နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဲဗာတန်ရဲ့ ကွင်းသစ်ကြီးနဲ့ အတူ ကစားသမားဘဝ အသစ်တဖန် ပြန်လည် စတင်ဖို့ ကြိုးစားမယ့် ဂရီးလစ်ရှ် | ပရီးမီးယားလိဂ်

အဲဗာတန် ကတော့ မန်ချက်စတာစီးတီးရဲ့ အင်္ဂလန် တောင်ပံ တိုက်စစ် ကစားသမား ဂျက် ဂရီးလစ်ရှ်ကို ပေါင် သန်း ၅၀ နဲ့ အပြီးသတ် ခေါ်ယူခွင့် ပါဝင်တဲ့ တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ ဂရီးလစ်ရှ်ကို ဥရောပ ထိပ်တန်း ကလပ်တွေက မျက်စိကျခဲ့ပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ ပရီးမီးယားလိဂ် မှာပဲ ဆက်နေလိုတာကြောင့် အဲဗာတန်ကို ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဂရီးလစ်ရှ်က အဲဗာတန်နဲ့ လက်မှတ် ရေးထိုးခဲ့တဲ့ နေ့မှာ သူသွားချင်တဲ့ နေရာ တစ်နေရာပဲ ရှိခဲ့တယ် ဆိုပြီး ပြောကြားခဲ့ပါတယ်။ “အဲဗာတန်နဲ့ စာချုပ်ချုပ်ရတာက လပေါ် ရောက်နေသလိုပါပဲ။ ရိုးရိုးသားသား ပြောရရင် ကျွန်တော့် အတွက် ကြီးမားပါတယ်။ ဒါက ကြီးကျယ် ခမ်းနားတဲ့ အသင်း တစ်သင်း ဖြစ်ပြီး ကြီးကျယ်ခမ်းနားတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။” လို့ အင်္ဂလန် တောင်ပံကစားသမားက ဆိုပါတယ်။

ဆက်လက်ပြီး “ကျွန်တော် မန်နေဂျာနဲ့ စကားပြောပြီးတာနဲ့ ကျွန်တော် သွားချင်တဲ့ နေရာ တစ်ခုပဲ ရှိတယ် ဆိုတာ သိခဲ့ပါတယ်။ ဆိုရှယ်မီဒီယာမှာ အဲဗာတန် ပရိသတ်တွေဆီက မက်ဆေ့ချ်တွေနဲ့ ပြည့်လျှံနေတော့ ဒါကလည်း ဒီအသင်းကို ရွေးချယ်ရတဲ့ အကြောင်းရင်း တစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ဆီ ပို့ခဲ့ကြတဲ့ မက်ဆေ့ခ်ျတွေ အတွက် ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ အားပေးမှုတွေ အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ အခုပဲ ကျေးဇူးဆပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ သေချာပါတယ်။ ကျွန်တော် လုပ်မှာပါ။” လို့ ဂရီးလစ်ရှ်က ပြောကြားခဲ့ပါတယ်။

အသက် ၂၉ နှစ် အရွယ် ကစားသမားဟာ ကီယာနန် ဒူးစ်ဘာရီဟောလ်၊ ချာလီ အဲလ်ကာရက်ဇ်၊ သီယာနို ဘာရီ၊ မာ့ခ် ထရေဗာ့စ်နဲ့ အဒမ် အက်ဇ်နူတို့ ပြီးနောက် အဲဗာတန်ရဲ့ ဒီနွေရာသီ အတွက် ၆ ယောက်မြောက် ခေါ်ယူမှုလည်း ဖြစ်လာခဲ့ပါတယ်။ ဂရီးလစ်ရှ်ဟာ တနင်္လာနေ့မှာ လိဒ်စ်ယူနိုက်တက်နဲ့ ကစားမယ့် အဲဗာတန်ရဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် မှာလည်း ပထမဦးဆုံး ပွဲထွက်ခွင့် ရရှိဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ 

ဂရီးလစ်ရှ်ဟာ တနင်္လာနေ့မှာ လိဒ်စ်ယူနိုက်တက်နဲ့ ကစားမယ့် အဲဗာတန်ရဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် မှာလည်း ပထမဦးဆုံး ပွဲထွက်ခွင့် ရရှိဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။
အပြီးသတ် ဝယ်ယူခွင့် ပါဝင်တဲ့ တစ်ရာသီ အငှားနဲ့ အဲဗာတန်ကို ပြောင်းရွှေ့ခဲ့တဲ့ ဂရီးလစ်ရှ်

