နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ မဖြစ်နိုင်သလောက် ရှိလာတဲ့ လစ်ဗာပူးလ်

ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ လစ်ဗာပူးလ်နဲ့ ဆန်းဒါးလန်းတို့ သရေ တစ်မှတ်စီ ခွဲယူခဲ့ကြပါတယ်။ လစ်ဗာပူးလ် အနေနဲ့ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ပြန်လည် ပျောက်ဆုံးခဲ့ပေမယ့် တစ်ဖက်က ဆန်းဒါးလန်း ကတော့ အသင်းကြီးတွေနဲ့ တွေ့တိုင်း ဒုက္ခပေးနိုင်တဲ့ ပုံစံကောင်း တစ်ခုကို ဆက်ထိန်းပြသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ လစ်ဗာပူးလ်က အလီဆွန်၊ ဗန်ဒိုက်ခ်၊ ကိုနာတေး၊ ရော်ဘတ်ဆန်၊ ဂိုးမက်ဇ်၊ မက် အယ်လစ္စတာ၊ ဂရာဗန်ဘက်ချ်၊ ဂက်ခ်ပို၊ ဝစ်ဇ်၊ ဆဘို့ဇ်လိုင်း၊ အိဆက်ခ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဆန်းဒါးလန်း ဘက်မှာလည်း ရိုအက်ဖ်၊ ဘဲလ်လက်ဒ်၊ အဲလ်ဒါရက်တေ၊ မူကီလီ၊ ရိန်နီလ်ဒို၊ ချာကာ၊ ဆာဒီကီ၊ ဟူမီ၊ တဲလ်ဘီ၊ လီဖီး၊ ဘရော့ဘီ တို့ ပွဲထွက်ကစားခဲ့ကြပါတယ်။

လစ်ဗာပူးလ်ဟာ တစ်ပွဲလုံး ဆန်းဒါးလန်း ဘက်ကို ဖိအားပေး ကစားနိုင်ခဲ့ပြီးတော့ ဘောလုံး ပိုင်ဆိုင်မှု ၆၈ ရာခိုင်နှုန်း၊ ဂိုးပေါက် ကန်ချက် ၂၃ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဆန်းဒါးလန်း ကတော့ ပွဲအစပိုင်း မိနစ် အနည်းငယ်မှာသာ လစ်ဗာပူးလ်ကို အသာရခဲ့ပြီးတော့ ခံစစ်ကို အားပြုရင်း တန်ပြန် တိုက်စစ်နဲ့သာ ကစားသွားခဲ့ရပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ်ဟာ ဂိုးပေါက် ကန်ချက် ၂၃ ကြိမ် ရှိခဲ့ပေမယ့် ဂိုးပေါက် တည့်မှု ၄ ကြိမ်သာ ရှိခဲ့ပြီး ဆန်းဒါးလန်း ကတော့ ဂိုးပေါက် ကန်ချက် ၉ ကြိမ် ကနေ ဂိုးပေါက် တည့်မှု ၆ ကြိမ် ရှိခဲ့ပါတယ်။

တစ်ဖက်မှာ ဆန်းဒါးလန်း ကလည်း ပရီးမီးယားလိဂ် ၂ ပွဲဆက် မရှုံးအောင် ကစားထားနိုင်ပြီး အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရှိနေပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေတဲ့ လစ်ဗာပူးလ်

နောက်ပြီး လစ်ဗာပူးလ်က ဘောလုံးကိုင်ထားနိုင်သည့် တိုင်အောင် ဦးဆောင်ဂိုး ကတော့ ဆန်းဒါးလန်း ဘက်က စတင်ရရှိခဲ့တာပါ။ ကြောင်နက်တွေ အတွက် ဦးဆောင်ဂိုး ကိုတော့ တဲလ်ဘီက ဧရိယာပြင်ပ ကနေ အဝေးကန်ချက်နဲ့ လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် အတွက် ချေပဂိုး ကိုတော့ ဖလော်ရီယန် ဝစ်ဇ်က ဆန်းဒါးလန်း နောက်ခံလူတွေကို လိမ်ခေါက်ကာ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျာမန်သားရဲ့ ကန်ချက်က ကောင်းမွန်ခဲ့ပေမယ့် ဆန်းဒါးလန်း နောက်ခံလူ မူကီလီနဲ့ ထိကာ လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့လို့ သူ့ အတွက် လစ်ဗာပူးလ် ကစားသမား ဘဝ ပထမဦးဆုံး သွင်းဂိုး ရနိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။ ဒါကြောင့် ဝစ်ဇ်က ဒီရာသီမှာ လစ်ဗာပူးလ် အတွက် ပြိုင်ပွဲစုံ ၁၇ ပွဲ ကစားထားပြီးပေမယ့် သွင်းဂိုး လုံးဝ မရသေးပဲ ဂိုးဖန်တီးမှု ၃ ကြိမ်သာ ရှိထားသေးတာ ဖြစ်ပါတယ်။

ဒီပွဲ ရလဒ်ကြောင့် လစ်ဗာပူးလ် ကတော့ ဇယား ထိပ်က အာဆင်နယ်နဲ့ ၁၁ မှတ် အထိ ပြတ်သွားပြီး ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ မဖြစ်နိုင်သလောက် ရှိသွားခဲ့ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်က အမှတ်ပေးဇယား အဆင့် ၈ နေရာကို ရောက်ရှိနေပြီး ဒီကနေ့ည ပွဲစဉ်မှာသာ ယူနိုက်တက် နိုင်ပွဲရခဲ့ရင်တော့ သရဲနီတွေရဲ့ ပြန်လည် ကျော်တက်ခြင်းကို ခံရတော့မှာပါ။ တစ်ဖက်မှာ ဆန်းဒါးလန်း ကလည်း ပရီးမီးယားလိဂ် ၂ ပွဲဆက် မရှုံးအောင် ကစားထားနိုင်ပြီး အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရှိနေပါတယ်။

လာမယ့် ပွဲစဉ်တွေ အဖြစ် လစ်ဗာပူးလ်က လိဒ်စ်ယူနိုက်တက်ကို အယ်လန်ရုတ်ဒ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး ဆန်းဒါးလန်း ကလည်း မန်စီးတီးကို အက်တီဟတ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်