နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လူးဝစ္စ ဒီးယက်ဇ် အတွက် ဒုတိယအကြိမ် ကမ်းလှမ်းခဲ့တဲ့ ဘေယန်၊ ယီလ်ဒစ်ဇ်ကို ယူရို ၆၅ သန်းနဲ့ ကမ်းလှမ်းခဲ့တဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

ဇူလိုင်လ ၂၆ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ် ကတော့ ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ် တောင်ပံကစားသမား လူးဝစ္စ ဒီးယက်ဇ်ကို ဒုတိယအကြိမ် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း Sky Sports Germany က ဖော်ပြခဲ့ပါတယ်။ ဒီးယက်ဇ်ဟာ ဘေယန်မြူးနစ်ကို ၄ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ ကစားဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ 

လစ်ဗာပူးလ် ကတော့ လူးဝစ္စ ဒီးယက်ဇ်ရဲ့ တန်ဖိုးကို အနည်းဆုံး ယူရို သန်း ၁၀၀ (ပေါင် ၈၆.၉ သန်း) သတ်မှတ်ထားကြောင်း The Independent က ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း Football Insider ကတော့ ကြိုးကြာနီတွေဟာ ကိုလံဘီယာ တိုက်စစ် ကစားသမား အတွက် ယူရို သန်း ၈၀ (ပေါင် ၆၉.၆ သန်း) ရရှိရင် ရောင်းထုတ်သွားမယ်လို့ သိရပါတယ်။

ဖြစ်နိုင်ခြေ ရှိတဲ့ တခြားသော ရွေးချယ်စရာတွေကို ရှာဖွေထားတဲ့ ဘေယန်မြူးနစ်က မန်ချက်စတာယူနိုက်တက် တောင်ပံ ကစားသမား အလက်ဟန်ဒရို ဂါနာချိုကို ခေါ်ယူဖို့ ဆက်သွယ် မေးမြန်းထားကြောင်း ESPN က ဖော်ပြခဲ့ပါတယ်။ အာဂျင်တီးနား လက်ရွေးစင် ကိုတော့ အက်စတွန်ဗီလာနဲ့ ချဲလ်ဆီး တို့က ခေါ်ယူဖို့ ချဉ်းကပ်နေပြီး ကစားသမား ကိုယ်တိုင် ကလည်း ပရီးမီးယားလိဂ်မှာ ဆက်ရှိနေချင်ကြောင်း သိရပါတယ်။ 

ချဲလ်ဆီး ကတော့ မကြာသေးခင်ကမှ ဂျူဗင်တပ်စ် တောင်ပံကစားသမား ကီနန် ယီလ်ဒစ်ဇ်ကို အနည်းဆုံး ယူရို ၆၅ သန်း (ပေါင် ၅၆.၅ သန်း) နဲ့ ကမ်းလှမ်းခဲ့ကြောင်း La Gazzetta dello Sport က ဖော်ပြပါတယ်။ ဒါပေမယ့်လည်း အသက် ၂၀ အရွယ် ကစားသမားဟာ ရောင်းထုတ်ဖို့ မဟုတ်ကြောင်း ဂျူဗင်တပ်စ် ဘက်က ရှင်းရှင်းလင်းလင်း တုန့်ပြန်ထားပါတယ်။ ယီလ်ဒစ်ဇ် ကိုတော့ ချဲလ်ဆီး အပြင် ပရီးမီးယားလိဂ် ထိပ်တန်း ကလပ် တော်တော်များများ ကလည်း စိတ်ဝင်စားနေကြပါတယ်။

အာဆင်နယ် မန်နေဂျာ မီခဲလ် အာတေးတား ကတော့ အေဂျက်စ် နောက်ခံလူ ဂျာရဲလ် ဟာတိုကို ခေါ်ယူဖို့ ကလပ်ကို တောင်းဆိုခဲ့တယ်လို့ Fichajes က ဖော်ပြပါတယ်။ နယ်သာလန် လက်ရွေးစင် ကတော့ လက်ရှိမှာ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ ညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။ 

