နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကစားသမားဟောင်း ဒီဘရွန်းနားကို ပြန်လည် ခေါ်ယူချင်နေတဲ့ ချဲလ်ဆီး၊ စပါးကို ပြန်လာဖွယ် ရှိနေတဲ့ ပိုချက်တီနို | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ချဲလ်ဆီး ကတော့ မန်စီးတီး ကနေ ရာသီကုန်မှာ ထွက်ခွာမယ့် ကွင်းလယ်လူ ကီဗင် ဒီဘရွန်းနားကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဘယ်လ်ဂျီယံသားဟာ ၂၀၁၂ ကနေ ၂၀၁၄ ခုနှစ် အထိ စတန်းဖို့ဒ်ဘရစ်ချ်မှာ နှစ်နှစ်ကြာ ကစားခဲ့သူ ဖြစ်ပါတယ်။ တချို့သော သတင်းတွေ မှာ‌တော့ ဒီဘရွန်းနားကို ပရီးမီးယားလိဂ် ကလပ်ပဲ ဖြစ်တဲ့ အက်စတွန်ဗီလာ အပြင် မေဂျာလိဂ် ကလပ်တွေ ကလည်း ခေါ်ယူချင်နေကြောင်း ဖော်ပြထားပါတယ်။

မန်ချက်စတာယူနိုက်တက် ဗဟိုခံစစ်မှူး မားသီးယက်စ် ဒီလစ်ဂျ် ကတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ရောက်ရှိနေတဲ့ အင်တာမီလန်ရဲ့ ရေဒါထဲမှာ ပါဝင်နေပြီးတော့ ကနဦး အငှားနဲ့ အရင်ဆုံး ခေါ်ယူဖို့ ကမ်းလှမ်းလာဖွယ် ရှိနေပါတယ်။

လက်ရှိ အမေရိကန် လက်ရွေးစင် အသင်း နည်းပြ မော်ရူစီယို ပိုချက်တီနို ကတော့ တော့တင်ဟမ်ဟော့စပါး ကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေတဲ့ အန်ဂျီ ပိုစတီကိုဂလူး နေရာမှာ အစားထိုး ဝင်ရောက်ဖွယ် ရှိနေကြောင်း သိရပါတယ်။ ပိုချက်တီနိုဟာ ပရီးမီးယားလိဂ် ကလပ်ရဲ့ နည်းပြဟောင်း ဖြစ်ပြီး ဥက္ကဌ ဖြစ်တဲ့ ဒန်နီရယ် လီဗိုင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိသူ ဖြစ်ပါတယ်။

ဘာစီလိုနာ ကတော့ ရာဖင်ညာကို ယူရို သန်း ၁၀၀ နဲ့ ကမ်းလှမ်းမှု လက်ခံရရှိရင် ဒီနွေရာသီမှာ ရောင်းချဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ၂၀၂၄-၂၀၂၅ ခုနှစ် အတွင်း ပြိုင်ပွဲစုံ ဂိုး ၃၀ သွင်းယူထားတဲ့ ဘရာဇီးလ်သား ကိုတော့ အာဆင်နယ်၊ လစ်ဗာပူးလ်နဲ့ ချဲလ်ဆီး တို့က ပစ်မှတ်ထား စောင့်ကြည့်နေပါတယ်။

ပိုချက်တီနိုဟာ ပရီးမီးယားလိဂ် ကလပ်ရဲ့ နည်းပြဟောင်း ဖြစ်ပြီး ဥက္ကဌ ဖြစ်တဲ့ ဒန်နီရယ် လီဗိုင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိသူ ဖြစ်ပါတယ်။
အသင်းဟောင်း တော့တင်ဟမ်ဟော့စပါးကို ပြန်လည် ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ ပိုချက်တီနို

ဇာဘီ အလွန်ဆို အနေနဲ့ ကာလို အန်ဆယ်လော့တီရဲ့ နေရာမှာ ရီးရဲလ်မက်ဒရစ် နည်းပြ အဖြစ် အစားထိုး ဝင်ရောက်လာခဲ့ရင်တော့ ဗဟိုနောက်ခံလူ၊ ဘယ်နောက်ခံလူနဲ့ ဗဟိုကွင်းလယ်လူ တစ်ဦးစီ ခေါ်ယူဖို့ တောင်းဆိုသွားမယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ အလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ် နည်းပြ ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

လစ်ဗာပူးလ် ကတော့ ဘုန်းမောက် ဘယ်နောက်ခံလူ မီလော့စ် ကာကက်ဇ်ကို ခေါ်ယူဖို့ ထိပ်ဆုံးက ဦးဆောင်နေပြီး ဟန်ဂေရီသားရဲ့ အသင်းဖော် ဒင်းန် ဟွတ်ဒ်ဆန် ကိုလည်း အပြင်းအထန် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဟွတ်ဒ်ဆန်ကို ချဲလ်ဆီး ကလည်း စိတ်ဝင်စားနေပြီး လာမယ့် ဇွန်လ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် စာချုပ်ချုပ်ဆိုဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ 

အာဆင်နယ်နှင့် တော့တင်ဟမ်ဟော့စပါး တို့ကတော့ စပို့တင်းလစ္စဘွန်း ကွင်းလယ်လူ မော်တန် ဂျူးလ်မန်းကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းကြဖို့ ရှိနေပါတယ်။

အက်စတွန်ဗီလာ ကတော့ ဒီနွေရာသီမှာ အိုလီ ဝက်ကင်န်စ် အတွက် ကမ်းလှမ်းမှုတွေေရရှိဖို့ မျှော်လင့်နေပြီး လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက် တို့ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ 

မန်ချက်စတာယူနိုက်တက် ကတော့ ခရစ္စတယ်ပဲလေ့စ်က အဒမ် ဝှာတန်နဲ့ နယူးကာဆယ်က ဘရူနို ဂီမာရက်စ်တို့ ပါ၀င်သည့် စိတ်ကူးယဉ် ဗဟိုကွင်းလယ် အတွဲအဖက်ကို ဖန်တီးဖို့ ရည်မှန်းထားကြောသ်း သိရပါတယ်။

ဘေယန်မြူးနစ်နဲ့ ဂျူဗင်တပ်စ် တို့ကလည်း ခရစ္စတယ်ပဲလေ့စ်ရဲ့ အသက် ၂၁ နှစ် အရွယ် အဒမ် ဝှာတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း TEAMtalk က ဖော်ပြပါတယ်။

ဘာစီလိုနာ ကတော့ အေစီမီလန် ကွင်းလယ်လူ တီဂျန်နီ ရိုင်ရင်ဒါစ် ကို ယူရို သန်း ၅၀ နဲ့ ခေါ်ယူဖို့ စီစဥ်ထားပေမယ့် ဖရန်ကီ ဒီယောင်နဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိမှသာ ကြိုးပမ်းသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်