ဘရိုက်တန် – နယူးကာဆယ်
ပရီးမီးယားလိဂ် ပွဲစဉ် ၈ ရဲ့ နောက်ထပ် ပွဲကောင်း တစ်ပွဲ အဖြစ် ဘရိုက်တန်နဲ့ နယူးကာဆယ်တို့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ နောက်ပိုင်း ပွဲတွေမှာ ရလဒ်တွေ ကောင်းနေတဲ့ နှစ်သင်းရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာ ဖြစ်ပြီး အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ အဖြစ် ရှုစားရမှာ ဖြစ်ပါတယ်။
ဘရိုက်တန်က နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲဆက် ရှုံးပွဲ မရှိခဲ့ပဲ စပါးနဲ့ ချဲလ်ဆီးလို အသင်းတွေနဲ့ တွေ့ဆုံချိန်မှာတောင် အမှတ်တွေ ယူနိုင်ခဲ့ပါတယ်။ ဘရိုက်တန်ရဲ့ ဒီရာသီ ထူးခြားချက်က အသင်းကြီးတွေနဲ့ တွေ့ဆုံချိန်မှာ ရလဒ်တွေ ကောင်းနေသလောက် အသင်းငယ် အချင်းချင်း တွေ့ရင်တော့ နိုင်ပွဲရဖို့ ရုန်းကန်နေရပါတယ်။ ဘရိုက်တန်က ဒီရာသီ ပရီးမီးယားလိဂ်မှာ ၇ ပွဲ ကစားပြီးချိန်အထိ နိုင်ပွဲ ၂ ပွဲ၊ သရေ ၃ ပွဲ၊ ရှုံးပွဲ ၂ ပွဲ ရှိထားပြီး ရမှတ် ၉ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် ဘရိုက်တန်က ဒီရာသီ ပရီးမီးယားလိဂ်မှာ အိမ်ကွင်း ရှုံးပွဲ လုံးဝ မရှိထားသေးပါဘူး။
အက်ဒီဟောင်းဝ်ရဲ့ နယူးကာဆယ် ကလည်း ဒီရာသီမှာ တော်တော်လေး ယိမ်းယိုင်နေတဲ့ အသင်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၇ ပွဲ ကစားပြီးချိန်အထိ ၂ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပြီး အမှတ်ပေးဇယား အလယ်မှာ ရှိနေပါတယ်။ ဒါပေမယ့်လည်း ငှက်ကြားတွေက နောက်ပိုင်း ပွဲတွေ မှာတော့ ရလဒ်တွေ ပြန်လည်ကောင်းမွန်နေပြီး ပြီးခဲ့တဲ့ နှစ်ပွဲဆက် ဂိုးပြတ် အနိုင်ရထားပါတယ်။ နယူးကာဆယ်က ဒီရာသီမှာ ပရီးမီးယားလိဂ်မှာ အဝေးကွင်း ၃ ပွဲ ကစားထားပြီး ၃ ပွဲစလုံး သရေကျထားပါတယ်။ နောက်ပြီး ရဂိုးလည်း မရှိထားသလို ပေးဂိုးလည်း မရှိထားတာက ထူးခြားချက်ပါ။
နှစ်ဖက်အသင်း သတင်းများ
နယူးကာဆယ် ဘက်မှာတော့ ဂျက်ကော့ဘ် ရမ်ဆေး၊ လီဝစ် ဟောလ်၊ လီဝစ် မိုင်လီ၊ လစ်ဗရာမန်တို၊ ဝစ်ဆာ တို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘရိုက်တန် – ဗာဘရက်ဂျန်၊ ဝိုင်ဖာ၊ ဒန့်ခ်၊ ဗန် ဟက်ကီ၊ ကာဒီယိုဂလူ၊ ဘယ်လီဘာ့၊ အယာရီ၊ မင်တာ့ရ်၊ ရက်တာ၊ မီတိုမာ၊ ဝဲလ်ဘက်ခ်
နယူးကာဆယ် – ပုပ်၊ ထရစ်ပီယာ၊ ရှား၊ ဘော့တ်မန်း၊ ဘန်း၊ ဂီမာရေးစ်၊ တိုနာလီ၊ ဂျိုးလင်တန်၊ အီလန်ဂါ၊ ဝေါလ်တီမာဒီ၊ ဂေါ်ဒွန်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၂၂ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဘရိုက်တန်က ၉ ကြိမ်နိုင်၊ နယူးကာဆယ်က ၅ ကြိမ် နိုင်ပြီး သရေ ၈ ကြိမ် အထိ ကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ ဘရိုက်တန်က ၂ ကြိမ်နိုင်၊ နယူးကာဆယ်က ၁ ကြိမ် နိုင်ပြီး သရေ ၂ ကြိမ် ကျထားပါတယ်။ ဘရိုက်တန် အိမ်ကွင်း နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ဘရိုက်တန်က ၂ ကြိမ်နိုင်ပြီး ၃ ကြိမ် သရေကျထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘရိုက်တန် နိုင်ရင် ၂.၅၅ ဆ နီးပါး ရမှာ ဖြစ်ပြီး နယူးကာဆယ် နိုင်ရင်တော့ ၂.၅၂ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၁၉ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးလောက် ပေါက်နေပြီး ဂိုးပေါင်းကြေး ကတော့ အနည်းငယ် ပျော့နေပါတယ်။ နှစ်သင်းစလုံးက မနိုင်ရင်တောင် မရှုံးအောင် ကစားနေတဲ့ အသင်းတွေ ဖြစ်ပါတယ်။ အကြိတ်အနယ် ကစားရင်း သရေပွဲ ဖြစ်သွားဖို့ များတဲ့ ပွဲပါ။ ဂိုးအောက်လည်း သဘောကျပါတယ်။
ခန့်မှန်းရလဒ်
ဘရိုက်တန် ၁-၁ နယူးကာဆယ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.