ဂျာမန် ကွင်းလယ် ဖန်တီးရှင် ဖလော်ရီယန် ဝစ်ဇ် ကတော့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီ ဖြစ်ကြောင်း The Athletic က ဖော်ပြလာခဲ့ပါတယ်။
လေဗာကူဆင်ရဲ့ ဂျာမနီ ကြယ်ပွင့် ဖလော်ရီယန် ဝစ်ဇ်ဟာ ဒီနွေရာသီမှာ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့လိမ့်မယ်လို့ ခန့်မှန်းထားကြပေမယ့် လစ်ဗာပူးလ်ရဲ့ စိတ်ဝင်စားမှုတွေကြောင့် ဒီကစားသမားရဲ့ ဦးတည်ချက်တွေဟာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ လက်ရှိ သတင်းတွေရဲ့ ဖော်ပြချက်အရ ဆိုရင် ပရီးမီးယားလိဂ် ကလပ်ဟာ ဝစ်ဇ်ကို ခေါ်ယူဖို့ အတွက် အစဉ်တစိုက် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဘေယန်မြူးနစ် ကလည်း ဂျာမန် ကြယ်ပွင့်ဟာ သူတို့ အသင်းဆီ မရောက်ရှိပဲ အန်ဖီးလ်ကို ပြောင်းရွှေ့ဖို့ ရာခိုင်နှုန်း များနေပြီလို့ ယုံကြည်နေကြောင်း သိရပါတယ်။
The Athletic ရဲ့ ဖော်ပြချက်အရ ဆိုရင် ဝစ်ဇ်ဟာ လက်ရှိမှာ အန်ဖီးလ်ကို ပြောင်းရွှေ့ဖို ပိုမို နှစ်သက်နေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်မှာ လေဗာကူဆင်က လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်နေတဲ့ ဝစ်ဇ် အတွက် ပြောင်းရွှေ့ကြေးကို အဆမတန် လိုချင်နေကြောင့် ခေါ်ယူချင်နေတဲ့ အသင်းတွေ အတွက်တော့ အတားအဆီး ဖြစ်လာနိုင်တဲ့ အခြေအနေပါ။

အသက် ၂၂ နှစ် အရွယ် ဂျာမနီ လက်ရွေးစင်ဟာ ဒီလ အစောပိုင်းက Sports Illustrated နဲ့ တွေ့ဆုံမှုမှာ စိန်ခေါ်မှု အသစ်တွေနဲ့ ရင်ဆိုင်ဖို့ စိတ်အားထက်သန်နေကြောင်း ပြောကြားထားပါတယ်။ ရာသီအကုန်မှာ အသင်း ကနေ ထွက်ခွာချင်နေတဲ့ ဝစ်ဇ်ကို လေဗာကူဆင် ဘက်က အနိမ့်ဆုံး ပေါင် သန်း ၁၀၀ ကျော်လောက် လိုချင်နေပြီး လစ်ဗာပူးလ် အနေနဲ့လည်း ဂျာမန်သားကို ခေါ်ယူချင်ရင်တော့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး အသုံးပြုဖို့ ရှိနေပါတယ်။ သတင်းတွေ အရ ဆိုရင် ဝါ့ဇ်ဟာ အင်္ဂလန် အနောက် မြောက်ပိုင်းကို အိမ် ကြည့်ဖို သွားရောက်ခဲ့တယ်လို့ သိရတာကြောင့် ပရီးမီးယားလိဂ် ကို ပြောင်းရွှေ့ဖို့ များနေကြောင်း ဖော်ပြနေတာ ဖြစ်ပါတယ်။
အကယ်၍ ဝစ်ဇ်သာ လစ်ဗာပူးလ်ကို ရွေးချယ်ခဲ့ရင်တော့ လေဗာကူဆင် အသင်းဖော် ဂျရမီ ဖရင်ပေါင်နဲ့လည်း အသင်းဖော် အဖြစ် ပြန်လည် ပေါင်းစည်းနိုင်ဖို့ ရှိနေပါတယ်။ ဖရင်ပေါင် ကတော့ မကြာခင်မှာ လစ်ဗာပူးလ်နဲ့ အပြောင်းအရွှေ့ ကိစ္စတွေ အဆုံးသတ်နိုင်တော့မယ်လို့ သိရပါတယ်။ ဝစ်ဇ်ဟာ ဒီရာသီမှာ လေဗာကူဆင် အတွက် ပြိုင်ပွဲစုံမှာ ၁၆ ဂိုး သွင်းယူထားခဲ့ပြီး ဂိုးဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်ကာ သူ့ရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းကို တသမတ်တည်း ထိန်းထားနိုင်ပါတယ်။ ဝစ်ဇ်ဟာ ပြီးခဲ့တဲ့ ရာသီ ကလည်း ပြိုင်ပွဲစုံ ပွဲပေါင်း ၄၉ ပွဲ ကစားပြီး ၁၈ ဂိုး သွင်းကာ ဂိုးဖန်တီးမှု အကြိမ် ၂၀ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် နည်းပြ ဇာဘီ အလွန်ဆိုနဲ့ အတူ ဘွန်ဒက်စ်လီဂါ မှာ ရှုံးပွဲ မရှိ ချန်ပီယံ ဖြစ်ခဲ့ပြီး ဂျာမန် ပိုကယ်ဖလားလည်း ကိုင်မြှောက်နိုင်ခဲ့ကာ ယူရိုပါလိဂ် မှာလည်း ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.