နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ်ရဲ့ ပစ်မှတ် ဆက်စ်ကို,ကို ဈေးလျှော့ပေးလိုက်တဲ့ လိုက်ပ်ဇစ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ ဒီနွေရာသီမှာ သူတို့ရဲ့ အဓိက ပစ်မှတ် ဖြစ်တဲ့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုကို ခေါ် ယူဖို့ အတွက် အခြေအနေ ပြန်ကောင်းလာကြောင်း သိရပါတယ်။ အဓိက က‌တော့ လိုက်ပ်ဇစ် ဘက်က သူတို့ရဲ့ ကစားသမား အတွက် ပြောင်းရွှေ့ကြေးကို လျှော့ချလိုက်တာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခု ဒီသတင်း ရေးသားနေတုန်းမှာတင်ပဲ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်က ဗစ်တာ ယိုကီးရက်စ်နဲ့ သတင်းတွေ ပြန်ထွက်လာပြန်ပါတယ်။ 

ဆက်စ်ကိုရဲ့ အပြောင်းအရွှေ့ နောက်ဆုံးရ အခြေအနေကို ပြောရမယ် ဆိုရင်တော့ လိုက်ပ်ဇစ်ဟာ သူတို့ရဲ့ ကစားသမား အတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို ယူရို ၇၅ သန်း ကနေ သန်း ၇၀ အထိ လျှော့ချသတ်မှတ်လိုက်တာကြောင့် ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ် ဘက်က သတ်မှတ်ထားတဲ့ ဈေးနဲ့ နီးစပ်လာပြီ ဖြစ်တာကြောင့် အာဆင်နယ်တို့ ဆက်စ်ကိုရဲ့ အပြောင်းအရွှေ့မှာ အခြေအနေကောင်းလာကြောင်း ဂျာမန် သတင်းစာ BILD က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ၃ ရာသီ ဆက်တိုက် ဒုတိယလူ အဖြစ်နဲ့သာ ကျေနပ်ခဲ့ရပြီးနောက် အာဆင်နယ်က နောက်ရာသီ အတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။ မီခဲလ် အာတေးတား အနေနဲ့လည်း သူ့ရဲ့ အသင်းကို ချန်ပီယံဆုနဲ့ နီးစပ်နိုင်စေဖို့ တိုက်စစ်ပိုင်းကို ကမ္ဘာ့အဆင့်မှီ ကစားသမား တစ်ဦးနဲ့ အင်အား ဖြည့်တင်းဖို လိုအပ်နေတယ် ဆိုတာ နားလည်ထားပါတယ်။ ဒါကြောင့် အာတေးတားဟာ အားကစား ဒါရိုက်တာ အန်ဒရီယာ ဘာတာကို ရာသီကြို ခြေစမ်းပွဲတွေ မစတင်ခင် ထိပ်တန်း တိုက်စစ်မှူး တစ်ဦး အရ ခေါ်ယူပေးဖို့ တောင်းဆိုထားပါတယ်။ ဘာတာ ကတော့ လက်ရှိမှာ ယိုကီးရက်စ်ရော၊ ဆက်စ်ကို ကိုပါ ခွချက်လုပ်ကာ ညှိနှိုင်းထားပြီး ဘယ်သူ့ကို ခေါ်ယူမလဲ ဆိုတာ ကိုတော့ အာဆင်နယ် ပရိသတ်တွေ စိတ်ရှည်ရှည် စောင့်ဆိုင်းရဖို့ ရှိပါတယ်။

နောက်ဆုံး ရရှိတဲ့ သတင်းတွေ မှာတော့ ဆက်စ်ကို ကိုယ်တိုင်က ဒီနွေရာသီမှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို စိတ်အား ထက်သန်နေပြီလို့ သိရပါတယ်။
ဆက်စ်ကို ကို အဓိက ဦးစားပေး ခေါ်ယူသွားမယ့် အာဆင်နယ်

ဂျာမန် နာမည်ကြီး သတင်းစာ Bild ရဲ့ ဖော်ပြချက် အရ လိုက်ပ်ဇစ် ဟာ သူတို့ရဲ့ မူလ တောင်းဆိုမှုတွေကို လျှော့ချလိုက်ပြီ ဖြစ်တာကြောင့် ဆက်စ်ကို အနေနဲ့ အမ်းမရိတ်စ်ဆီကို လမ်းကြောင်း ဖြောင့်လာပြီလို့ သိရပါတယ်။ လိုက်ပ်ဇစ်ဟာ အစောပိုင်းမှာ ဆက်စ်ကို အတွက် ယူရို သန်း ၈ဝ နဲ့ သန်း ၁၀၀ အကြား (ပေါင် ၆၈ သန်း ကနေ ၈၅ သန်းကြား) တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီဈေးနှုန်းဟာ အာဆင်နယ် မျှော်လင့်ထားတဲ့ ပမာဏ မဟုတ်တာကြောင့် ဂန်းနားတွေဟာ တခြားသော ရွေးချယ်စရာတွေကို ပြန်လည် စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ မှာတော့ ဆက်စ်ကိုရဲ့ အပြောင်းအရွှေ့ဟာ ယူရို သန်း ၇၀ (ပေါင် ၅၉.၇ သန်း) ဝန်းကျင်နဲ့ အထမြောက်သွားဖွယ် ရှိနေပါပြီ။ ဒါကြောင့် အာဆင်နယ်က ကစားသမားရဲ့ လုပ်ခလစာ အပိုင်းနဲ့ ပတ်သတ်လို့ပဲ ဆက်လက် ညှိနှိုင်းရတော့မှာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ် အရွယ် စလိုဗေးနီးယား တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီက လိုက်ပ်ဇစ် အတွက် ပြိုင်ပွဲစုံ ၄၅ ပွဲ ကစားကာ ၂၁ ဂိုး သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဆက်စ်ကိုက လိုက်ပ်ဇစ်နဲ့ ၂၀၂၉ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေသူလည်း ဖြစ်ပါတယ်။ နောက်ဆုံး ရရှိတဲ့ သတင်းတွေ မှာတော့ ဆက်စ်ကို ကိုယ်တိုင်က ဒီနွေရာသီမှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို စိတ်အား ထက်သန်နေပြီလို့ သိရပါတယ်။ ဒါပေမယ့်လည်း ဆက်စ်ကိုရဲ့ အေးဂျင့် ကတော့ သူ့ရဲ့ ကစားသမား အတွက် မတူညီတဲ့ ရှုထောင့် ကနေ စီစဉ်ပေးနေကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဆက်စ်ကို အသင်း ပြောင်းခွင့်ရဖို့ လိုက်ပစ်ဇ်ကို ဈေးလျှော့ပေးရေး ဖိအားပေးနေတယ် ဆိုတဲ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီးတော့လည်း ငြင်းဆန်သွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်