နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လစ်ဗာဗူးလ် အတွက် ပွဲဦးထွက်မှာ ACL ဒဏ်ရာဆိုး ရရှိခဲ့လို့ ၁ နှစ်နီးပါး အနားယူရတော့မယ် လီယွန်နီ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ရဲ့ လူငယ် နောက်ခံလူ ဂျီယိုဗန်နီ လီယွန်နီ ကတော့ ဒူးအရွတ်စုတ်ပြဲ (ACL) ဒဏ်ရာဆိုးကြီးကြောင့် တစ်နှစ်နီးပါး အနားယူရတော့မှာ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်ပြီးတော့ လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ်က တရားဝင် အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အာနေး ဆလော့တ်က “သူ့ရဲ့ အခြေအနေက မကောင်းပါဘူး။ ဘာလို့လဲ ဆိုတော့ သူ့ရဲ့ ACL အရွတ် စုတ်သွားခဲ့တယ်။ ဒါက သူတစ်နှစ်လောက် အနားယူရတော့မယ် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒီလောက် ငယ်ရွယ်တဲ့ အချိန် နိုင်ငံအသစ်ကို ရောက်ရှိလာပြီး ကိုယ့်ရဲ့ ပထမဦးဆုံး ပွဲမှာ ခြေစွမ်းကောင်းတွေ ပြနေရင်းနဲ့ ဒီလိုမျိုး ဖြစ်သွားတာက တကယ့်ကို လက်ခံရခက်တဲ့ ကိစ္စပါ။ ဒါပေမယ့် သူ့မှာ အားကျစရာ ဥပမာတွေ ရှိပါတယ်။ ကျွန်တော်တို့ အသင်းမှာ ဆိုရင် ဗာဂျယ် (ဗန်ဒိုက်ခ်) နဲ့ ဂျိုး (ဂိုးမက်ဇ်) တို့လို ကစားသမားတွေ ဒီလိုမျိုး ဒဏ်ရာ ကနေ ပြန်ကောင်းလာခဲ့ဖူးပါတယ်။ ကျွန်တော် တို့ရဲ့ ကစားသမားတွေက သူ့ အပေါ်မှာ အများကြီး ဂရုဏာသက်နေကြပြီး သူ့ကို ဆက်ပြီး အားပေးနေမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ နွေရာသီကမှ ပါးမား ကနေ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့တဲ့ သူ့ အတွက်တော့ တကယ့်ကို ဆိုးရွားလွန်းတဲ့ သတင်း ဖြစ်ခဲ့မှာ သေချာပါတယ်။ အသက် ၁၈ နှစ် အရွယ်သာ ရှိသေးတဲ့ အီတလီ ကြယ်ပွင့်လေးက ဆောက်သမ်တန်နဲ့ ကစားခဲ့တဲ့ ခရာဘောင်ဖလား ပွဲစဉ်မှာ လစ်ဗာပူးလ် အတွက် ပထမဦးဆုံး ပွဲထွက်ကစားခွင့် ရရှိခဲ့ပြီး ညာခြင်း ဗဟိုခံစစ် နေရာမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲကစားချိန် ၈၁ မိနစ် အရောက် မှာတော့ ဒဏ်ရာ ရရှိသွားခဲ့ပြီး ကွင်းထဲ ကနေ ထမ်းစင်နဲ့ပါ ထွက်ခွာသွားခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို ထွက်ခွာသွားချိန်မှာ လီယွန်နီ အနေနဲ့ အလွန်အမင်း နာကျင် ခံစားနေရပုံပေါ်ပြီး စိတ်ထိခိုက်နေတာ ကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ တို့ဟာ အီတလီ ယူ ၁၉ လက်ရွေးစင် ကစားသမားလေးကို ပေါင် ၂၆ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ဗာဂျယ် ဗန်ဒိုက်ခ်ရဲ့ နေရာမှာ ဆက်ခံနိုင်မယ့်သူ အဖြစ် မျှော်လင့်ထားတာ ဖြစ်ပါတယ်။
ACL ဒဏ်ရာကြောင့် တစ်နှစ်နီးပါး အနားယူရတော့မယ့် လီယွန်နီ

လီယိုနီ ကိုယ်တိုင် ကလည်း သူ့ရဲ့ ဆိုရှယ်မီဒီယာ ကနေ တဆင့် “ဒီလို ခက်ခဲတဲ့ အချိန်မှာ ကျွန်တော့်ကို အားပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို စိတ်ရင်းနဲ့ ကျေးဇူးတင်ချင်ပါတယ်။ ဒါက ကျွန်တော် အမြဲတမ်း အိပ်မက်မက်ခဲ့တဲ့ ပွဲဦးထွက်မျိုးတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ဒီမှော်ဆန်တဲ့ ကွင်းကြီးထဲမှာ အမြန်ဆုံး ပြန်ကစားနိုင်ဖို့ အရာအားလုံးကို ပေးဆပ်သွားမှာပါ။” လို့ ရေးသား အသိပေးခဲ့ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ တို့ဟာ အီတလီ ယူ ၁၉ လက်ရွေးစင် ကစားသမားလေးကို ပေါင် ၂၆ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ဗာဂျယ် ဗန်ဒိုက်ခ်ရဲ့ နေရာမှာ ဆက်ခံနိုင်မယ့်သူ အဖြစ် မျှော်လင့်ထားတာ ဖြစ်ပါတယ်။ လက်ရှိမှာ လီယိုနီရဲ့ ဒဏ်ရာကြောင့် လစ်ဗာပူးလ်ရဲ့ ဗဟိုခံစစ် နေရာမှာ ဗန်ဒိုက်ခ်၊ ဂိုးမက်ဇ်နဲ့ ကိုနာတေးတို့ ၃ ဦးသာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ကလည်း လီယွန်နီ ဒဏ်ရာရအပြီးမှာ သူတို့ရဲ့ ချန်ပီယံလိဂ် လူစာရင်းကို အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး အစပိုင်းမှာ ချန်လှပ်ခံခဲ့ရတဲ့ အီတလီ တောင်ပံကစားသမား ဖက်ဒရစ်ကို ခီယေဇာကို လီယွန်နီရဲ့ နေရာမှာ အစားထိုး ထည့်သွင်းခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်