နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြ ရာထူးကို ငြင်းပယ်ခဲ့ရခြင်း အကြောင်းရင်းကို ပြန်လည် ဖွင့်ဟလာတဲ့ ကလော့ပ် | ပရီးမီးယားလိဂ်

လစ်ဗာပူးလ်ရဲ့ ဂန္ထဝင် နည်းပြ ယာဂန် ကလော့ပ် ကတော့ သူ့အနေနဲ့ တချိန်က မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြ ရာထူးကို ဘာကြောင့် ပယ်ချခဲ့ရသလဲ ဆိုတာ ပြန်လည် ဖွင့်ဟလာခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဟာ ကလော့ပ်ကို ဆာအဲလက်စ် ဖာဂူဆန် အနားယူချိန်မှာ ကလော့ပ်နဲ့ အစားထိုးဖို့ စီစဉ်ခဲ့တာ ဖြစ်ပေမယ့် ဂျာမန်သားက ငြင်းဆန်ခဲ့ရတာ ဖြစ်ပါတယ်။

ယာဂန် ကလော့ပ်ဟာ ဗြိတိန်စွန့်ဦး တီထွင်သူ စတိဗ် ဘတ်လတ်ရဲ့ Diary of a CEO podcast အစီအစဉ်မှာ အခုလို ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ အသင်းကို နှစ်ပေါင်း များစွာ ကိုင်တွယ်ပြီး ဆုဖလား အောင်မြင်မှုတွေ တသီတတန်းကြိး ရယူပေးခဲ့တဲ့ ဂန္ထဝင် နည်းပြကြီဂ ဆာ အဲလက်စ် ဖာဂူဆန် အနားယူချိန် ယာဂန် ကလော့ပ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အဲဒီ အချိန်တုန်းက ကလော့ပ်ဟာ ဒေါ့မန်နဲ့ စာချုပ် သက်တမ်း ကျန်ရှိနေလို့ ပယ်ချခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ကလော့ပ်က “ဆာ အဲလက်စ် အနားယူချိန် အဲဒီနှစ်မှာ သူတို့ ကျွန်တော့်ကို စကားပြောခဲ့တယ်။ အခြေအနေ တစ်ခုမှာ သူတို့ ကျွန်တော့်ကို စိတ်ဝင်စားခဲ့တယ်။ အဲဒီအချိန်မှာပဲ ကျွန်တော်လည်း စိတ်ဝင်စားပါတယ်။ ကျွန်တော်ဟာ ငယ်ရွယ်သေးပြီး ဒေါ့မန်မှာ စိတ်လှုပ်ရှားဖွယ် အသင်း တစ်သင်းကို ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော် အဲဒီမှာ ဘာလုပ်နေသလဲလို သူတို့ တွေးကောင်း တွေးနိုင်ပါတယ်။ ယူနိုက်တက်က ကျွန်တော့်ကို ခေါ်ယူဖို့ ကြိုးစားခဲ့တယ်။ ဒါက မှားယွင်းတဲ့ အချိန်၊ မှားယွင်းတဲ့ အခိုက်အတန့် ဖြစ်ခဲ့တယ်။ ကျွန်တော် ဒေါ့မန်နဲ့ စာချုပ်ရှိနေခဲ့ပြီး ဘာအတွက်မှ မစွန့်ခွာနိုင်ခဲ့ပါဘူး။” လို့ ဆိုပါတယ်။

“သူတို့က မန်နေဂျာ အသစ် တစ်ယောက် လိုချင်ခဲ့ပြီး ကျွန်တော်ဟာ ရွေးချယ်စရာ အနည်းငယ်ထဲက တစ်ဦး ဖြစ်ခဲ့တယ်လို့ ယူဆရပါတယ်။ ကျွန်တော် စကားပြော ဆွေးနွေးမှု တချို့တော့ ရှိခဲ့ပါတယ်။ စိတ်ကူးတွေ၊ မျှော်လင့်ချက်တွေက ကြီးမားပြီး ကျွန်တော်တို့ လိုချင်တဲ့ ကစားသမား အားလုံး ရနိုင်ဖို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီမှာ ထိုင်နေရင်း ကျွန်တော် စဉ်းစားမိတာက ဒါဟာ ကျွန်တော်နဲ့ ကိုက်ညီတဲ့ စီမံကိန်း မဟုတ်တာပါပဲ။ အချိန်လည်း အမှားခဲ့ပြီး အဓိက ကတော့ ကျွန်တော့် စီမံကိန်း မဟုတ်တာပါပဲ။” လို့ ယာဂန် ကလော့ပ်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက် ကတော့ ဖာဂူဆန် အနားယူသွားပြီးနောက်ပိုင်း ဆုဖလား မယ်မယ်ရရ မရရှိတော့သလို ပရီးမီးယားလိဂ် မှာလည်း တစ်နှစ်ထက် တစ်နှစ် ဆုတ်ယုတ်နေခဲ့ပြီလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ ပရောဂျက်ကို မကြိုက်တာကြောင့် နည်းပြ ရာထူး အတွက် ငြင်းဆန်ခဲ့ဖူးတဲ့ ကလော့ပ်