အင်္ဂလန် ကွင်းလယ် ကစားသမားဟာ ၂၀၂၁ ခုနှစ်မှာ အက်စတွန်ဗီလာ ကနေ မန်စီးတီးကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ နဲ့ ရောက်ရှိလာခဲ့သူပါ။ ဂရီးလစ်ရှ်က မန်စီးတီး အတွက် ပွဲပေါင်း ၁၅၀ ကျော် ကစားပေးခဲ့ပြီး ပရီးမီးယားလိဂ် ဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူက နောက်ပိုင်း ရာသီတွေမှာ ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းသွားတာကြောင့် ပပ် ဂွါဒီယိုလာရဲ့ စိတ်ကြိုက် ကစားသမား စာရင်းထဲမှာ မရှိတော့ပဲ ရုန်းကန်ခဲ့ရပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ပွဲ ၇ ပွဲသာ ကစားခဲ့ရပြီး ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ လူစာရင်း ကနေလည်း ချန်လှပ်ခံခဲ့ရပါတယ်။

လက်ရှိ မှာတော့ ဂရီးလစ်ရှ်က အဲဗာတန်ကို ပြောင်းရွှေ့နိုင်ခဲ့ပြီး ဟေးလ်ဒစ်ကင်ဆန် ကွင်းသစ်ကြီးနဲ့ အတူ သူ့ရဲ့ ကစားသမားဘဝကို အသစ် တဖန် ပြန်လည် မွေးဖွားစေနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ။ ဒါ့အပြင် ဂရီးလစ်ရှ်ဟာ အင်္ဂလန် လက်ရွေးစင် အသင်းမှာ သူ့ရဲ့ နေရာ တစ်နေရာကို အခိုင်အမာ ပြန်လည် ရယူနိုင်ဖို့ ရည်မှန်းထားပြီး အဲဗာတန် နည်းပြ ဒေးဗစ် မွိုက်စ်က ကူညီပေးဖို့ အသင့် ရှိနေပါတယ်။

ဒါနဲ့ ပတ်သတ်လို့ အဲဗာတန် နည်းပြ မွိုက်စ်က “သူဟာ ပရီးမီးယားလိဂ် အတွေ့အကြုံရှိပြီး သူစွမ်းဆောင်နိုင်တဲ့ အဆင့်အတန်းကို ကျွန်တော်တို့ အားလုံးက အပြည့်အဝ သိရှိထားတာကြောင့် အချိန်ကောင်းတွေ ရနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ အားလုံး သူနဲ့ လက်တွဲပြီး သူ့အတွက် အကောင်းဆုံး ဗားရှင်းကို ပြသနိုင်ဖို့ ပလက်ဖောင်း တစ်ခု ပံ့ပိုးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဂရီးလစ်ရှ်ဟာ မာဆေးလ်ဆိုက်ဒ် ကလပ်မှာ အဲဗာတန်ရဲ့ ထိပ်တန်း ကစားသမားဟောင်းတွေ ဖြစ်တဲ့ ဝိန်း ရွန်နီနဲ့ ပေါလ် ဂက်စ်ကွိုင်နီတို့ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၈ ကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။ ကျောနံပါတ် ၁၈ ကို ရွေးချယ်ခဲ့ခြင်းနဲ့ ပတ်သတ်ပြီးတော့လည်း ဂရီးလစ်ရှ်က “နံပါတ် ၁၈ ကို ရွေးချယ်ဖို့ အကြောင်းပြချက် တစ်ခုပဲ ရှိပါတယ်။ တခြား နံပါတ်တွေ ရှိပေမယ့် ကျွန်တော် အကြိုက်ဆုံး အင်္ဂလိပ် ကစားသမား နှစ်ယောက် ကတော့ ဝိန်း ရွန်နီနဲ့ ပေါလ် ဂက်စ်ကွိုင်နီတို့ ဖြစ်ပြီး သူတို့ နှစ်ယောက်က ဒီမှာ နံပါတ် ၁၈ ကို ၀တ်ဆင်ခဲ့လို့ပါ။ ကျွန်တော် ဒီကို မရောက်လာခင်မှာ ဝိန်း (ရွန်နီ) နဲ့ စကားပြောခဲ့ပြီး နံပါတ် ၁၈ အကြောင်း သူ့ကို ပြောပြခဲ့တယ်၊ ဒါကြောင့် သူလည်း ပျော်ရွှင်မယ်လို့ မျှော်လင့်ပါတယ်။” ဆိုပြီ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်