နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အမ်းမရိတ်စ်ဆီ ပျံသန်းလာမယ့် သိမ်းငှက်တွေကို ပစ်ချမယ့် ဂန်းနားများ | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

အာဆင်နယ် – ခရစ္စတယ်ပဲလေ့စ်

ပရီးမီးယားလိဂ် ပွဲစဉ် ၉ ရဲ့ နောက်ထပ် စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် အာဆင်နယ်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ အမ်းမရိတ်စ်မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ဒီရာသီ ပွဲစဉ်တိုင်းကို အဘက်ဘက်မှာ အမှားအယွင်း အနည်းဆုံးနဲ့ ကစားနေတဲ့ အာဆင်နယ် အတွက် ပဲလေ့စ်က ခက်ခဲတဲ့ အသင်း ဖြစ်လာမလား။ ဒါမှမဟုတ် အလွယ်တကူပဲ အသာရသွားဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မီခဲလ် အာတေးတားရဲ့ အာဆင်နယ်က ဒီရာသီ ပြိုင်ပွဲစုံမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားပြီး ကျန်ပွဲ အားလုံး နီးပါး ရလဒ်ကောင်းထားပါတယ်။ ပရီးမီးယားလိဂ် မှာတော့ အာဆင်နယ်က ပွဲစဉ် ၈ ပြီးတဲ့ အချိန်ထိ နိုင်ပွဲ ၆ ပွဲ၊ သရေ ၁ ပွဲ၊ ရှုံးပွဲ ၁ ပွဲ ရှိထားပြီး ရမှတ် ၁၉ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ လက်ရှိမှာ အာဆင်နယ်နဲ့ ပတ်သတ်ပြီး ထူးထူးခြားခြား ပြောစရာ မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ အဘက်ဘက်မှာ တောင့်တင်း ကောင်းမွန်လွန်းနေလို့ပါ။ ဒီရာသီမှာ ကစားထားတဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ တိုက်စစ်က ၂၅ ဂိုး ရထားပြီး ခံစစ် ကတော့ ပေးဂိုး ၃ ဂိုးသာ ရှိထားပါတယ်။ ပေးဂိုး မရှိတဲ့ ပွဲကလည်း ၉ ပွဲ အထိ ရှိထားပြီး နောက်ဆုံး ၄ ပွဲဆက်လည်း ခံစစ်က လေတောင် မတိုးပါဘူး။ ဒီတော့ ချန်ပီယံဆုတွေ အတွက် တာဆူနေတဲ့ အာဆင်နယ် အတွက် ပဲလေ့စ်က ဆူးညှောင့် အဖြစ် ရှိနေမယ် မထင်ပါဘူး။ ရှိလာခဲ့မယ် ဆိုရင်တော့ မေးခွန်းထုတ်စရာတွေ ပေါ်လာပါလိမ့်မယ်။

ပဲလေ့စ် ကတော့ ရှုံးပွဲ မရှိမှုကို အချိန်အတန်ကြာ ထိန်းထားနိုင်ခဲ့ပြီးမှ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပြန်ပျောက်နေပြန်ပါတယ်။ ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက် နိုင်ပွဲ ပျောက်ထားပြီး အဲဗာတန်ကို ရှုံးပြီး ဘုန်းမောက်ကို သရေကျထားတာပါ။ ဒါ့အပြင် ကြားရက်မှာ ကစားခဲ့တဲ့ ယူရိုပါကွန့်ဖရင့်လိဂ် ပွဲစဉ်မှာလည်း ဆိုက်ပရပ်စ် ကလပ်ကို အိမ်ကွင်းမှာ ရှုံးထားပါသေးတယ်။ လက်ရှိမှာ ပုံစံကောင်း ပျက်စီးနေတဲ့ ပဲလေ့စ်က သူတို့ အမြဲတမ်းလိုလို ရုန်းကန်ခဲ့ရတဲ့ အမ်းမရိတ်စ်မှာ ထပ်မံ ရုန်းကန်ရဖို့ ရှိနေပါပြီ။

 

နှစ်ဖက်အသင်း သတင်းများ

ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက် နိုင်ပွဲ ပျောက်ထားပြီး အဲဗာတန်ကို ရှုံးပြီး ဘုန်းမောက်ကို သရေကျထားတာပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေတဲ့ ပဲလေ့စ်

အခုပွဲကိုတော့ အာဆင်နယ် ဘက်က မာတင် အိုဒီဂတ်၊ ဂါဘရီရယ် ဂျေဇုစ်၊ ကိုင်ဟာဗက်ဇ်တို့ လွဲချော်မှာ ဖြစ်ပြီး နိုနီ မာဒူခေး ကတော့ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။

ပဲလေ့စ် ဘက်မှာတော့ ကေပေါ်ဟာ၊ ရိတ်ဒ်၊ ဒူကိုရေးတို့ လွဲချော်မှာ ဖြစ်ပါတယ်။ 

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

အာဆင်နယ် – ရာယာ၊ တင်ဘာ၊ ဆလီဘာ၊ ဂါဘရီရယ်၊ ကာလာဖီအိုရီ၊ အက်ဇေး၊ ဇူဘီမန်ဒီ၊ ရိုက်စ်၊ ဆာကာ၊ ယိုကီးရက်စ်၊ မာတင်နယ်လီ 

ခရစ္စတယ်ပဲလေ့စ် – ဟန်ဒါဆန်၊ ရစ်ချက်ဒ်၊ လာခွာ၊ ဂူဟီ၊ မူနော့ဇ်၊ ဝှာတန်၊ ကာမာဒါ၊ မစ်ချဲလ်၊ ပီနို၊ ဆား၊ မက်တေးတား

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၂၅ ကြိမ် တွေ့ဆုံရာမှာ အာဆင်နယ်က ၁၅ ကြိမ် အနိုင်ရပြီး ပဲလေ့စ်က ၃ ကြိမ်နိုင်ကာ ၇ ကြိမ် သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ အာဆင်နယ်က ၄ ကြိမ်နိုင်ပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။ အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာလည်း အာဆင်နယ်က အာဆင်နယ်က ၃ ကြိမ်နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ အာဆင်နယ် နိုင်ရင် ၁.၃၈ ဆ၊ ခရစ္စတယ်ပဲလေ့စ် နိုင်ရင် ၆.၇၀ ဆ၊ သရေ ဆိုရင်တော့ ၄.၂၉ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ အာဆင်နယ် ဘက်က ကြေး ခပ်ပြင်းပြင်းပေါက်နေပြီး ဂိုးပေါင်း ကြေးကတော့ ပျော့နေပါတယ်။ လက်ရှိ အာဆင်နယ် ပိုင်ဆိုင်ထားတဲ့ အခြေအနေတွေအရ ပဲလေ့စ်တို့ အမ်းမရိတ်စ်မှာ ဘာမှ လုပ်ပြနိုင်ဖို့ မရှိပါဘူး။ အာဆင်နယ်ကိုပဲ အပြည့်အဝ ယုံကြည်ထားရမှာ ဖြစ်ပြီး ဂိုးပေါ်မယ်တော့ မထင်ပါဘူး။

ခန့်မှန်းရလဒ်

အာဆင်နယ် ၂-၀ ခရစ္စတယ်ပဲလေ့စ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်