ချဲလ်ဆီး နောက်ခံလူ လီဗီ ကိုးလ်ဝဲလ် ကတော့ အနာဂတ်မှာ ဖီဖာ ကလပ် ကမ္ဘာ့ဖလားဟာ ချန်ပီယံလိဂ်ထက် ပိုပြီး ဂုဏ်သိက္ခာ ကြီးမားလာလိမ့်မယ့်လို့ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ ဒါ့အပြင် ကိုးလ်ဝဲလ်က လာမယ့် ရာသီမှာ ချဲလ်ဆီးက ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားတွေကို စိန်ခေါ်နိုင်လိမ့်မယ် လို့လည်း ယုံကြည်ကြောင်း ပြောကြားခဲ့ပါသေးတယ်။
ချဲလ်ဆီး ကတော့ ပြီးခဲ့တဲ့ ရက်က ကျင်းပ ပြီးစီးခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဥရောပ ချန်ပီယံ ပီအက်စ်ဂျီကို ၃-၀ ရလဒ်နဲ့ အနိုင်ယူခဲ့ပြီးတော့ ကမ္ဘာ့ ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းပါ။ ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်ပြီးနောက် ကိုးလ်ဝဲလ်ဟာ လာမယ့် ၂ဝ၂၅-၂၀၂၆ ဘောလုံးရာသီမှာ လန်ဒန် ကလပ်နဲ့ အတူ နောက်ထပ် ဆုဖလားတွေ ဆွတ်ခူးနိုင်လိမ့်မယ်လို့ ယုံကြည်နေသလို ဖီဖာ ကလပ် ကမ္ဘာ့ဖလားဟာ ချန်ပီယံလိဂ်ထက် ပိုပြီး အရေးပါလာလိမ့်မယ်လို့ သူ့ရဲ့ အမြင်ကို ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အင်တာဗျူး တစ်ခုမှာ ကိုးလ် ဝဲလ်က “ဒီပြိုင်ပွဲ မစခင်ကတည်းက ကျွန်တော် တို့ရဲ့ အစီအစဉ်က ဒါကို (ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ) အနိုင်ရဖို့ပဲလို့ ပြောခဲ့တော့ လူတွေက ကျွန်တော့်ကို ရူးနေသလို ကြည့်ကြပါတယ်။ ဒါကြောင့် အခု ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကို ဦးတည်သွားတော့လည်း အဲဒီအတိုင်းပဲ ကျွန်တော် ပြောပါမယ်။ ဒါက ကျွန်တော် ရဖူးသမျှ အကြီးဆုံး ဆုဖလားပါပဲ။ ကလပ် ကမ္ဘာ့ဖလားက ချန်ပီယံလိဂ်ထက် ပိုကြီးကျယ်လာလိမ့်မယ်လို ကျွန်တော် ထင်ပြီး ကျွန်တော် တို့က ပထမဆုံး အသင်း အနေနဲ့ အနိုင်ရခဲ့တာပါ။ ဒါက ပြောင်မြောက်တဲ့ နိုင်ပွဲ ဖြစ်ခဲ့ပြီး အနာဂတ်မှာ ဆုဖလားတွေ ဆက်ရနိုင်ရင် ကျွန်တော်တို့ ထိုက်တန်တဲ့ ချစ်ခြင်း မေတ္တာတွေကို လူတိုင်းက ပေးလိမ့်မယ်။ ဒါပေမဲ့ အဲဒါကို အနာဂတ်မှာပဲ ကျွန်တော်တို့ သိရပါလိမ့်မယ်။ ကျွန်တော်တို အသင့်ဖြစ်နေပြီလို ထင်ပါတယ်၊ လာမယ့် ရာသီမှာ ကြည့်ကြတာပေါ့။” လို့ ပြောသွားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရာသီက နည်းပြသစ်နဲ့ အတူ ရုန်းကန်ရနိုင်တယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် ပရီးမီးယားလိဂ်မှာ Top 4 ဝင်ခဲ့သလို ယူရိုပါကွန့်ဖရင့်လိဂ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား တို့မှာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ အနောက် လန်ဒန် ကလပ်ဟာ အန်ဇို မာရက်စ်ကာ လက်အောက်မှာ တစ်ပွဲထက် တစ်ပွဲ ခြေစွမ်းပိုင်း တည်ငြိမ်လာပြီးတော့ အခုဆိုရင်တော့ နောက်ရာသီ အတွက် ပြိုင်ဘက်တွေ သတိထားရမယ့် အသင်းလည်း ဖြစ်လာခဲ့ပါပြီ။
ဆက်လက်ပြီး ကိုးလ်ဝဲလ်က လာမယ့် ရာသီ ချဲလ်ဆီးရဲ့ အဓိက ဆုဖလားတွေ ပစ်မှတ်ထားမှု အပေါ် မေးမြန်းခဲ့ရာမှာတော့ “ကျွန်တော် တို့ဟာ အသင်း တစ်သင်း ဖြစ်ပြီးတော့ ဒါက ချဲလ်ဆီးရဲ့ အမှတ်အသားပါပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အတူတကွ ရပ်တည်တယ်။ ဂျွန် တယ်ရီ၊ ဖရန့်ခ် လမ်းပတ်၊ ဒီဒီယာ ဒရော့ဘာ တို့လို ကစားသမားတွေက ဒါကို စတင်ခဲ့ပြီး ဒါကို ကျွန်တော်တို့ ဆက်လက် ထိန်းသိမ်းထားပါတယ်။ သူတို့ အားလုံးက မယုံနိုင်စရာ ကစားသမားတွေ ဖြစ်ပြီး ဆုဖလား များစွာ ရခဲ့တဲ့ အကောင်းဆုံး ကစားသမားတွေပါ။ ဒါပေမယ့် ကျွန်တော်တို့ အသင်း မှာလည်း အကောင်းဆုံး ကစားသမားတွေ ရှိနေပြီး ချဲလ်ဆီး အတွက် အကြီးမားဆုံး ဆုဖလားတွေ ရယူပေးဖို့က ကျွန်တော် တို့ရဲ့ အစီအစဉ်ပါပဲ။ ကျွန်တော်တို့ သေချာပေါက် လုပ်နိုင်စွမ်း ရှိပါတယ်။ ဒါကို ကျွန်တော်တို့ ပြသခဲ့ပြီးပြီလို့ ထင်ပါတယ်။ ပီအက်စ်ဂျီက ကမ္ဘာ့အကောင်းဆုံး အသင်းပဲလို့ လူတိုင်းက ပြောခဲ့ကြပေမယ့် ကျွန်တော်တို့ ၃-၀ နဲ့ အနိုင်ရခဲ့တယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။အန်ဇို မာရက်စ်ကာရဲ့ အသင်း ကတော့ ရာသီသစ် မတိုင်ခင် လေဗာကူဆင်၊ အေစီမီလန် တို့နဲ့ ရာသီကြို ခြေစမ်းပွဲ တချို့ ကစားဖို့ စီစဉ်ထားပါတယ်။ အဲဒီနောက် ချဲလ်ဆီးက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ်ကို ဩဂုတ်လ ၁၇ ရက်နေ့မှာ လန်ဒန် မြိုခံပြိုင်ဘက် ခရစ္စတယ်လ်ပဲလေ့စ်နဲ့ စဖွင့်ရမှာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.