ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးရဲ့ အမှုဆောင် ဥက္ကဋ္ဌ ဒန်နီရယ် လီဗိုင်း ကတော့ မထင်မှတ်ပဲ ရာထူး ကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ ဒီလို အမှတ်မထင် နှုတ်ထွက်ခဲ့ခြင်းနဲ့ ပတ်သတ်လို့ ကံယာကံရှင် ကိုယ်တိုင် ကရော၊ စပါး အသင်း ဘက်ကပါ မနေ့ကပဲ အတည်ပြု ကြေညာသွားခဲ့ပါတယ်။
အင်္ဂလန်နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်တဲ့ ဒန်နီရယ် လီဗိုင်းဟာ ၂၀၀၁ ခုနှစ် ကတည်းက စပါးရဲ့ အမှုဆောင် ဥက္ကဋ္ဌ အဖြစ် စတင် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ လီဗိုင်းဟာ မြောက်လန်ဒန် ကလပ်ကို သက်တမ်း အားဖြင့် ၂၅ နှစ် နီးပါး ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ သက်တမ်း အရှည်ဆုံး ဥက္ကဋ္ဌ အဖြစ်လည်း မှတ်တမ်းဝင်နေသူ ဖြစ်ပါတယ်။
ဒန်နီရယ် လီဗိုင်း အနေနဲ့ အသင်း ကနေ ထွက်ခွာပြီးနောက် ထုတ်ပြန်ချက်မှာ အခုလိုပဲ ရေးသား ဖော်ပြခဲ့ပါတယ်။ လီဗိုင်းဟာ သူတည်ဆောက်ပေးခဲ့တဲ့ အဖွဲ့အစည်း အတွက် လေးနက်တဲ့ ဂုဏ်ယူမှုကို ရေးသား ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။ “ဘုတ်အဖွဲ့နဲ့ ဝန်ထမ်းတွေ အားလုံးနဲ့ အတူ ကျွန်တော် လုပ်ခဲ့တဲ့ အလုပ် အတွက် အရမ်းပဲ ဂုဏ်ယူမိပါတယ်။” လို့ ၎င်းက ဆိုပါတယ်။
“ကျွန်တော်တို့ အနေနဲ့ ဒီကလပ်ကို ကမ္ဘာ့ဟဲဗီးဝိတ်တန်း ကလပ် တစ်ခု အဖြစ် ပြောင်းလဲပြီး အမြင့်ဆုံး အဆင့် တစ်ခု ရောက်အောင် အသွင်ပြောင်းနိုင်ခဲ့ပါတယ်။ အဲဒါ အပြင် အသိုင်းအဝိုင်း တစ်ခု ကိုလည်း တည်ဆောက်ထားပါတယ်။ ကလပ်ရဲ့ ခရီးမှာ ပါဝင်ခဲ့ကြတဲ့ မရေမတွက်နိုင်တဲ့ ပုဂ္ဂိုလ်တွေကို ကျေးဇူးတင်ကြောင်း ထပ်လောင်း ပြောကြားလိုပြီး ဒီအားကစားမှာ အထူးချွန်ဆုံး လူတချို့နဲ့ Lilywhite House နဲ့ Hotspur Way အသင်းတွေ ကစားသမားတွေနဲ့ မန်နေဂျာတွေ အားလုံးကို ကျွန်တော် ပိုင်ဆိုင်ရလို့ ကံကောင်းခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
အသက် ၆၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒန်နီရယ် လီဗိုင်းဟာ စပါးကို ပေါင် ၁ ဘီလီယံ တန်ကြေး ရှိတဲ့ ကမ္ဘာ့အဆင့်မီ ကွင်းသစ်ကြီး တည်ဆောက်ပေးမှု အပါအဝင် ထိပ်တန်း အဆင့် အသင်း တစ်သင်း အဖြစ် ရပ်တည်နိုင်အောင် ပုံဖော်ပေးနိုင်ခဲ့သူပါ။ ဒါပေမယ့်လည်း စပါးက လုံလောက်တဲ့ ဆုဖလား အောင်မြင်မှုတွေ မရခဲ့သလို စိန်ခေါ်နိုင်စွမ်းလည်း နည်းပါးခဲ့တာကြောင့် လီဗိုင်းဟာ အသင်း ပရိသတ်တွေရဲ့ ဆန္ဒပြ ကန့်ကွက်မှုတွေနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရပါတယ်။

စပါးဟာ ဒန်နီရယ် လီဗိုင်း လက်ထက်မှာ ပရီးမီးယားလိဂ်မှာ ကြီး ၆ ကြီး စာရင်းဝင် အသင်း အဖြစ် ရပ်တည်နိုင်ခဲ့သလို ဥရောပ ပြိုင်ပွဲတွေလည်း အမြဲတမ်းလိုလို ကစားရတဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပါးက ၂၀၀၈ ခုနှစ်မှာ လိဂ်ဖလားနဲ့ ပြီးခဲ့တဲ့ ရာသီက ယူရိုပါလိဂ်ဖလား ရရှိခဲ့ပါတယ်။ ဒါ့အပြင် လီဗိုင်းက သူ့ လက်ထက်မှာ နည်းပြ ၁၂ ဦးကို ထုတ်ပယ်ခဲ့ပြီး စပါး ကတော့ ပြိုင်ပွဲတွေရဲ့ ဆီမီးဖိုင်နယ် အဆင့်ကို ၁၆ ကြိမ်၊ ဗိုလ်လုပွဲကို ၇ ကြိမ် (ယူအီးအက်ဖ်အေ စူပါဖလား မပါဝင်) ရောက်ရှိခဲ့ပါတယ်။ ဒါ့အပြင် လီဗိုင်းဟာ ပြီးခဲ့တဲ့ ရာသီက ယူရိုပါလိဂ်ဖလား ရယူပေးခဲ့တဲ့ နည်းပြ အန်ဂျီ ပိုစတီကိုဂလူး ကိုလည်း ဖလား ရပြီး ၁၆ ရက် အကြာမှာပဲ ထုတ်ပယ်ခဲ့ပါတယ်။ ဒါကြောင့် ဒန်နီရယ် လီဗိုင်း ထွက်ခွာသွားခြင်းဟာ မြောက်လန်ဒန် ကလပ် အတွက် ခေတ်တစ်ခုရဲ့ နိဂုံး အဖြစ် သတ်မှတ်ထားကြပြီး အများစုသော စပါး ပရိသတ်တွေ ကတော့ ပျော်ရွှင် ကျေနပ်နေတာ တွေ့ရပါတယ်။ ဒီတော့ စပါး အနေနဲ့ ဥက္ကဌ အပြောင်းအလဲနဲ့ အတူ အသင်းရဲ့ အနာဂတ်က ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ ကတော့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
လက်ရှိမှာ စပါးဟာ လီဗိုင်းရဲ့ နေရာ အတွက် အမှုဆောင်ဒါရိုက်တာ မဟုတ်တဲ့ ပီတာ ချာရင်တန်ကို အသင်းရဲ့ ဥက္ကဋ္ဌသစ် အဖြစ် အစားထိုး ခန့်အပ်လိုက်ကြောင်း သိရပါတယ်။ စပါးဟာ ဒီနွေရာသီမှာ လုံလောက်တဲ့ အားဖြည့်မှုတွေ ပြုလုပ်ထားနိုင်တဲ့ စပါးက လက်တလော မှာတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ စပါးဟာ နိုင်ငံတကာ ရက်သတ္တပတ် အပြီး စက်တင်ဘာ ၁၃ မှာတော့ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.