ညကယှဉ်ပြိုင်ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်၃၄မှာတော့မန်စီးတီးကအက်စတွန်ဗီလာကိုမားသီးယက်စ်နူနက်စ်ရဲ့နာကျင်အချိန်ပိုနောက်ကျဂိုးနဲ့အနိုင်ရသွားခဲ့ပါတယ်။ဒီလိုအဖိုးတန်နိုင်ပွဲရရှိခဲ့ပြီးနောက်နည်းပြဖြစ်သူပပ်ဂွါဒီယိုလာကသူ့ရဲ့အသင်းသားတွေဟာဖိအားတွေကိုကိုင်တွယ်နိုင်သူတွေဖြစ်တယ်လို့ချီးကျူးသွားခဲ့ပါတယ်။
မန်စီးတီးနည်းပြပပ်ဂွါဒီယိုလာကချန်ပီယံလိဂ်ဝင်ခွင့်အတွက်အရေးပါတဲ့ပွဲစဉ်မှာအက်စတွန်ဗီလာကိုအနိုင်ကစားခဲ့ကြတဲ့အသင်းသားတွေကိုအခုလိုပဲဂုဏ်ပြုချီးကျူးစကားပြောကြားခဲ့တာဖြစ်ပါတယ်။ဂွါဒီယိုလာက “ဘောလုံးကကစားသမားတွေအတွက်ရော၊ပရိသတ်တွေအတွက်ပါစိတ်ခံစားမှုများပါတယ်။ကျွန်တော်တို့အနေနဲ့လာမယ့်ဘောလုံးရာသီမှာချန်ပီယံလိဂ်ဝင်ခွင့်ရဖိုဖိအားတွေများခဲ့တာပါ။ဒါပေမယ့်အသင်းရဲ့ကစားသမားတွေကမယုံနိုင်စရာကောင်းလောက်အောင်ကိုတုန့်ပြန်ခဲ့ကြပါတယ်။အဲဒီအတွက်လည်းကျွန်တော်အရမ်းပဲသဘောကျပါတယ်။ဒါကအရေးကြီးပါတယ်။ဒါကိုနားလည်ဖို့သိပ္ပံပညာရှင်တွေမလိုအပ်ပါဘူး။”လို့ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာစီးတီးဒီရာသီမှာအသင်းရဲ့အဓိကကွင်းလယ်ကစားသမားရိုဒရီ ACL ဒဏ်ရာဆိုးရရှိသွားချိန်ကစလို့မထင်မှတ်ပဲတောက်လျောက်ကိုရုန်းကန်နေခဲ့ရတာပါ။မန်စီးတီးကချန်ပီယံလိဂ်ဝင်ခွင့်အတွက်တောင်တိုက်ပွဲဝင်နေရတဲ့အခြေအနေကိုရောက်ရှိခဲ့ပါတယ်။မန်ချက်စတာစီးတီးအနေနဲ့ညကကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပြိုင်ဘက်ဖြစ်တဲ့အက်စတွန်ဗီလာကိုခက်ခက်ခဲခဲကစားခဲ့ရတာပါ။ ဒါပေမယ့်လည်းမန်စီးတီးနောက်ဆုံးမိနစ် အထိတိုက်ပွဲဝင်ခဲ့ပြီးတော့မားသီးယပ်စ်နူနက်စ်ရဲ့နောက်ကျဂိုးကြောင့်၂-၁ရလဒ်နဲ့အနိုင်ရခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့်မန်စီးတီးကရမှတ်၆၁မှတ်နဲ့ပရီးမီးယားလိဂ်အဆင့်၃နေရာကိုတက်လှမ်းနိုင်ခဲ့ပြီးတော့အက်စတွန်ဗီလာကတော့ရမှတ်၅၇မှတ်နဲ့အဆင့်၇နေရာမှာရပ်တည်နေခဲ့ပါတယ်။အက်စတွန်ဗီလာနဲ့ပွဲအပြီးမှာတော့မန်ချက်စတာစီးတီးနည်းပြပပ်ဂွါဒီယိုလာကသူတို့အသင်းဟာချန်ပီယံလိဂ်ဝင်ခွင့်အတွက်ဖိအားတွေများခဲ့ပြီးတော့အသင်းရဲ့ကစားသမားတွေအနေနဲ့ဒီဖိအားကိုအကောင်းဆုံးကိုင်တွယ်နိုင်ခဲ့ကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။
မန်စီးတီးဟာနော့တင်ဟမ်ဖောရက်စ်ကိုရှုံးနိမ့်ခဲ့ပြီးနောက်ပြိုင်ပွဲစုံနောက်ဆုံး၇ပွဲဆက်ရလဒ်ပြန်ကောင်းနေခဲ့တာဖြစ်ကာနောက်ဆုံး၃ပွဲဆက်လည်းအနိုင်ရထားခဲ့ပါတယ်။မန်စီးတီးအနေနဲ့လာမယ့်ဧပြီ၂၇ရက်နေ့မှာနော့တင်ဟမ်ဖောရက်စ်နဲ့အက်ဖ်အေဖလားဆီမီးဖိုင်နယ်ကစားရဦးမှာဖြစ်ပါတယ်။မန်စီးတီးအနေနဲ့အဲဒီပွဲမှာနော့တင်ဟမ်ဖောရက်စ်ကိုအနိုင်ရခဲ့ရင်တော့အက်ဖ်အေဖလားဗိုလ်လုပွဲကို၃နှစ်ဆက်တိုက်တက်ရောက်နိုင်မှာလည်းဖြစ်ပါတယ်။အကယ်၍ချန်ပီယံဖြစ်ခဲ့ရင်တော့မန်စီးတီးဟာဖလားလက်မဲ့ရာသီကိုအဖြစ်အဆုံးသတ်ရတော့မှာမဟုတ်ပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.