ယူနိုက်တက်ဟာ ဆာအဲလက်စ် ဖာဂူဆန် အနားယူသွားခဲ့ပြီးနောက်မှာ ဒေးဗစ် မွိုက်စ်၊ ရွိုင်ယန် ဂစ် (ယာယီ)၊ လူးဝစ္စ ဗန်ဟားလ်၊ ဟိုဆေး မော်ရင်ညို၊ အိုလီဂန်နာ ဆိုးလ်ရှား၊ မိုက်ကယ် ကာရစ် (ယာယီ)၊ ရက်ဖ် ရန်းညက်ခ်၊ အဲရစ်ခ် တန်ဟက်ဂ်၊ ရူဘင် အမော်ရင် တို့ကို ပြောင်းလဲ ခန့်အပ်ထားခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ အဆင်ပြေခြင်း မရှိသေးပါဘူး။

အဲဒီနောက် ကလော့ပ်က မန်ချက်စတာယူနိုက်တက် အနေနဲ့ အသင်းရဲ့ ကစားသမားဟောင်းတွေ ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ပေါ့ဘာ တို့ကို ပြန်လည် မခေါ်ယူခဲ့သင့်ကြောင်း သုံးသပ်ခဲ့ပါသေးတယ်။ ကလော့ပ်က “အစည်းအဝေးတွေမှာ ကျွန်တော် မကြိုက်တဲ့ အရာတွေ သူတို့ ပြောခဲ့လို့ပါ။ ခင်ဗျား လိုချင်တဲ့ ကစားသမားတွေ အားလုံးကို ကျွန်တော်တို့ ခေါ်ပေးမယ်။ သူရယ်၊ သူရယ်၊ သူရယ် ဆိုပြီးတော့ပေါ့။ ကျွန်တော်က သူတို့ ပြောတာတွေ ထိုင်ပြီး နားထောင်နေရတယ်။ ဒါက ကျွန်တော့်ရဲ့ ပုံစံနဲ့ ကိုက်တဲ့ ပရောဂျက်မျိုး မဟုတ်ဘူး။”

“ကျွန်တော် ပေါလ် ပေါ့ဘာကို ပြန်မခေါ်ချင်ခဲ့ဘူး။ ဒီလို အရာမျိုးတွေက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ပြီးတော့ ကျွန်တော့် အနေနဲ့ဆို ခရစ္စတီယာနို ရော်နယ်ဒိုကိုလည်း ပြန်မခေါ်ချင်ခဲ့ဘူး။ ဒါက အကူအညီဖြစ်မှာမှ မဟုတ်တာ။ သူတိုရဲ့ အိုင်ဒီယာက အကောင်းဆုံး ကစားသမားတွေကို ကလပ်ဆီ ခေါ်လာဖို့ပဲ။ ဒါပေမယ့် သူတို့က ဘောလုံးအကြောင်း ကို‌တော့ လုံးဝ ထည့်မပြောခဲ့ကြဘူး။ အဲ့ဒီနောက်မှာမှ စစ်မှန်တဲ့ ဘောလုံး ပရောဂျက် တစ်ခုနဲ့ အတူ လစ်ဗာပူးလ်က ကျွန်တော့်ဆီကို ရောက်လာခဲ့ပါတယ်။

လစ်ဗာပူးလ် ကတော့ ယာဂန် ကလော့ပ်ကို ခန့်အပ်ခဲ့တာ မှန်ကန်တယ်လို့ ဆိုရမှာ ဖြစ်ပြီး သူ့လက်ထက်မှာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် အပါအဝင် ဆုဖလား အောင်မြင်မှုအားလုံး ရရှိခဲ့ပါတယ်။ ယူနိုက်တက် ကတော့ ဖာဂူဆန် အနားယူသွားပြီးနောက်ပိုင်း ဆုဖလား မယ်မယ်ရရ မရရှိတော့သလို ပရီးမီးယားလိဂ် မှာလည်း တစ်နှစ်ထက် တစ်နှစ် ဆုတ်ယုတ်နေခဲ့ပြီလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်