နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချဲလ်ဆီးတို့ စီးတီးဂရောင်းမှာ သက်တောင့်သက်သာ နိုင်ပွဲရသွားနိုင်မလား | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

နော့တင်ဟမ်ဖောရက်စ် – ချဲလ်ဆီး

ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြန်လည် စတင်ဖို့ ရှိပြီး ပွဲစဉ် ၈ ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် နော့တင်ဟမ်ဖောရက်စ်က ချဲလ်ဆီးကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ နည်းပြ အန်ဂျီ ပိုစတီကိုဂလူး လက်ထက်မှာ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေတဲ့ နော့တင်ဟမ်ဖောရက်စ်ကို ချဲလ်ဆီးတို့ သက်တောင့်သက်သာ အသာရသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

နော့တင်ဟမ်ဖောရက်စ်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေပြီးတော့ ပရီးမီးယားလိဂ် မှာတော့ နိုင်ပွဲ ၁ ပွဲသာ ရထားပါသေးတယ်။ လက်ရှိအချိန် ရမှတ် ၅ မှတ်သာ ရရှိထားပြီး တန်းဆင်းဇုန်ရဲ့ အထက်မှာ ရပ်တည်နေတဲ့ အထိ တော်တော်လေး အခြေအနေ ဆိုးရွားနေတာပါ။ တကယ်တော့ ဖောရက်စ်မှာ ကစားသမားကောင်းတွေ အများကြီးပါပဲ။ အသင်းတွင်း ပြဿနာတွေနဲ့ နည်းပြ အပြောင်းအလဲတွေကြောင့် ဆရာများ သားသေ ဖြစ်နေပုံပါပဲ။ ပိုစတီကိုဂလူး အနေနဲ့လည်း ဒီပွဲမှာသာ ရလဒ်မကောင်းခဲ့ရင် ကျိန်းသေပေါက် ဂျောင်းရတော့မယ့် အခြေအနေ ဖြစ်တာကြောင့် အသေအချာ ပြင်ဆင်လာမယ့် သဘော ရှိပါတယ်။ 

အန်ဇို မာရက်စ်ကာရဲ့ ချဲလ်ဆီး ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လစ်ဗာပူးလ်ကို ထိုက်တန်စွာ အနိုင်ယူထားပါတယ်။ ဒါပေမယ့်လည်း ရှေ့ပွဲတွေမှာ ရလဒ်မကောင်းခဲ့တာကြောင့် အဆင့် ၇ နေရာ အထိသာ တက်လှမ်းနိုင်ခဲ့ပြီး ဇယား ထိပ်က အသင်းတွေနဲ့ ရမှတ်တွေ ကွာဟနေဆဲ ဖြစ်ပါတယ်။ ချဲလ်ဆီးရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်တွေကို ပြန်ကြည့်ရင်တော့ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲ ရှုံးထားပြီး သိပ်ပြီး အားရစရာ ကောင်းမနေပါဘူး။ လက်ရှိမှာ ချဲလ်ဆီး ကွင်းလယ်က အန်ဇို ဖာနန်ဒက်ဇ်နဲ့ မွိုက်စ် ကိုင်စီဒိုတို့ တော်တော်လေး ခြေစွမ်းပြနေပြီး ဂါနာချို၊ နီတို၊ ယာအို ပက်ဒရို တို့ကလည်း သက်ရောက်မှု ကြီးမားနေပါတယ်။ ဒီပွဲမှာ ရလဒ်ကောင်း တစ်ခု အတွက် ဒီကစားသမားတွေကို ချဲလ်ဆီးတို့ ကျိန်းသေပေါက် အားကိုးရဦးမှာ ဖြစ်ပါတယ်။ 

 

နှစ်ဖက်အသင်း သတင်းများ

နော့တင်ဟမ်ဖောရက်စ်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေပြီးတော့ ပရီးမီးယားလိဂ် မှာတော့ နိုင်ပွဲ ၁ ပွဲသာ ရထားပါသေးတယ်။
ပရီးမီးယားလိဂ် တန်းဆင်းဇုန်ရဲ့ အထက်မှာ ရပ်တည်နေတဲ့ နော့တင်ဟမ်ဖောရက်စ်

