ် တိုက်စစ် ကစားသမား တစ်ဦး အလိုရှိနေဆဲ ဖြစ်ပါတယ်။ Le Progrès ကတော့ လိုင်ယွန်ရဲ့ ရေယန် ချာကီက သရဲနီတွေ အတွက် ဦးစားပေး ပစ်မှတ် ဖြစ်နေကြောင်း ဖော်ပြခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.