နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒမ်းဖရီးစ်ကို စိတ်ဝင်စားနေတဲ့ မန်စီးတီး၊ ကူဒု့စ် အတွက် စပါးရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ ဝက်စ်ဟမ်း | ပရီးမီးယားလိဂ်

ဇူလိုင်လ ၄ ရက်နေ့ အတွက် နောက်ထပ် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် မန်ချက်စတာစီးတီး ကတော့ အင်တာမီလန် နောက်ခံလူ ဒန်ဇဲလ် ဒမ်းဖရီးစ်ကို စိတ်ဝင်စားနေကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ နယ်သာလန် ညာနောက်ခံလူဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ စီးရီးအေ ကလပ် ကနေ ထွက်ခွာဖို့ စိတ်ဝင်စားနေပြီး သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေး ကတော့ ယူရို ၂၅ သန်း ရှိနေပါတယ်။

ဇာဘီ အလွန်ဆို ကတော့ ဒီနွေရာသီမှာ ရိုဒရီဂိုကို ခေါ်ယူဖို့ ရောင်းထုတ်ဖို့ ဆန္ဒရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်က ရိုဒရီဂိုကို ယူရို သန်း ၈၀ ဝန်းကျင်နဲ့ ကမ်းလှမ်းမှုတွေ ရှိလာရင် လက်ခံ စဉ်းစားပေးဖို့ ရှိနေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း တချို့သော သတင်းတွေ မှာတော့ စပိန် ထိပ်သီး ကလပ်ဟာ ယူရို သန်း ၁၀၀ တောင်းဆိုဖွယ် ရှိနေကြောင်း ဖော်ပြထားပါတယ်။ 

ဖရန့်ဖတ် တိုက်စစ်မှူး ဟူဂို အစ်ကီတီကီ ကတော့ လစ်ဗာပူးရဲ့ ဦးစားပေး ဖြစ်ကြောင်း CaughtOffside က ဖော်ပြပါတယ်။ လစ်ဗာပူးလ်ဟာ ဗစ်တာ အိုဆင်မ်ဟန်နဲ့ အလက်ဇန္တား အိဆက်ခ် တို့ထက် ပြင်သစ်သားကို ပိုမို အလိုရှိနေတယ်လို့ သိရပါတယ်။ 

ဘရန့်ဖို့ဒ် တိုက်စစ်မှူးဟောင်း အိုင်ဗန် တိုနေး ကတော့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ Football Insider က ဖော်ပြခဲ့ပါတယ်။ အိုင်ဗန် တိုနေးဟာ ဆော်ဒီပရိုလိဂ်မှာ မပျော်မရွှင် ဖြစ်နေပြီးတော့ ဥရောပကို ပြန်လာချင်နေကြောင်း သိရပါတယ်။

နာပိုလီ ကတော့ လစ်ဗာပူးလ် တိုက်စစ်မှူး ဒါဝင် နူညက်ဇ်ရဲ့ အပြောင်းအရွှေ့ အတွက် အခုတစ်ပတ်မှာ ကစားသမားရဲ့ အေးဂျင့်နဲ့ ဆွေးနွေးမှုတွေ အရှိန်ဟုန်မြှင့် လုပ်ဆောင်နေကြောင်း Corriere dello Sport က ဖော်ပြခဲ့ပါတယ်။ 

အာဆင်နယ် ကတော့ ပီအက်စ်ဂျီ တိုက်စစ်မှူး ဘရက်ဒ်လီ ဘာကိုလာကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ Football Insider က ဖော်ပြခဲ့ပါတယ်။ ဒီပြင်သစ် တိုက်စစ်မှူး ကိုတော့ လစ်ဗာပူးလ် ကလည်း ချိတ်ဆင်နေကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးရဲ့ မိုဟာမက် ကူဒု့စ် အတွက် ပေါင်သန်း ၅၀နဲ့ ကမ်းလှမ်းမှုကို ဝက်စ်ဟမ်းယူနိုက်တက် ဘက်က ပယ်ချလိုက်ကြောင်း talkSPORT က ရေးသား ဖော်ပြခဲ့ပါတယ်။
ကူဒု့စ်ကို ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတဲ့ စပါး

TEAMtalk ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက် ကတော့ ကလပ် ဘရုဂေး ကွင်းလယ်လူ အာဒွန် ဂျာရှာရီကို အေစီမီလန်နဲ့ အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သတင်းတွေက ဖော်ပြပါတယ်။

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးရဲ့ မိုဟာမက် ကူဒု့စ် အတွက် ပေါင်သန်း ၅၀နဲ့ ကမ်းလှမ်းမှုကို ဝက်စ်ဟမ်းယူနိုက်တက် ဘက်က ပယ်ချလိုက်ကြောင်း talkSPORT က ရေးသား ဖော်ပြခဲ့ပါတယ်။ 

ရိုဒရီဂို ကတော့ ဒီနွေရာသီမှာ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားတော့ မဟုတ်ပါဘူး။ Fichajes ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီး ကလည်း ဒီနွေရာသီမှာ လူငယ် ကစားသမားလေး ဂွန်ဇာလို ဂါစီယာကို ယူရို သန်း ၄၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ဂျူဗင်တပ်စ်ရဲ့ ယူရို သန်း ၁၀၀တန် တိုက်စစ်မှူး ကီနန် ယီလ်ဒစ်ဇ် ကတော့ ဘာစီလိုနာထံ သူ့ကိုယ်သူ ကမ်းလှမ်းခဲ့ကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ ဒီတူရကီ တိုက်စစ်မှူးကို ယခင်က မန်ချက်စတာယူနိုက်တက် ကလည်း စိတ်ဝင်စားခဲ့ပါသေးတယ်။

အက်တလက်တီကိုမက်ဒရစ် ကတော့ ဖူလ်ဟမ်က အဲလက်စ် အီဝိုဘီ အတွက် ပေါင် ၂၁.၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရကြောင်း Africa Foot က ဖော်ပြခဲ့ပါတယ်။ယန်း ဆွမ်မား ကတော့ ဂါလာတာဆာရေးကို ပြောင်းရွှေ့ဖို့ အလားအလာ များနေတာကြောင့် အင်တာမီလန် အနေနဲ့ ဂိုးသမားသစ် တစ်ဦးကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ El Nacional ရဲ့ ဖော်ပြချက်အရ အင်တာမီလန်ဟ မာ့ခ် အန်ဒရီ တာစတီဂန် ကိုလည်း ပစ်မှတ် စာရင်းမှာ ထည့်သွင်းထားကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်