နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

“ဒီလို ကလပ်မျိုးမှာ ရှုံးနိမ့်ရတာက အရမ်းပဲ နာကျင်ရပါတယ်” – အမော်ရင် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် ကတော့ မနေ့ ညနေက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ ဘရန့်ဖို့ဒ်ကို ၃-၁ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပြန်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ချဲလ်ဆီးကို အိမ်ကွင်းမှာ အနိုင်ရထားခဲ့တဲ့ ယူနိုက်တက်က ဒီပွဲမှာတော့ အားနည်းချက်တွေ များခဲ့ပြန်သလို အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့တာကြောင့် ပေးဆပ်မှု ကြီးမားခဲ့ရပြန်တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပွဲချိန် မိနစ် ၂၀ မတိုင်ခင် မှာတင် ပြိုင်ဘက် တိုက်စစ်မှူး အီဂေါ သီယာဂိုရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဦးဆောင်ခြင်း ခံထားရတာ ဖြစ်ပါတယ်။ ပွဲချိန် ၂၆ မိနစ်မှာ ဘင်ဂျာမင် ဆက်စ်ကိုက ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူပေးနိုင်ခဲ့ပေမယ့် လေးလံပြီး ထိရောက်မှု မရှိတဲ့ ကစားဟန်ကြောင့် ယူနိုက်တက်တို့ ပွဲအဖြေကို ပြောင်းလဲဖို့ မစွမ်းသာခဲ့ပါဘူး။ အဲဒီနောက် မိနစ် ၇၀ ကျော်မှာ ဘရန့်ဖို့ဒ်က နေသန် ကောလင်း အနေနဲ့ အမ်ဘူမိုကို ဧရိယာထဲမှာ ဆွဲလှဲလိုက်သလို ဖြစ်ခဲ့တာကြောင့် ယူနိုက်တက်တို့ ပင်နယ်တီ ကန်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီအခွင့်အရေးကို အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က ဖြုန်းတီးပစ်ခဲ့တာကြောင့် ယူနိုက်တက်တို့ ချေပဂိုးနဲ့ ဝေးခဲ့ရပါတယ်။

ယူနိုက်တက်ဟာ ရှုံးနိမ့်နေပေမယ့်လည်း ရှေ့မရောက်ပဲ နောက်တန်းမှာပဲ အပေးအယူ လုပ်နေတဲ့ ကစားဟန်က ပရိသတ်တွေ အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ အဲဒီနောက် ပွဲပြီးခါနီး ၉၀+၅ မိနစ်မှာ လူစားဝင်လာတဲ့ ယန်ဆန်က ဘရန့်ဖို့ဒ် အတွက် အနိုင် သေချာစေမယ့် ဂိုးကို သွင်းယူပေးခဲ့တာကြောင့် ၃-၁ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ပွဲအပြီးမှာတော့ နည်းပြ ရူဘင် အမော်ရင်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နည်းပြ ရူဘင် အာမော်ရင် ကိုင်တွယ်ချိန်က စပြီး ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက် နိုင်ပွဲ မရဖူးသေးပါဘူး။
ဒီရာသီ အတွက် တတိယမြောက် ပရီးမီးယားလိဂ် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူနိုက်တက်

“ဒီနေ့မှာ ကျွန်တော်တို့ အနေနဲ့ ကျွန်တော် တို့ရဲ့ ကစားပုံအတိုင်း မကစားနိုင်ခဲ့ပါဘူး။ ပြိုင်ဘက်ရဲ့ ကစားပုံအတိုင်း မဟုတ်ဘဲ ကျွန်တော်တိုရဲ့ ကစားပုံအတိုင်း ကစားနိုင်ရမှာပါ။ အခုလို ပွဲမှာ ထပ်ရှုံးတာ အရမ်းခက်ခဲပေမဲ့ နောက်လာမယ့် ပွဲတွေ အတွက်လည်း စဉ်းစားဖို့ လိုပါတယ်။ ဒီလို ကလပ်မျိုးမှာ ရှုံးနိမ့်ရတဲ့ အချိန်တိုင်း တော်တော်လေး နာကျင်ရပါတယ်။ ကျွန်တော်တို့ နောက်လာမယ့် ပွဲစဉ်ကို အာရုံစိုက်ဖို့ လိုပါတယ်။ ဒီလို ကလပ်မှာက အရာရာတိုင်းက အရေးကြီးပါတယ်။ အိမ်ကွင်းပွဲတွေတင် မဟုတ်ဘဲ ပွဲတိုင်းကို အနိုင်ရဖို လိုပါတယ်။

