နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက် ကနေ ထွက်ခွာဖို့ မရှိသေးပဲ လာမယ့်နှစ် ကမ္ဘာ့ဖလား ပြီးမှသာ အနာဂတ်ကို ဆုံးဖြတ်မယ့် ဘရူနို ဖာနန်ဒက်စ် | ပရီးမီးယားလိဂ်

ဘရူနို ဖာနန်ဒက်စ် ကတော့ သူ့ အနေနဲ့ မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာဖို့ မရှိသေးသလို အနာဂတ်နဲ့ ပတ်သတ်လို့ နောက်နှစ် ကမ္ဘာ့ဖလား အပြီး မှသာ ပြောဆိုသွားဖို့ ရှိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ပေါ်တူဂီသားဟာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာနိုင်ကြောင်း မကြာခဏ ဆိုသလို သတင်းတွေ ထွက်ပေါ်လေ့ ရှိသူ ဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီမှာ စပို့တင်းလစ္စဘွန်း ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ဒီနေ့ ဘရိုက်တန်နဲ့ ယှဉ်ပြိုင် ကစားမယ့် ပွဲက သူ့ အတွက် ယူနိုက်တက် ကစားသမားဘဝ ပွဲ ၃၀၀ ပြည့်လည်း ဖြစ်လာမှာပါ။ ဘရူနိုဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာပြီးကတည်းက စုစုပေါင်း ၁၇ ပွဲသာ လွဲချော်ခဲ့ပြီး အဲဒီထဲက ၃ ပွဲက ဖျားနာမှု ဒါမှမဟုတ် ဒဏ်ရာကြောင့် ဖြစ်ပါတယ်။

သူဟာ ပရီးမီးယားလိဂ် ကလပ် အတွက် အဓိက ကစားသမား တစ်ယောက် ဖြစ်နေပြီး လက်ရှိအချိန်ထိ ဂိုးပါဝင် ပတ်သတ်မှု ၁၈၄ ကြိမ် (သွင်းဂိုး ၁၀၀၊ ဂိုးဖန်တီးမှု ၈၄ ကြိမ်) ရှိထားပါတယ်။ ပေါ်တူဂီ ကွင်းလယ်လူက ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ ဆော်ဒီပရိုလိဂ် ထိပ်သီး အဲလ်ဟီလယ်ရဲ့ မြင့်မားတဲ့ ငွေကြေးနဲ့ ကမ်းလှမ်း ငြင်းဆန်ခဲ့ပြီး ယူနိုက်တက် ကနေ ထွက်ခွာဖို့ ရည်ရွယ်ချက် မရှိကြောင်း ပွင့်လင်းစွာ တုန့်ပြန်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ရဲ့ လက်ရှိ စာချုပ်ဟာ ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် နောက်ထပ် တစ်နှစ် သက်တမ်းတိုးခွင့် ရှိနေပါတယ်။ 

ဒီအချိန်မှာ ဘရူနို ဖာနန်ဒက်စ်က “ကျွန်တော် အမြဲပြောခဲ့သလိုပါပဲ။ ကျွန်တော် ဒီမှာ နေရာတာ ခံစားချက် ကောင်းပါတယ်။ ကျွန်တော့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်ပါသေးတယ်။ ကလပ် အသင်း အတွက်တော့ ကျွန်တော် မပြောနိုင်ပါဘူး။ နောက်ရာသီမှာ ကျွန်တော် ထွက်သွားဖို့ သဘောတူညီချက် ရထားပြီးပြီလို့ လူတော်တော်များများ ပြောနေတာကို ကျွန်တော် တွေ့ခဲ့ရပါတယ်။ ကလပ် အသင်းက အဲဒီ သဘောတူညီချက်ကို လုပ်ပြီးသွားရင်တော့ အဲဒါ ကျွန်တော် လုပ်တာ မဟုတ်ပါဘူး။ ကျွန်တော် ဘယ်သူ့နဲ့မှ မပြောရသေးပါဘူး။”

ဘရူနိုဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာပြီးကတည်းက စုစုပေါင်း ၁၇ ပွဲသာ လွဲချော်ခဲ့ပြီး အဲဒီထဲက ၃ ပွဲက ဖျားနာမှု ဒါမှမဟုတ် ဒဏ်ရာကြောင့် ဖြစ်ပါတယ်။
ယူနိုက်တက်ကို ပြောင်းရွှေ့လာပြီးကတည်းက စုစုပေါင်း ၁၇ ပွဲသာ လွဲချော်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်

