နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အသင်း ကနေ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုသွားမယ့် လူးဝစ္စ ဒီးယက်ဇ်၊ ထရော့ဆက်ဒ် အတွက် ကမ်းလှမ်းမှု ရရှိထားတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ဇူလိုင်လ ၈ ရက်နေ့ အတွက် နောက်ထပ် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ် ကတော့ ဒဏ်ရာရသွားတဲ့ ဂျမဲလ် မူဆီအာလာ နေရာမှာ အစားထိုးဖို့ လစ်ဗာပူးလ် တိုက်စစ်မှူး လူးဝစ္စ ဒီးယက်ဇ်ကို ထိပ်တန်း အပြောင်းအရွှေ့ ပစ်မှတ် အဖြစ် သတ်မှတ်လိုက်ကြောင်း BILD က ဖော်ပြခဲ့သည်။ ဘာစီလိုနာရဲ့ ပစ်မှတ်လည်း ဖြစ်နေတဲ့ ကိုလံဘီယာ လက်ရွေးစင် ကစားသမား ကတော့ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ် ဘက်က သူတို့ရဲ့ ကစားသမား ကိုတော့ ဘယ်လိုနည်းနဲ့မှ ရောင်းထုတ်သွားမှာ မဟုတ်ကြောင်း ပြောကြားထားပါတယ်။ တစ်ဖက် မှာလည်း ဒီးယက်ဇ်က ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် ကနေ ထွက်ခွာဖို့ တောင်းဆိုရန် ပြင်ဆင်နေကြောင်း Mundo Deportivo က ထပ်လောင်း ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ဗလင်စီယာ ကွင်းလယ်လူ ဂျာဗီ ဂွာရဲရားကို ခေါ်ယူဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း ဒန်နီရယ် လွန်ဂိုက ဖော်ပြလိုက်ပါတယ်။ ဒီကွင်းလယ် ကစားသမား ကတော့ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၁၀၀ (ပေါင် ၈၆.၃ သန်း) ရှိနေပေမယ့် တချို့ သတင်းတွေ မှာတော့ သူ့အနေနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ထက် ဗလင်စီယာနဲ့ စာချုပ်သစ် ချုပ်ဆိုလိုနေကြောင်း သိရပါတယ်။

ဘယ်လ်ဂျီယံ လက်ရွေးစင် ကစားသမား ကတော့ ပရီးမီးယားလိဂ်မှာ ဆက်နေချင်ပေမယ့် အန်ဒရီယာ ဘာတာ ကတော့ ရှင်းထုတ်ချင်နေကြောင်း သိရပါတယ်။
အာဆင်နယ်မှာ ဆက်နေလိုတဲ့ လီအန်ဒရို ထရော့ဆက်ဒ်

ဂျူဗင်တပ်စ် ကတော့ တောင်ပံ ကစားသမား ဂျေဒန် ဆန်ချို အတွက် မန်ချက်စတာယူနိုက်တက်နဲ့ ညှိနှိုင်းမှုတွေ အဆင်မပြေသေးကြောင်း သိရပါတယ်။ နှစ်သင်း အကြား ပြောင်းရွှေ့ကြေးက ၅ သန်း ကွာဟနေတာကြောင့် ညှိနှိုင်းနေရဆဲ ဖြစ်ကြောင်း Corriere dello Sport က ဖော်ပြသည်။ ကလပ် နှစ်ခု စလုံး ကတော့ ဒီအပြောင်းအရွှေ့ကို အခုတစ်ပတ် အတွင်း သဘောတူညီမှု ရရှိမယ်လို့ ယုံကြည်နေကြပါတယ်။

အာဆင်နယ် ကတော့ တောင်ပံကစားသမား လီအန်ဒရို ထရော့ဆက်ဒ် အတွက် တူရကီ ကလပ် ဖီနာဘာချီရဲ့ ယူရို ၁၅ သန်း (ပေါင် ၁၃ သန်း) နဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိထားကြောင်း The Turkish Post က ဖော်ပြခဲ့ပါတယ်။ ဘယ်လ်ဂျီယံ လက်ရွေးစင် ကစားသမား ကတော့ ပရီးမီးယားလိဂ်မှာ ဆက်နေချင်ပေမယ့် အန်ဒရီယာ ဘာတာ ကတော့ ရှင်းထုတ်ချင်နေကြောင်း သိရပါတယ်။

ချဲလ်ဆီး ကတော့ အသက် ၁၅ နှစ် အရွယ် အာဆင်နယ် ကွင်းလယ်လူ မက်စ် ဒိုးမန်းကို တောင်ပံ ကစားသမား နိုနီ မာဒူခေးနဲ့ လဲလှယ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် Hand of Arsenal ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီး ဘက်က ခပ်မြန်မြန်ပဲ နောက်ပြန်ဆုတ်သွားခဲ့ကြောင်း သိရပါတယ်။

ဒါပေမယ့်လည်း အိုရာဇီယို အကော့မန်ဒိုရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ ကွင်းလယ် ကစားသမားလေး အီသန် နွမ်နရီ ကိုတော့ မာဒူခေးရဲ့ အပြောင်းအရွှေ့ အတွက် နောက်ထပ် ယူရို ၁၀ သန်း (ပေါင် ၈.၆ သန်း) အလိုက်ပေး လဲလှယ်ဖို့ စီစဉ်နေကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း တော်တော်လေးမှ မဖြစ်နိုင်တဲ့ သတင်း အဖြစ် ရှုမြင်နေကြပါတယ်။

CaughtOffsideရဲ့ ဖော်ပြချက်အရ မန်ချက်စတာစီးတီး တောင်ပံ ကစားသမား ဂျက် ဂရီးလစ်ရှ် ကိုတော့ ကမ္ဘာ့လစာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်လာစေဖို့ ဆော်ဒီပရိုလိဂ် ကလပ် အများအပြားက ခေါ်ယူချင်နေကြကြောင်း သိရပါတယ်။ အင်္ဂလန်သား ကိုတော့ အက်စတွန်ဗီလာ၊ အဲဗာတန်၊ နယူးကာဆယ်၊ နော့တင်ဟမ်ဖောရက်စ်နဲ့ တော့တင်ဟမ်ဟော့စပါး အပါအဝင် ပရီးမီးယားလိဂ် ထိပ်တန်း ကလပ် တော်တော်များများက ခေါ်ယူဖို့ စိတ်အားထက်သန်နေကြပါတယ်။ဝက်စ်ဟမ်း ကတော့ စွယ်စုံရ နောက်ခံလူ အဲလ်ဟက်ဂျီ မာလစ်ခ် ဒီယော့ဖ်ရဲ့ အပြောင်းအရွှေ့ အတွက် ဆလားဗီယား ပရက်ဂ်နဲ့ ဆွေးနွေးနေဆဲ ဖြစ်ကြောင်း ExWHUEmployee က ဖော်ပြပါတယ်။ ချက် ကလပ် ဘက်ကတော့ ကစားသမားရဲ့ အပြောင်းအရွှေ့ အတွက် လေ့ကျင့်ရေး အစီအစဉ် ကနေ ဖယ်ထုတ်လိုက်ပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်