“သေချာတာ ကတော့ ကျွန်တော်တို့ နိုင်ချင်ခဲ့ပါတယ်။ ကျွန်တာ်တို့ ပွဲကို မထိန်းချုပ်နိုင်ခဲ့ဘူး။ ဒီပွဲကို ဘရန့်ဖိုဒ် လိုချင်တဲ့ အတိုင်း ကစားခဲ့တယ်။ ကျွန်တော် တို့ရဲ့ ကစားပုံကို မကစားခဲ့ဘူး။ အဲဒါကြောင့်ပဲ ပေးဆပ်မှု ကြီးမားခဲ့ရပြန်ပါတယ်။ ပထမဂိုး ဆိုရင် Long ball ပါ။ ကျွန်တော်တို ဒီအပတ်တွေ အတွင်း အဲ့ဒါကို ကာကွယ်ဖို လေ့ကျင့်နေခဲ့တာ။ Set piece တွေရောပဲ။ Long ball တွေ one touch တွေနဲ့ လာမယ်ဆိုတာ ကျွန်တော်တို့ ကြိုသိပါတယ်။ ကျွန်တော်တို ပိုကောင်းအောင် လုပ်ဖို့ပဲ လိုအပ်နေတာပါ။ ကစားသမားတွေရဲ့ တာဝန်ခံမှု အပေါ်မှာလား။ ကျွန်တော် ကစားသမားတွေကို ကာကွယ်ဖို့ အတွက် ဒီမှာ ရှိနေတာ မဟုတ်ပါဘူး။ ကလပ် အတွက် အကောင်းဆုံး ဖြစ်မယ့် အရာတွေကို လုပ်ဆောင်ဖို့ ကြိုးစားနေတာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နည်းပြ ရူဘင် အာမော်ရင် ကိုင်တွယ်ချိန်က စပြီး ပရီးမီးယားလိဂ် မှာ ၂ ပွဲဆက် နိုင်ပွဲ မရဖူးသေးပါဘူး။ ဒါ့အပြင် ယူနိုက်တက် အနေနဲ့ ပရီးမီးယားလိဂ် ပွဲ ၃၃ ပွဲမှာ ရမှတ် ကလည်း ၃၄ မှတ်သာ ရရှိထားခဲ့ပါတယ်။ ဒီလို ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေကြောင့် ယူနိုက်တက် ပရိသတ် တော်တော်များများ ကလည်း အမော်ရင် အပေါ်မှာ ယုံကြည်မှုတွေ ကျဆင်းလာနေပါတယ်။ ဒါပေမယ့်လည်း အမော်ရင်က ဘရန့်ဖိုဒ်နဲ့ ပွဲအပြီး သူ့ရဲ့ အနာဂတ် ပတ်သက်လို့ မေးခွန်းများစွာနဲ့ ရင်ဆိုင်နေရချိန်မှာ အခုလိုပဲ တုန့်ပြန်သွားခဲ့ပါတယ်။ အမော်ရင်က “ကျွန်တော့် အလုပ်နဲ့ ပတ်သက်ပြီး ဘယ်တော့မှ စိုးရိမ်ပူပန်မှု မဖြစ်မိပါဘူး။ ကျွန်တော်ဟာ ဒီလိုလူစားမျိုးလည်း မဟုတ်ပါဘူး။ ဒါက ကျွန်တော် ဆုံးဖြတ်ရမယ့် အရာ မဟုတ်ဘဲ ဒီမှာရှိတဲ့ မိနစ်တိုင်းကို အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။ လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်