နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရုန်းကန်နေရတဲ့ စပါးဆီက ဖူလ်ဟမ်တို့ ရမှတ်တွေ လုယူနိုင်မလား | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

တော့တင်ဟမ်ဟော့စပါး – ဖူလ်ဟမ်

ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ ရဲ့ လန်ဒန်ဒါဘီ တွေ့ဆုံမှု အဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ ဖူလ်ဟမ်တို့ ကစားမယ့် ပွဲစဉ်လည်း ရှိနေပါသေးတယ်။ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေတဲ့ စပါးတို့ မြို့ခံ ပြိုင်ဘက် ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ဧည့်ခံရချိန်မှာ ရလဒ်ကောင်း တစ်ခု ပြန်လည် ရှေတွေ့သွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးက ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားပြီး နောက်ဆုံး ၃ ပွဲမှာ ၁ ပွဲ၊ ၂ ပွဲ ရှုံးထားပါတယ်။ တစ်ခုရှိတာက စပါးဟာ နောက်ဆုံး ၃ ပွဲမှာ ချဲလ်ဆီး၊ ယူနိုက်တက်၊ အာဆင်နယ် တို့နဲ့ ဆက်တိုက် တွေ့ဆုံခဲ့ရတာကြောင့်လည်း ဒီလို ရလဒ်မျိုးတွေ ရရှိခဲ့တာလို့ သတ်မှတ်လို့ ရပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရှိနေတဲ့ စပါးက အဆင့် ၄ နေရာက ဗီလာနဲ့ ၃ မှတ်သာ ကွာဟနေတာကြောင့် အဆိုးကြီးတော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် လက်ရှိ အခြေအနေအရ ကြည့်မယ် ဆိုရင် သောမက်စ် ဖရန့်ခ်ရဲ့ အသင်းက အန့်ဂျီ ပိုစတီကိုဂလူးရဲ့ အသင်းထက် တိုးတက်လာတာမျိုး မမြင်ရသေးပါဘူး။ ဒါကလည်း အသင်းမှာ ရှိတဲ့ ထိပ်တန်း ကစားသမားတွေ အနေနဲ့ ပုံမှန် ခြေစွမ်းအောက် ရောက်ရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စပါးရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်း စွမ်းဆောင်ရည် ကတော့ တော်တော်လေး ဆိုးရွားနေပြီး ၁ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၃ ပွဲ ရှုံးထားတာ တွေ့ရပါတယ်။

မာကို ဆေးလ်ဗားရဲ့ ဖူလ်ဟမ် ကတော့ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေပေမယ့် နောက်ဆုံး ပွဲမှာတော့ ခြေစွာနေတဲ့ တန်းတက် ဆန်းဒါးလန်းကို အနိုင်ယူပြီး ရမှတ်တွေ ပြန်လည် ရှာဖွေထားနိုင်ပါတယ်။ ဖူလ်ဟမ်က လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရပ်တည်နေပေမယ့် တန်းဆင်းဇုန်နဲ့လည်း ၃ မှတ်သာ ကွာဟနေပါတယ်။ ဖူလ်ဟမ်ဟာ စပါး အိမ်ကွင်းမှာ ကစားတိုင်း အမြဲတမ်း ရှုံးနေတဲ့ အသင်းမျိုး မဟုတ်ပဲ တချို့ပွဲတွေ အပြန်အလှန် ကစားနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း ကော့တေဂျာ တို့ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင်တော့ ၁ ပွဲ သရေ၊ ၆ ပွဲ ရှုံးထားလို့ အားရစရာတော့ မရှိပါဘူး။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ စပါး ဘက်က ခရစ္စရှန် ရိုမီယို၊ တာကာအီ၊ ဒရာဂူဆင်၊ မက်ဒီဆင်၊ ဘစ်ဆူးမား၊ ကူလူဆက်ဗ်စကီး၊ ဆိုလန်ကီ တို့ လွဲချော်မှာ ဖြစ်ပါတယ်။

စပါးရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်း စွမ်းဆောင်ရည် ကတော့ တော်တော်လေး ဆိုးရွားနေပြီး ၁ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၃ ပွဲ ရှုံးထားတာ တွေ့ရပါတယ်။
အိမ်ကွင်းမှာ ရှုံးပွဲ ၃ ပွဲအထိ ရှိထားတဲ့ တော့တင်ဟမ်ဟော့စပါး

ဖူလ်ဟမ် ဘက်မှာတော့ အန်တိုနီ ရော်ဘင်ဆင်၊ ရိုဒရီဂို မူနစ်ဇ်တို့ လွဲချော်မှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

တော့တင်ဟမ်ဟော့စပါး – ဗစ်ကာရီယို၊ ပေါ်ရို၊ ဒန်ဆို၊ ဗန်ဒီဗန်၊ အူဒိုဂီ၊ ပါလ်ဟင်ဟာ၊ ဘာ့ဂျ်ဗဲလ်၊ ကူဒု့စ်၊ ဆီမွန်စ်၊ ရစ်ချာလီဆင်၊ ကိုလို မူအာနီ

ဖူလ်ဟမ် – လန်နို၊ တီတီ၊ အန်ဒါဆန်၊ ဘက်ဆေး၊ ဆက်ဂ်ဆနွန်၊ ဘာ့ဂျ်၊ လူကစ်၊ ဝီလ်ဆင်၊ အီဝိုဘီ၊ ချူကွီဇီ၊ ဟင်မီနက်ဇ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၂၁ ကြိမ် တွေ့ဆုံရာမှာ စပါးက ၁၄ ကြိမ် အထိ အနိုင်ရပြီး ၃ ကြိမ် သရေကျကာ ဖူလ်ဟမ်က ၄ ကြိမ် နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ၂ ကြိမ်စီ အနိုင်ရထားပြီး ၁ ကြိမ် သရေကျထားပါတယ်။ စပါး အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၉ ကြိမ် မှာတော့ စပါးက ၆ ကြိမ် အထိ အနိုင်ရကာ ဖူလ်ဟမ်က ၁ ကြိမ်သာ ပြန်လည် အနိုင်ရခဲ့တာ တွေ့ရပါတယ်၊

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ စပါး နိုင်ရင် ၂.၂၀ ဆ၊ ဖူလ်ဟမ် နိုင်ရင် ၃.၀၀ ဆနဲ့ သရေ ဆိုရင်တော့ ၃.၁၉ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ စပါး ဘက်က ခပ်ပါးပါး ကြေးပေါက်နေပြီး ဂိုးပေါင်း ကတော့ ၂.၂၅၊ ၂.၅၊ ၂.၇၅ ဆိုပြီး ဖွင့်လှစ်ပေးထားပါတယ်။ အိမ်ကွင်း ရလဒ် ဆိုးရွားနေတဲ့ စပါးကို ဖူလ်ဟမ်တို့ အသာရသွားမလား ဆိုတာ စိတ်ဝင်စားစရာ ကောင်းတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာမှာပါ။ ဖူလ်ဟမ်တို့ စပါးရဲ့ ခံစစ် အားနည်းချက်တွေကို တနည်းမဟုတ် တနည်းနဲ့တော့ အခွင့်ကောင်းယူသွားနိုင်ပါတယ်။ ဒီပွဲ အတွက် ဆိုရင်တော့ ဂိုးအနည်းနဲ့ သရေပဲ ကြိုက်နေမိပါတယ်။

ခန့်မှန်းရလဒ်

တော့တင်ဟမ်ဟော့စပါး ၁-၁ ဖူလ်ဟမ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်