လစ်ဗာပူးလ် တောင်ပံ တိုက်စစ် ကစားသမား လူးဝစ္စ ဒီးယက်ဇ် ကတော့ ဒီနွေရာသီမှာ အသင်း ပြောင်းရွှေ့ဖွယ် ရှိနေသူ ဖြစ်ပါတယ်။ လက်ရှိ မှာလည်း ဒီးယက်ဇ်က သူ့အတွက် ကမ်းလှမ်းမှုတွေကို သူ့ရဲ့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ တိုင်ပင်ပြီး အကဲဖြတ်နေကြောင်း ဖွင့်ဟထားခဲ့ပါတယ်။
အသက် ၂၈ နှစ် အရွယ် ကိုလံဘီယာ လက်ရွေးစင် တိုက်စစ် ကစားသမားက ပရီးမီးယားလိဂ် ကလပ်နဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပါတယ်။ ဒီအချိန်မှာ လူးဝစ္စ ဒီးယက်ဇ်ကို ဘေယန်မြူးနစ်နဲ့ ဘာစီလိုနာလို ဥရောပ ထိပ်တန်း ကလပ်တွေက ခေါ်ယူချင်နေပြီး ဒီနွေရာသီမှာ လစ်ဗာပူးလ် ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ကြီးနေသူ ဖြစ်ပါတယ်။
သတင်းတွေအရ ဆိုရင်တော့ ဒီးယက်ဇ်ကို ခေါ်ယူဖို့ အတွက် ဘာစီလိုနာနဲ့ ဘေယန်မြူးနစ် အပြင် ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ ကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အစောပိုင်း ရက်တွေမှာ လစ်ဗာပူးလ်က ဒီးယက်ဇ် အတွက် ဘာစီလိုနာနဲ့ ဘေယန်မြူးနစ် တို့ရဲ့ ချဉ်းကပ်မှုတွေကို ပယ်ချခဲ့ကြောင်း သတင်းတွေ ထွက်နေပေမဲ့ လက်ရှိမှာတော့ ကစားသမားက သူ့ အတွက် ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားနေကြောင်း ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

လူးဝစ္စ ဒီးယက်ဇ်က ကိုလံဘီယာ Influencer မော်ရူစီယို ဒီးယက်ဇ်နဲ့ အင်တာဗျူးမှာ အခုလို ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ ညှိနှိင်းနေပါတယ်။ အသင်း အတွက်ရော ကျွန်တော့် အတွက်ပါ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။ ကျွန်တော်တို့ အတွက် အကောင်းဆုံး ဖြစ်ဖို့နဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်ချနိုင်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကမ်းလှမ်းထားတဲ့ ကလပ်တွေနဲ့ ဆွေးနွေးနေသလို လစ်ဗာပူးလ်နဲ့လည်း ဆွေးနွေးနေပါတယ်။ ကျွန်တော်တို့ အတွက် အကောင်းဆုံး ဖြစ်မယ့် ဆုံးဖြတ်ချက်ကို ချမှတ်သွားမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာရဲ့ အထူး စိတ်ဝင်စားခြင်း ခံနေရမှု အပေါ် မှတော့ ဒီးယက်ဇ်က “ကျွန်တော် တို့ဟာ ကလပ် အသင်း၊ လစ်ဗာပူးလ်နဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ ဆီကို ချဉ်းကပ်လာတဲ့ အသင်းတိုင်းနဲ့လည်း ဆွေးနွေးနေပါတယ်။ ဒါပေမယ့် ကျွန်တော်က အားလုံး သိတဲ့ အတိုင်း ရောက်တဲ့ နေရာတိုင်းမှာ အေးအေးဆေးဆေး နေတတ်သူပါ။ အရမ်းလည်း ပျော်တတ်သူပါ။
အခု အကောင်းဆုံး ဆုံးဖြတ်ချက်ချဖို့ ကြိုးစားနေပါတယ်။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။ လူးဝစ္စ ဒီးယက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ ပေါ်တို ကနေ လစ်ဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ၄ ရာသီ အတွင်း ၁၄၈ ပွဲ ကစားကာ ၄၁ ဂိုး သွင်းယူထားပါတယ်။ သူဟာ ၂၀၂၄-၂၀၂၅ ရာသီက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ လစ်ဗာပူးလ် အတွက် အဓိက ကစားသမား အဖြစ် ခြေစွမ်းပြခဲ့ပြီးတော့ အသင်း အတွက် ပြိုင်ပွဲစုံ ပွဲ ၅၀ ကစား၊ ၁၇ ဂိုး သွင်းကာ ၅ ဂိုးဖန်တီးပေးခဲ့ပါတယ်။ ဒါ့အပြင် ဒီးယက်ဇ်ဟာ ဂျူန် ပါဘလို အိန်ဂျယ်၊ ဟာမီလန်တန် ရစ်ချက်ဒ်၊ ဟူဂို ရိုဒယ်လီဂါတို့ ပြီးရင် ပရီးမီးယားလိဂ်မှာ ဂိုး အများဆုံး သွင်းထားထားတဲ့ ကိုလံဘီယာ ကစားသမား အဖြစ်လည်း ရပ်တည်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.