နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အူပါမီကာနိုကို ခေါ်ယူချင်တဲ့ အသင်းတွေထဲ ပါဝင်လာတဲ့ ချဲလ်ဆီး၊ ယူနိုက်တက်ရဲ့ ပစ်မှတ် ဖြစ်လာတဲ့ ပက်ဗ်လိုဗစ်ချ် | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ အောက်တိုဘာလ ၂၅ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ချဲလ်ဆီး ကတော့ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ် ဗဟိုခံစစ်မှူး ဒါယော့တ် အူပါမီကာနိုကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ ပါဝင်လာပါတယ်။ ပြင်သစ် ခံစစ်မှူး ကိုတော့ ချဲလ်ဆီးက ပရီးမီးယားလိဂ် ပြိုင်ဘက် လစ်ဗာပူးလ်နဲ့ အပြိုင် ကြိုးစားဖို့ အဆင်သင့် ဖြစ်နေကြောင်းလည်း သိရပါတယ်။ တစ်ဖက် မှာလည်း လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကလည်း ၂၀၂၆ မှာ အူပါမီကာနိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါသေးတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ဘီလ်ဘာအို ကွင်းလယ် ကစားသမား အီဟန် ဆန်းချက်နဲ့ စပို့တင်း CP နောက်ခံလူ အူစမန် ဒီယိုမန်ဒီ တို့ကို လာမယ့် ဇန်နဝါရီလမှာ ခေါ်ယူဖို့ စီစဉ်နေပါတယ်။ ဒီကစားသမား နှစ်ဦး အတွက် ပရီးမီးယားလိဂ် ကလပ်က ယူရို ၁၂၀ သန်း (ပေါင် ၁၀၄.၅ သန်း၊ ဒေါ်လာ ၁၃၉.၃ သန်း) သုံးစွဲဖို့ အဆင်သင့် ရှိနေတယ်လို့လည်း သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ်ရဲ့ နောက်ထပ် ပစ်မှတ် တစ်ခု ကတော့ ဘေယန်မြူးနစ် ကွင်းလယ် ကစားသမား အလက်ဇန္တား ပက်ဗ်လိုဗစ်ချ် ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့် ကစားသမားရဲ့ ယူရို သန်း ၈၀ (ပေါင် ၆၉.၇ သန်း၊ ဒေါ်လာ ၉၂.၉ သန်း) တန်ကြေးက ယူနိုက်တက် အတွက် သိသာ ထင်ရှားတဲ့ အခက်အခဲ ဖြစ်လာဖို့ ရှိနေပါတယ်။ 

အဲဗာတန် ကတော့ တိုက်စစ်မှူး အသစ် တစ်ဦး ခေါ်ယူဖို့ အတွက် ရန်ပုံငွေ ရှာဖွေနေပြီး တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ရစ်ချာလီဆင်ကို ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ 

မန်ချက်စတာစီးတီး ကတော့ အက်စတွန်ဗီလာနဲ့ ဝက်စ်ဟမ်းယူနိုက်တက် တို့က ခေါ်ယူချင်နေတဲ့ ကွင်းလယ်လူ မာတေးယို ကိုဗာချစ် အတွက် ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။ 

ဂျူဗင်တပ်စ် နောက်ခံလူ ပီယာ ကာလူလူ ကတော့ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ရဲ့ ပစ်မှတ် ဖြစ်နေကြောင်း သိရပါတယ်။

အာဆင်နယ် ကတော့ အသက် ၁၅ နှစ် အရွယ် မောင့်ပယ်လီယာ တိုက်စစ်မှူး လာစင်း မက်နန် ပါဗီ ကို ဘာစီလိုနာနဲ့ အပြိုင် ခေါ်ယူဖို့ စီစဉ်နေတယ်လို့ L’Équipe က ဖော်ပြပါတယ်။

ပရီးမီးယားလိဂ် ကလပ်ရဲ့ နောက်ထပ် ပစ်မှတ် တစ်ခု ကတော့ ဘေယန်မြူးနစ် ကွင်းလယ် ကစားသမား အလက်ဇန္တား ပက်ဗလိုဗစ်ချ် ဖြစ်ကြောင်း သိရပါတယ်။
ပက်ဗ်လိုဗစ်ချ်ကို ယူရို သန်း ၈၀ ရရှိမှသာ ရောင်းထုတ်ဖွယ် ရှိနေတဲ့ ဘေယန်မြူးနစ်

