မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွာဒီယိုလာ ကတော့ ဒီရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရခဲ့တာက ဆုဖလား တစ်လုံး ရလိုက်သလို အရေးပါကြောင်း ပြောကြားလာခဲ့ပါတယ်။ ဂွာဒီယိုလာဟာ အစောပိုင်းမှာတုန်းက သူ့ရဲ့ အသင်း အနေနဲ့ အက်ဖ်အေဖလား ရခဲ့ရင်တောင် ဒီရာသီ အတွက် ကျရှုံးမှုကို ဖြေဆယ်နိုင်မှာ မဟုတ်ကြောင်း ပြောကြားထားခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂွာဒီယိုလာက ဖူလ်ဟမ်ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီပိတ်ပွဲ အပြီး မှာတော့ အခုလိုပဲ ပြန်ပြောင်း ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။
ပပ် ဂွါဒီယိုလာရဲ့ အသင်းဟာ ဒီရာသီမှာ ခြေစွမ်းပိုင်း သိသိသာသာ ယိမ်းယိုင်ခဲ့ခြင်းနဲ့ အတူ ဖလား လက်မဲ့ ရာသီ အဖြစ် အဆုံးသတ်ခဲ့ရတာပါ။ ဒါ့အပြင် မန်စီးတီးက ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ အထိ အမှားမခံစတမ်း ကစားခဲ့ရတာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ဒီရာသီ အမှတ်ပေး ပြိုင်ပွဲမှာ ရှုံးပွဲ ၉ ပွဲ အထိ ရှိခဲ့ပြီးတော့ ချန်ပီယံ ဖြစ်ခဲ့တဲ့ လစ်ဗာပူးလ် နဲ့လည်း ၁၃ မှတ် အထိ ကွာဟခဲ့တာပါ။ အဓိက ကတော့ မန်စီးတီးဟာ အောက်တိုဘာလကုန် ကနေ ဒီဇင်ဘာလ အလယ်လောက်အထိ တောက်လျောက် နိုင်ပွဲတွေ ပျောက်ခဲ့တာကြောင့် အောင်မြင်မှု မရတဲ့ ရာသီ အဖြစ် အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးဟာ ရာသီပိတ်ပွဲစဉ်မှာ ဖူလ်ဟမ်ကို အဝေးကွင်းမှာ ဂွန်ဒိုအန်၊ ဟာလန်း တိုရဲ့ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီးနောက် အဆင့် ၃ နေရာနဲ့ အတူ ချန်ပီယံလိဂ် ဝင်ခွင့်ကို အရ ယူနိုင်ခဲ့ပါတယ်။ ဂွါဒီယိုလာဟာ ဥရောပရဲ့ ထိပ်တန်း ပြိုင်ပွဲကို ဝင်ရောက်ခွင့် ရရှိခဲ့တဲ့ ကစားသမားတွေရဲ့ ကြိုးပမ်းမှုကို အလွန်အမင်း ဂုဏ်ယူတယ်လို အခိုင်အမာ ပြောဆိုကာ နောက်ရာသီမှာ ထိပ်ဆုံး နေရာကို စိန်ခေါ်နိုင်ဖို့ အတွက် များစွာ တိုးတက်ဖို လိုအပ်ကြောင်း ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သတ်လို့ ပပ် ဂွါဒီယိုလာက “လူတွေက ယူရိုပါလိဂ် ဝင်ခွင့်လောက်ပဲ ရဖို့ ထပ်ပြီး မတိုက်ခိုက်နိုင်တော့ဘူးလို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ ကောင်းကောင်း ဆက်ကစားခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် သေချာတဲ့ အနေအထားမှာ ရှိနေခဲ့သလို အဲ့ဒီအတိုင်း အကောင်းမွန်ဆုံး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဆုံးမှာတော့ အာဆင်နယ်နဲ့ အလှမ်း မဝေးတဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့် လစ်ဗာပူးလ်နဲ့ ကွာဟချက် ကြီးမားလွန်းခဲ့ပါတယ်။ ကျွန်တော်တို့ တိုးတက်အောင် ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပြီးတော့ အဲ့ဒီလို လုပ်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဂွါဒီယိုလာက “ကျွန်တော်တို့ စိတ်သက်သာရာရသွားခဲ့ပါပြီ။ ဘာလို့လဲ ဆိုတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရတာက ဖလား တစ်လုံး ရလိုက်သလိုပါပဲ။ ဒါက အမှန်တရားပါ။ အဆင့် ၃ နဲ့ အဆုံးသတ်နိုင်ခဲ့တာ တကယ်ကို ကောင်းပါတယ်။ ဒါဟာ အကောင်းဆုံးတော့ မဟုတ်ပေမယ့် နောက်ရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားပြီး ဥရောပမှာ ရှိနေမှာပါ။ ဒါကြောင့် ဒီနေ့မှာ လူတွေ ယုံချင်မှယုံပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ အတွက်တော့ တကယ့်ကို ပျော်ရွှင်စရာနေ့ တစ်နေ့ပါပဲ။” လို့ ဆိုပါတယ်။မန်ချက်စတာစီးတီး ကတော့ ပရီးမီးယားလိဂ် ရာသီ ကုန်ဆုံးသွားပေမယ့် ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။ ပုံစံအသစ်နဲ့ ပြောင်းလဲ ကျင်းပမယ့် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ မှာတော့ မန်စီးတီးက မော်ရိုကို ကလပ် ဝိုင်ဒက် ကာဆာဘလန်ကာ၊ ယူအေအီး ကလပ် အဲလ်အိန်းနဲ့ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.