လိဒ်စ်ယူနိုက်တက် – ဘုန်းမောက်
ပရီးမီးယားလိဂ် ပွဲစဉ် ၆ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ဘုန်းမောက်က လိဒ်စ်ယူနိုက်တက်ကို အယ်လန်ရုတ်ဒ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ အပြန်အလှန် ရှိခဲ့တဲ့ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုက အခုတစ်ခါမှာရော ဘယ်လို ရလဒ် ထွက်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
တန်းတက် လိဒ်စ်ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ အပြီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပြီး ၇ မှတ် ရထားပါတယ်။ ဒန်နီရယ် ဖာကီရဲ့ အသင်းက အမှတ်ရသင့်တဲ့ ပွဲတွေမှာ ရအောင် ယူထားတာ တွေ့ရပြီး နောက်ဆုံး ပွဲမှာဆိုရင် ဝုဗ်ကို ဂိုးပြတ် အနိုင်ရထားပါတယ်။ ခြေစွမ်းပိုင်းအရတော့ တန်းတက် အသင်း ဖြစ်တာကြောင့် သိပ်ပြီး အားရစရာ မရှိပေမယ့် လိဒ်စ်ရဲ့ ထုံးစံအတိုင်း တိုက်စစ်ကိုပဲ အားပြု ကစားဖို့ ရှိပါတယ်။ ဒါကြောင့်လည်း လိဒ်စ်က ရဂိုးထက် ပေးဂိုးက ပိုများနေပြီး တစ်ပွဲ ပျမ်းမျှ ၁.၄၀ လောက် ပေးထားရပါတယ်။
အန်ဒိုနီ အိုင်ရာအိုလာရဲ့ ဘုန်းမောက် ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။ ဘုန်းမောက်က ယေဘုယျအားဖြင့်တော့ ရလဒ်တွေ ကောင်းမွန်နေတယ်လို့ ပြောလို့ ရပြီး အမှတ်ပေးဇယားမှာ အဆင့် ၄ နေရာအထိ ရောက်နေပါတယ်။ နောက်ပြီး သူတို့ ရှုံးထားတာ ကလည်း လက်ရှိ ချန်ပီယံ လစ်ဗာပူးလ် ဖြစ်နေပြီး စပါးလို အသင်း ကိုတောင် အဝေးကွင်းမှာ သွားရောက် အနိုင်ယူပြထားတာ အားရစရာပါ။ ဒါ့အပြင် ဘုန်းမောက်ရဲ့ အားသာချက်က ခံစစ်နဲ့ တိုက်စစ်ကို မျှတစွာ ကစားထားနိုင်တာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ

ဘုန်းမောက် ဘက်မှာတော့ ကွတ်ခ်၊ စမစ်၊ အူနဲလ်တို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
လိဒ်စ်ယူနိုက်တက် – ဒါလိုးဝ်၊ ဂျက်စတင်၊ ရွန်ဒွန်၊ စထရောက်ခ်၊ ဂတ်မန်ဆန်၊ စတက်ချ်၊ အမ်ပါဒူ၊ လောင်းစတက်ဖ်၊ အာရွန်ဆင်၊ ကဲလ်ဗတ်လီဝင်း၊ အိုကာဖော
ဘုန်းမောက် – ပီထရိုဗစ်၊ ဟင်မီနက်ဇ်၊ ဒီယာကိုက်၊ ဆီနက်ဆီ၊ ထရူးဖက်၊ အဒမ်စ်၊ စကော့တ်၊ ဆီမီညို၊ ကလွိုင်ဗက်၊ ဘရွတ်ခ်၊ အီဗန်နီလ်ဆင်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး ၆ ကြိမ် တွေ့ဆုံမှုမှာ လိဒ်စ်က ၄ ကြိမ် နိုင်ပြီး ဘုန်းမောက်က ၂ ကြိမ် အနိုင်ရခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၂ ကြိမ် မှာတော့ တစ်ကြိမ်စီ အနိုင်ရထားကြပါတယ်။ အယ်လန်ရုတ်ဒ်မှာ ကစားခဲ့တဲ့ ၃ ကြိမ် မှာတော့ လိဒ်စ်က ၃ ကြိမ်စလုံး အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ လိဒ်စ်ယူနိုက်တက် နိုင်ရင် ၂.၇၄ ဆ၊ ဘုန်းမောက် နိုင်ရင်တော့ ၂.၃၆ ဆ၊ သရေ ဆိုရင်တော့ ၃.၁၉ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးပေးထားပြီး ဂိုးပေါင်း ကတော့ ၂.၂၅၊ ၂.၅၀၊ ၂.၇၅ ကြေးတွေ ဖွင့်ပေးထားပါတယ်။ ဒီနှစ်သင်းက ထိပ်တိုက်တွေ့ဆုံမှု အရ သိပ်ပြီး မကွာကြပါဘူး။ လိဒ်စ် အိမ်ကွင်းမှာ ဆိုရင်တော့ ဘုန်းမောက်တို့ အနည်းငယ် ရုန်းကန်ရတတ်ပါတယ်။ ဒါပေမယ့်လည်း Form မိနေတဲ့ ဘုန်းမောက်ပဲ အနိုင်ရသွားဖို့ များနေပါတယ်။ ဂိုးပေါင်း အောက်လည်း ကြိုက်ပါတယ်။
ခန့်မှန်းရလဒ်
လိဒ်စ်ယူနိုက်တက် ၀-၁ ဘုန်းမောက်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.