ချဲလ်ဆီး ကတော့ ရီးရဲလ်မက်ဒရစ် ကွင်းလယ် ကစားသမား အက်ဒူယာဒို ကာမာဗင်ဂါ အတွက် ယူရို ၈၀ သန်း (ပေါင် ၆၉.၇ သန်း၊ ဒေါ်လာ ၉၂.၉ သန်း) နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း စပိန် အသင်း ကတော့ ငွေကြေး မလိုအပ်တာကြောင့် အလဲအလှယ် သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် အန်ဇို ဖာနန်ဒက်ဇ် သို့မဟုတ် မွိုက်စ် ကိုင်စီဒိုကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ 

ကိုင်စီဒို ကတော့ ချဲလ်ဆီး ကနေ ထွက်ခွာဖို့ စိတ်မဝင်စားပဲ လန်ဒန် ကလပ် ကလည်း ဒီကစားသမား အတွက် ဘယ်ကမ်းလှမ်းမှု ကိုမှ လက်ခံမှာ မဟုတ်ကြောင်း သိရပါတယ်။

ဂရိ ကလပ် ပါနာသီနေကော့စ် ကတော့ အသင်းရဲ့ နည်းပြသစ် အဖြစ် စပိန် လူမျိုး နည်းပြ ဘင်နီတက်ဇ်ကို တရားဝင် ခန့်အပ်ခဲ့ပါတယ်။ အသက် ၆၅ နှစ် အရွယ် ဘင်နီတက်ဇ်ဟာ သူ့ရဲ့ နည်းပြ ဘဝမှာ ၁၅ သင်းမြောက် ကိုင်တွယ်တဲ့ ကလပ် ဖြစ်လာခဲ့တယ်။ ဂရိ အမှတ်ပေးချန်ပီယံဆုကို အကြိမ် ၂၀ ဆွတ်ခူးထားတဲ့ ပါနာသီနေကော့စ်ဟာ အမှတ်ပေးဇယားမှာ အဆင့် ၂၀ နေရာ ရောက်ရှိနေပြီး ယူရိုပါလိဂ် နှစ်ပွဲဆက် အရေးနိမ့်ခဲ့လို့ ယခင်နည်းပြ ခရစ္စတော့ကွန်တစ်ကို ထုတ်ပယ်ခဲ့တာ ဖြစ်တယ်။

ဘင်နီတက်ဇ်ဟာ လာလီဂါ ကလပ် ဆယ်လ်တာဗီဂို အသင်းကို နောက်ဆုံးကိုင်တွယ်ခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လက ထုတ်ပယ်ခံခဲ့ရပါတယ်။ ၎င်းဟာ ပါနာသီနေကော့စ်နဲ့ နှစ်နှစ် စာချုပ် ချုပ်ဆိုခဲ့ပြီး ယူရို ၄ သန်း ဝန်းကျင် ရရှိမယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ဘင်နီတက်ဇ် အနေနဲ့ လစ်ဗာပူးလ်၊ ချဲလ်ဆီး၊ နယူးကာဆယ်၊ အဲဗာတန် စတဲ့ ပရီးမီးယားလိဂ် ကလပ်တွေကို ကိုင်တွယ်ခဲ့ဖူးပါတယ်။

ဝက်စ်ဟမ်းဟာ လိဒ်စ်ကို ၁-၂ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ၃၂ နှစ် အတွင်း အဆိုးရားဆုံး ရာသီအစ ရလဒ်နဲ့ ရင်ဆိုင်နေရပါတယ်။ နည်းပြသစ် နူနို အက်စ်ပီရီတို ဆန်တို လက်ထက် ၃ ပွဲ ဆက်တိုက် အရေးနိမ့်ခဲ့ပြီး နိုင်ပွဲမရသေးပါဘူး။ ဝက်စ်ဟမ်း အနေနဲ့ ပရီးမီးယားလိဂ် ၉ ပွဲမှာ ၁ ပွဲ နိုင်၊ ၁ ပွဲ သရေကျပြီး ၇ ပွဲ အထိ အရေးနိမ့်ခဲ့တာပါ။ လက်ရှိအမှတ်ပေးဇယား မှာလည်း အဆင့် ၁၉ နေရာအထိ ရောက်ရှိနေတာ ဖြစ်တယ်။ ဒါဟာ ၁၉၃၂-၃၃၊ ၁၉၇၃-၇၄ ရာသီတွေ ပြီးနောက် အသင်းရဲ့ အဆိုးရွားဆုံး ရာသီအစ ရလဒ်နဲ့ ရင်ဆိုင်နေရတာပါ။ ဝက်စ်ဟမ်းဟာ ၂၀၁၂-၁၃ ရာသီမှာ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာပြီးကတည်းက တန်းမဆင်းရတော့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်