ဇူလိုင်လ ၁၃ ရက်နေ့ အတွက် နောက်ထပ် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ ပီအက်စ်ဂျီ ဂိုးသမား ဂျီယန်လူဝီဂျီ ဒွန်နာရမ်းမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း L’Équipe က ဖော်ပြခဲ့ပါတယ်။ အီတလီ လက်ရွေးစင် ကစားသမား ကတော့ ပီအက်စ်ဂျီနဲ့ စာချုပ် သက်တမ်း နောက်ဆုံး နှစ်ထဲကို ရောက်ရှိနေပြီး သက်တမ်း တိုးဖို့ ညှိနှိုင်းမှုတွေ ပြုလုပ်နေပေမယ့် တိုးတက်မှု မရှိသေးကြောင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ရိုဒရီဂိုရဲ့ ကြီးမားတဲ့ ပရိသတ် ဖြစ်ကြောင်း ဂျော့ဂျ် ပီကွန်က ရေးသား ဖော်ပြခဲ့ပါတယ်။ သရဲနီတွေဟာ ဘရန့်ဖို့ဒ်ရဲ့ ဘရွိုင်ယန် အမ်ဘူမိုကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ရိုဒရီဂိုကို ပစ်မှတ် စာရင်း ကနေ ဖယ်လိုက်တာ ဖြစ်ပါတယ်။
ဗစ်တာ ယိုကီးရက်စ် ကတော့ အာဆင်နယ်သို့ ပြောင်းရွှေ့ရန် အခိုင်အမာ မျှော်လင့်ထားပေမယ့်လည်း အက်တလက်တီကိုမက်ဒရစ်၊ ဂျူဗင်တပ်စ်နဲ့ မန်ချက်စတာယူနိုက်တက် တို့ကလည်း ဒီကစားသမား အတွက် စပို့တင်းလစ္စဘွန်းနဲ့ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

အာဆင်နယ်နဲ့ ချဲလ်ဆီး တို့ဟာ ဘာစီလိုနာ ကွင်းလယ် ကစားသမား မာ့ခ် ကာဆာဒိုကို ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိကြောင်း CaughtOffsideက ဖော်ပြခဲ့ပါတယ်။ ဒီစပိန်သားကို မန်ချက်စတာယူနိုက်တက် ကလည်း စိတ်ဝင်စားနေပေမယ့် လက်ရှိ အချိန်ထိတော့ ဆက်သွယ်ထားခြင်း မရှိသေးကြောင်း သိရပါတယ်။
The Telegraph ရဲ့ ဖော်ပြချက်အရ နယူးကာဆယ် ယူနိုက်တက်ဟာ ဖရန့်ဖတ် တိုက်စစ်မှူး ဟူဂို အစ်ကီတီကီကို ခေါ်ယူရန် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ပြောင်းရွှေ့ကြေးဟာ ယူရို သန်း ၁၀၀ (ပေါင် ၈၆.၅ သန်း) ရှိနေတာကြောင့် လက်တွန့်နေကြောင်း သိရပါတယ်။
ဖလာမင်ဂို ညာနောက်ခံလူ ဝက်စ်လေ ကတော့ ရိုးမားကို ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့်လည်း ပပ် ဂွါဒီယိုလာ ကတော့ ဒီအပြောင်းအရွှေ့ကို ကြားဖြတ် ဝင်ရောက်ဖို့ မန်စီးတီးကို တွန်းအားပေးလျက် ရှိကြောင်း သိရပါတယ်။
တော့တင်ဟမ်ဟော့စပါး ကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် ဖူလ်ဟမ်နဲ့ ဝက်စ်ဟမ်း တို့က စိတ်ဝင်စားနေတဲ့ ဘေယန်မြူးနစ် ကွင်းလယ်လူ ယာအို ပါလ်ဟင်ဟာကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း TBR Football ရဲ့ ဖော်ပြချက်အရ သိရသည်။ GIVEMESPORT ကလည်း တော့တင်ဟမ်ဟော့စပါးဟာ ပါလ်ဟင်ဟာ အတွက် သဘောတူညီမှု တစ်ခု ရဖို့ အတွက် ဆက်သွယ်ခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ခရစ္စရှန် ဖော့ခ်ရဲ့ ဖော်ပြချက် အရ ပါလ်ဟင်ဟာကို အက်စတွန်ဗီလာနဲ့ ဘရိုက်တန် ကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဖီနာဘာချီ ကတော့ အက်စတွန်ဗီလာ တောင်ပံ ကစားသမား လီယွန် ဘိုင်လီကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း Foot Mercato ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဂျမေကာ လက်ရွေးစင် ကစားသမား ကတော့ ၂၀၂၇ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေပြီး ဗီလာ အနေနဲ့ နောက်ထပ် တစ်နှစ် ထပ်မံ သက်တမ်းတိုးခွင့် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.