ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ် ကတော့ သူ့ အနေနဲ့ အသင်း အတွက် ပွဲချိန်ပြည့် ကစားပေးဖို့ ကြံ့ခိုင်မှု ပြည့်ဝနေပြီ ဖြစ်ကြောင်း ကြုံးဝါး ပြောဆိုလိုက်ပါတယ်။ အိဆက်ခ်ဟာ နယူးကာဆယ် ကနေ ထွက်ခွာလာချိန်က စပြီး လစ်ဗာပူးလ်မှာ လက်ရှိ အချိန်ထိ ပွဲချိန်ပြည့် ပါဝင် ကစားခွင့် မရရှိထားသလို ခြေစွမ်းလည်း မပြနိုင်သေးပါဘူး။
အသက် ၂၆ နှစ် အရွယ် ဆွီဒင်သားက လစ်ဗာပူးလ်နဲ့ နွေရာသီ တစ်လျှောက်လုံး သတင်းတွေ ထွက်ခဲ့ပြီး နောက်ဆုံးမှာ ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ တို့ဟာ အိဆက်ခ်ကို မျှော်လင့်တကြီးနဲ့ ပြောင်းရွှေ့ကြေး အမြောက်အမြား ပေးချေကာ ခေါ်ယူခဲ့ရပေမယ့် လက်ရှိအချိန်ထိတော့ ၁ ဂိုးသွင်းကာ၊ ဂိုးဖန်တီးမှု ၁ ကြိမ်က လွဲရင် ဘာမှ လုပ်မပြနိုင်သေးပါဘူး။

အိဆက်ခ်ဟာ အက်တလက်တီကိုမက်ဒရစ်နဲ့ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ်မှာ လူစားဝင် ကစားသမား အဖြစ် လစ်ဗာပူးလ် အတွက် စတင် ကစားခွင့်ရရှိခဲ့ပါတယ်။ အဲဒီနောက် အဲဗာတန်နဲ့ ပွဲမှာလည်း လူစားဝင် ကစားသမား အဖြစ်သာ ပါဝင်ခွင့်ရခဲ့ပြီး အိဆက်ခ်ရဲ့ လစ်ဗာပူးလ် အတွက် ပထမဦးဆုံး အကြိမ် အဖြစ် ပထမ ပွဲထွက်လူစာရင်း ကနေ ပါဝင်ခွင့် ရခဲ့တဲ့ ပွဲကတော့ ဆောက်သမ်တန်နဲ့ ပွဲမှာ ဖြစ်ပါတယ်။ အိဆက်ခ်က တခြားသော ၃ ပွဲ မှာလည်း ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့် ရှရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိချိန်ထိတော့ အိဆက်ခ်က လစ်ဗာပူးလ် အတွက် ပွဲချိန် မိနစ် ၉၀ စလုံး ကစားခွင့် မရဘဲ ဖြစ်နေပါတယ်။
အိဆက်ခ်က လက်ရှိ မှာတော့ သူ့အနေနဲ့ ကြံ့ခိုင်မှု ပြည့်ဝနေတာကြောင့် ပွဲချိန်ပြည့် ကစားဖို့ အဆင်သင့် ရှိနေကြောင်း ပြောကြားလာခဲ့ပါတယ်။ အိဆက်ခ်က “ကျွန်တော် အသင့်ဖြစ်နေပြီလို ထင်ပါတယ်။ လိုအပ်ရင် မိနစ် ၉၀ စလုံး ကစားဖို့ ကျွန်တော် အသင့်ရှိနေပါတယ်။” လို့ အိဆက်ခ်က ပြောကြားခဲ့ပါတယ်။
နည်းပြ ဖြစ်သူ အာနေး ဆလော့တ် ကတော့ သူ့အနေနဲ့ အိဆက်ခ် အပေါ်မှာ မျှော်လင့်ထားသလို တခြားသော တိုက်စစ် ကစားသမားတွေနဲ့လည်း မကြာခင်မှာ အသားတကျ ချိတ်ဆက် ကစားနိုင်မယ်လို့လည်း ယုံကြည်နေပါတယ်။ ဒါ့အပြင် အစ်ကီတီကီ ကလည်း သူ့ အနေနဲ့ အိဆက်ခ်နဲ့ အတူတကွ တွဲဖက် ကစားနိုင်ကြောင်းလည်း အခုလိုပဲ ပြောကြားထားပါသေးတယ်။ “ကျွန်တော် တို့က ကလပ် အသင်းကြီး တစ်ခုမှာ ကစားနေတာပါ။ တိုက်စစ်မှူး တစ်ယောက်တည်းနဲ့ ကစားနေတဲ့ အသင်းကြီး တစ်သင်းကို ကျွန်တော် မမြင်ဖူးပါဘူး။ သူ ဒီမှာရှိနေတာက ကျွန်တော့် အတွက်တောင် ကောင်းပါတယ်။ ကျွန်တော့်မှာ တိုးတက်ဖို့နဲ့ သင်ယူဖို့ အများကြီး ကျန်ပါသေးတယ်။ ကျွန်တော်က တိုက်စစ်မှူး နှစ်ယောက်တွဲရော တစ်ယောက်ထဲရော ကစားဖူးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နှစ်ယောက် အတူတွဲ ကစားရမယ် ဆိုရင်လည်း ကစားနိုင်ပါတယ်။” အစ်ကီတီကီက ဆိုပါတယ်။ လက်ရှိမှာတော့ လစ်ဗာပူးလ်က ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် ရှုံးနိမ့်ထားခဲ့ပြီး ပရီးမီးယားလိဂ် မှာလည်း အမှတ်ပေးဇယား အဆင့် ၁ နေရာကို ဖယ်ပေးထားခဲ့ရပါတယ်။ လစ်ဗာပူးလ်ဟာ နိုင်ငံတကာ ရက်သတ္တပတ်တွေ ပြီးဆုံးချိန် မှာလည်း မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.