ဘုန်းမောက် – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်
ပရီးမီးယားလိဂ် ပွဲစဉ် (၂) ရဲ့ နောက်ထပ် ပွဲကောင်း တစ်ပွဲ အဖြစ် ဘုန်းမောက်က ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ကို အိမ်ကွင်းမှာ ဧည့်ခံရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဖွင့်ပွဲမှာ ဂိုးပြတ် ရှုံးပွဲ ကိုယ်စီ ကြုံထားတဲ့ နှစ်သင်းရဲ့ အားပြိုင်မှုမှာ ဘယ်အသင်းက အသာရသွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘုန်းမောက်က အဖွင့်ပွဲစဉ်မှာ ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ လစ်ဗာပူးလ်ကို အကောင်းဆုံး တုန့်ပြန် ကစားနိုင်ခဲ့ပေမယ့် ၄-၂ ရလဒ်နဲ့ ရှုံးနိမ့်ထားပါတယ်။ အန်တိုနီယို ဆီမီညို ခြေစွမ်းပြနေပြီးတော့ ဘုန်းမောက် တို့ ဒီပွဲမှာ ရလဒ်ကောင်း ပြန်ရှာဖို့ သေချာပေါက် အားစိုက်လာပါလိမ့်မယ်။ အိုရာအိုလာရဲ့ အသင်းက ဒီနွေမှာ ကာကက်ဇ်၊ ထရေဗားစ်၊ ဇဘာညီ၊ အော့တာရာ၊ ဟောက်ဆန် တို့လို ကစားသမားကောင်းတွေကို လက်လွှတ်ထားရပေမယ့် အက်ဒ်လီ၊ ဒိုအက်ခ်၊ ဒီယာခိတ်၊ ပီထရိုဗစ်၊ ထရူးဖတ် တို့နဲ့ ပြန်လည် အားဖြည့်ထားနိုင်လို့ လူစာရင်း ကတော့ တောင့်တင်းနေဆဲ ဖြစ်ပါတယ်။ ဝုဗ်ကို နေရာစုံမှာ အားနည်းချက်တွေ များနေတဲ့ အသင်းကို ခြေစွမ်းအသာနဲ့ ကစားနိုင်ဦးမှာတော့ သေချာပါတယ်။
ဝုဗ် ကတော့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ကံဆိုးစွာနဲ့ပဲ မန်စီးတီးနဲ့ တွေ့ဆုံခဲ့ရလို့ ဂိုးပြတ် ရှုံးပွဲနဲ့ စဖွင့်လိုက်ရပါတယ်။ ကူညာ၊ အစ်နျူရီ၊ ဆာရာဘီယာ၊ ဂီဒက်စ် တို့ကို လက်လွှတ်လိုက်ရတဲ့ ဝုဗ်က ရာသီသစ်ကို ကစားသမားသစ်တွေနဲ့ အထိုင်ကျဖို့ ရုန်းကန်ရဦးမှာပါ။ ချက်ချူအာ၊ အေးရီးရာ့စ် တို့လို ကစားသမား တချို့ကိုသာ ပြန်လည် ခေါ်ယူထားနိုင်တဲ့ ဝုဗ်က လူစာရင်း အရ သိသိသာသာ အားနည်းနေပါတယ်။ အစဉ်အလာအရ ဆိုရင်တော့ ဒီနှစ်သင်းက သိပ်မကွာပေမယ့် လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှုမှာတော့ ဝုဗ်တို့ ဘုန်းမောက်ကို ယှဉ်နိုင်စွမ်းမရှိပါဘူး။
နှစ်ဖက်အသင်း သတင်းများ
ဝုဗ် ဘက်မှာတော့ အန်ဆို ဂွန်ဇာလက်ဇ် လွဲချော်မှာ ဖြစ်ပြီး ဖေဘီယို ဆေးလ်ဗား ကတော့ မသေချာသေးပါဘူး။
ဖြစ်နိုင်ဖွယ် လူစာရင်း

ဘုန်းမောက် – ပီထရိုဗစ်၊ စမစ်၊ ဒီယာခိတ်၊ ဆီနက်ဆီ၊ ထရူးဖတ်၊ အဒမ်၊ စကော့တ်၊ ဆီမီညို၊ တာဗာနီယာ၊ ဘရွတ်ခ်၊ အီဗန်နီလ်ဆင်
ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် – ဆား၊ ဒိုဟာတီ၊ တိုတီ၊ အက်ဂ်ဘာဒူ၊ ချက်ချူအာ၊ ဂိုးမက်စ်၊ အန်ဒရေ၊ ဝုဖ်၊ လိုပက်ဇ်၊ မူနတ်ဆီ၊ လာဆင်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၁၆ ကြိမ် ၁၀ ကြိမ် တွေ့ဆုံရာမှာ ဘုန်းမောက်က ၃ ကြိမ်နိုင်၊ ဝုဗ်က ၅ ကြိမ် နိုင်ပြီး ၂ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ ဘုန်းမောက်က ၃ ကြိမ် နိုင်ပြီး ဝုဗ်က ၂ ကြိမ် နိုင်ခဲ့ပါတယ်။ ဘုန်းမောက် အိမ်ကွင်းမှာ ကစားခဲ့တဲ့ ၅ ကြိမ် မှာတော့ ဝုဗ်က လုံးဝ မရှုံးထားပဲ ၃ ကြိမ်နိုင်ကာ ၂ ကြိမ် သရေကျထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘုန်းမောက် နိုင်ရင် ၁.၈၀ ဆ၊ မန်စီးတီး နိုင်ရင် ၃.၈၈ ဆ၊ သရေ ဆိုရင်တော့ ၃.၄၈ ဆ ရမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ဘုန်းမောက်က သရေ တစ်ဝက်ရှုံး၊ သရေရှုံး၊ တစ်လုံး တစ်ဝက်စား ကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ထုံးစံ အတိုင်း ၃ လုံးပါ။ လက်ရှိမှာ ဘုန်းမောက်က အဘက်ဘက်မှာ သာနေပေမယ့် ထူးခြားချက်က ဘုန်းမောက်ဟာ ဝုဗ်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်း နောက်ဆုံး ၅ ပွဲစလုံး နိုင်ပွဲ မရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ အစဉ်အလာဆိုးတွေကို ချိုးဖျက်ပြီး ဘုန်းမောက်တို့ နိုင်ပွဲ ရသွားမယ်လို့ မျှော်လင့်ပါတယ်။
ခန့်မှန်းရလဒ်
ဘုန်းမောက် ၂-၁ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.