အခုပွဲကိုတော့ နော့တင်ဟမ်ဖောရက်စ် ဘက်က အိုင်နာ လွဲချော်မှာ ဖြစ်ပြီး ဇင်ချန်ကိုနဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ် ကလည်း ပါဝင်ကစားဖို့ မသေချာသေးပါဘူး။

ချဲလ်ဆီး မှာတော့ နည်းပြ အန်ဇို မာရက်စ်ကာ (အနီကတ်)၊ လီဗီ ကိုးလ်ဝဲလ်၊ အန်ဒရေ ဆန်းတို့စ်၊ ကိုးလ်ပါးလ်မား၊ အက်ဆူဂို၊ ဒီလက်ပ် တို့ ကျိန်းသေပေါက် လွဲချော်မှာပါ။ ဒါ့အပြင် တိုဆင်၊ ဖိုဖာနာ၊ ဘာဒီယာရှီးလ်၊ အန်ဇို ဖာနန်ဒက်ဇ်၊ အာချင်မ်ပေါင်၊ ရိစ် ဂျိမ်းစ် တို့ကတော့ ပါဝင်ကစားဖို့ မသေချာ ဖြစ်နေပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

နော့တင်ဟမ်ဖောရက်စ် – ဆဲလ်စ်၊ မီလန်ကိုဗစ်၊ မိုရာတို၊ ကူညာ၊ ဝီလီယမ်စ်၊ အန်ဒါဆန်၊ ရိတ်စ်၊ ဆာဗိုနာ၊ အန်ဒိုရီ၊ ဂစ်ဘ်ဝှိုက်၊ ဝုဒ်

ချဲလ်ဆီး – ဆန်းချက်ဇ်၊ ရိစ် ဂျိမ်းစ်၊ အာချင်မ်ပေါင်၊ ဘာဒီယာရှီးလ်၊ ကူကာရယ်လာ၊ ဂူစတို၊ ကိုင်စီဒို၊ နီတို၊ အန်ဇို ဖာနန်ဒက်ဇ်၊ ဂါနာချို၊ ယာအို ပက်ဒရို

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၉ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဖောရက်စ်က ၁ ကြိမ်နိုင်၊ ၃ ကြိမ် သရေကျပြီး ချဲလ်ဆီးက ၅ ကြိမ် အနိုင်ရထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ ချဲလ်ဆီးက ၂ ကြိမ်နိုင်၊ ၂ ကြိမ် သရေကျပြီး ၁ ကြိမ် ရှုံးထားပါတယ်။ စီးတီးဂရောင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ကြိမ် မှာတော့ ချဲလ်ဆီးက ၂ ကြိမ်နိုင်၊ ၁ ကြိမ် သရေကျခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ နော့တင်ဟမ်ဖောရက်စ် နိုင်ရင် ၃.၄၈ ဆ နီးပါး ရမှာ ဖြစ်ပြီး ချဲလ်ဆီး နိုင်ရင်တော့ ၁.၉၂ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၄၁ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း ချဲလ်ဆီးက သရေ တစ်ဝက်ရှုံး၊ သရေရှုံး၊ တစ်လုံး တစ်ဝက်စားကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ထုံးစံအတိုင်း ၃ လုံး သွင်းရင် ဂိုးပေါ်သမားတွေ စိတ်ချရပါပြီ။ လက်ရှိ ဖောရက်စ်ရဲ့ တပ်ပျက်နေတဲ့ အခြေအနေအရ ချဲလ်ဆီးတို့ အဝေးကွင်းမှာ အနိုင် ၃ မှတ်ကို သက်တောင့်သက်သာ ရယူနိုင်ဖို့ ရှိနေပါတယ်။ ဂိုးပြတ်ဖို့တော့ မရှိပါဘူး။

ခန့်မှန်းရလဒ်

နော့တင်ဟမ်ဖောရက်စ် ၁-၂ ချဲလ်ဆီး

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်