“ကျွန်တော့်ရဲ့ အေးဂျင့် ကလည်း ကျွန်တော် ဘယ်လို အလုပ်လုပ်လဲ ဆိုတာ သိပါတယ်။ သူ ကျွန်တော်နဲ့ စကားပြောချင်ရင် ကမ္ဘာ့ဖလားပြီးမှ ပြောမှာပါ။ အဲဒီအချိန်အထိ ဘယ်သူ့နဲ့မှ ကျွန်တော် မပြောပါဘူး။” လို့ ဘရူနို ဖာနန်ဒက်စ်က ပြောကြားသွားခဲ့ပါတယ်။

အဲလ်ဟီလာက ဘရူနို အတွက် ပြောင်းရွှေ့ကြေးက ပေါင် ၁၀၀ သန်းကျော် ပြင်ဆင်ထားကြောင်း သတင်းတွေ ထွက်နေပြီး ဒါက ကလပ် စံချိန်တင် အပြောင်းအရွှေ့ ဖြစ်လာမှာပါ။ ဒါပေမယ့် ရူဘင် အမော်ရင်က သူ ယူနိုက်တက်ကို ရောက်ရှိလာချိန်ကတည်းက ဖာနန်ဒက်စ်ကို အခြေတည်ပြီး အသင်းကို တည်ဆောက်သွားချင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားခဲ့ပါတယ်။

ဒါကြောင့် ဖာနန်ဒက်စ်က အမော်ရင်ရဲ့ သဘောထားနဲ့ ပတ်သတ် ပြီးတော့လည်း “သူက ကျွန်တော့် ကိုမှ မဟုတ်ဘူး၊ ပိုကောင်းတဲ့ အသင်း တစ်သင်း ဖြစ်လာအောင် ကူညီပေးမယ့် ကစားသမားတွေ ပိုလိုချင်သူပါ။” လို့ ပြန်လည် ဖွင့်ဟသွားခဲ့ပါတယ်။

ဘရူနိုဟာ မန်ချက်စတာမှာ ၆ နှစ် နီးပါးကြာ ကာလ အတွင်း ခရာဘောင်ဖလားနဲ့ အက်ဖ်အေဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့သလို ယူရိုပါလိဂ် ဗိုလ်လုပွဲကို ၂ ကြိမ် (၂၀၂၁၊ ၂၀၂၅) တက်ရောက်ခဲ့ပေမယ့် ၂ ကြိမ်စလုံး ရှုံးနိမ့်ခဲ့ပါတယ်။ ယူနိုက်တက် အသင်းခေါင်းဆောင်ဟာ အဲဒီလို အောင်မြင်မှုတွေကို ထပ်လောင်း ရယူဖို့ စိတ်ပိုင်းဖြတ်ထားပြီး အသင်း အောင်မြင်မှုဟာ သူ့အတွက် တစ်ဦးချင်း အောင်မြင်မှုတွေထက် များစွာ ပိုအရေးကြီးကြောင်း လက်ခံထားပါတယ်။

ဘရူနိုက “လူတွေ ကျွန်တော့် အကြောင်း ကောင်းတာတွေပဲ ပြောစေချင်တာပေါ့။ အဲဒါမှ မဟုတ်ရင် ကျွန်တော် မပြောရင် လိမ်ရာကျမှာပေါ့။ ဒါပေမယ့် အသင်းနဲ့ အတူ အောင်မြင်မှုတွေ လိုချင်ပါတယ်။ အဲဒါက ယူနိုက်တက်မှာ ကျွန်တော် ပျောက်ဆုံးနေတဲ့ အရာပါ။ ဒီကလပ် လိုချင်တဲ့ အောင်မြင်မှုနဲ့ ကျွန်တော် စာချုပ်ချုပ်တုန်းက ကျွန်တော် လိုချင်တဲ့ အောင်မြင်မှုကို ကျွန်တော့် ထပ်တူကျအောင် မလုပ်နိုင်သေးပါဘူး။ ကျွန်တော့်ရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်က ကျွန်တော့်ကို တစ်နေရာရာကို ရောက်စေမှာပါ၊ ဒါပေမယ့် ကျွန်တော် ရောက်ချင်တဲ့ နေရာ မှာတော့ မဟုတ်သေးပါဘူး။ ကျွန်တော် ဆုဖလားတွေ ရယူချင်ပါတယ်။ ကျွန်တော့်ရဲ့ တစ်ဦးချင်း ကိန်းဂဏန်းတွေကို သာမက ကလပ် အတွက် ကျွန်တော် လုပ်ခဲ့တဲ့ ကောင်းတဲ့ အရာများစွာ အတွက် အသိအမှတ်ပြုခံရချင်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်