ယီလ်ဒစ်ဇ် ကိုတော့ ချဲလ်ဆီး အပြင် ပရီးမီးယားလိဂ် ထိပ်တန်း ကလပ် တော်တော်များများ ကလည်း စိတ်ဝင်စားနေကြပါတယ်။
ကီနန် ယီလ်ဒစ်ဇ် အတွက် ချဲလ်ဆီးနဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့တဲ့ ဂျူဗင်တပ်စ်

မန်ချက်စတာစီးတီး ကတော့ ညာနောက်ခံလူ တီနို လစ်ဗရာမန်တိုကို ပေါင် သန်း ၅၀ တန်ကြေး ရှိတဲ့ ကမ်းလှမ်းမှုနဲ့ နယူးကာဆယ်ယူနိုက်တက်ထံ ချဉ်းကပ်မှု အသစ် တစ်ခု ပြုလုပ်ခဲ့ကြောင်း TBR Football က ဖော်ပြခဲ့ပါတယ်။ ငှက်ကြားတွေ ကတော့ လစ်ဗရာမန်တိုကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။

နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ် ကတော့ စိန့်ဂျိမ်းစ်ပါ့ခ် ကနေ ထွက်ခွာဖို့ အလားအလာ ရှိနေကြောင်း သိရပါတယ်။ အကယ်၍ အိဆက်ခ်သာ ထွက်ခွာခဲ့မယ် ဆိုရင်တော့ ငှက်ကြားတွေက ဝုဗ် တိုက်စစ်မှူး ဂျော်ဂျင် စထရန်း လာဆင်ကို ဖြစ်နိုင်ချေ ရှိတဲ့ ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။ 

ဂျူဗင်တပ်စ် ကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝစ် ကိုတော့ အဲဗာတန်၊ လစ်ဗာပူးလ်နဲ့ ဝက်စ်ဟမ်း တို့က စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ La Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ ဘရာဇီးလ် လက်ရွေးစင် ကစားသမားဟာ ရာသီကြိုခြေစမ်းပွဲ အတွက် တူရင် ကလပ်ဆီ ပြန်လာဖို့ ငြင်းဆိုထားပြီး အသင်းပြောင်းရွှေ့ဖို့သာ လိုလားနေကြောင်း သိရပါတယ်။ 

လူငယ်တောင်ပံကစားသမား မစ်ကီ မော ကိုတော့ တော့တင်ဟမ်ဟော့စပါးက လာမယ့် ရာသီ အတွက် ဆက်ထိန်းထားချင်ပေမယ့်လည်း အငှားချဖို့ ပြင်ဆင်နေပြီ ဖြစ်ကြောင်း Football Insider က ဖော်ပြခဲ့ပါတယ်။

လိုက်ပ်ဇစ် ကတော့ တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုကို ယူရို သန်း ၇၀ ကနေ ၈၀ ကြား+အပိုဆုကြေး ယူရို ၅ သန်း ကနေ ၁၀ သန်း ကြားနဲ့ ထွက်ခွာခွင့်ပေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဆက်စ်ကို ကတော့ ဒီနွေရာသီမှာ အာဆင်နယ်နဲ့ ဆွေးနွေးမှုတွေ အတော်လေး ခရီးပေါက်ခဲ့ပေမယ့် အဆင်မပြေ ဖြစ်ခဲ့ရပြီး လက်ရှိ မှာတော့ ယူနိုက်တက်နဲ့ သတင်းတွေ ထွက်နေသူ ဖြစ်ပါတယ်။ 

ဘင်ဖီကာ ကတော့ ယာအို ဖီးလစ်ကို ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ ညှိနှိုင်းဆွေးနွေးရာမှာ တိုးတက်မှုတွေ ရှိနေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်