အက်စတွန်ဗီလာ – ခရစ္စတယ်ပဲလေ့စ်
ဒီပွဲ ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ရဲ့ နောက်အကျဆုံးပွဲ ဖြစ်ပြီး အက်စတွန်ဗီလာက ခရစ္စတယ်ပဲလေ့စ်ကို ဆဲလ်ဟတ်စ်ပါ့ခ်မှာ ဧည့်ခံရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီရာသီမှာ နိုင်ပွဲ မရသေးတဲ့ နှစ်သင်းရဲ့ အားပြိုင်မှုမျာ ဘယ်အသင်း အသာရသွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာက ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ နယူးကာဆယ်နဲ့ ဂိုးမရှိသရေကျပြီး ပွဲစဉ် ၂ မှာတော့ ဘရန့်ဖို့ဒ်ကို ၁-၀နဲ့ ရှုံးခဲ့ပါတယ်။ အူနိုင်း အမ်မရီရဲ့ အသင်းက ရာသီသစ်မှာ သွေးမပူသေးတဲ့ ပုံပါပဲ။ ခြေစွမ်းပိုင်းက အဆိုးရွားကြီး မဟုတ်ပေမယ့် တိုက်စစ်ပိုင်း ကတော့ တော်တော်လေး အားနည်းနေပါတယ်။ ဒီရာသီမှာ ကစားသမား ခေါ်ယူ အားဖြည့်ထားနိုင်မှု သိပ်မရှိထားတာ ကလည်း ဗီလာကို အားနည်းသွားစေပုံပါပဲ။ နောက်ပြီး အခုတွေ့မယ့် ပဲလေ့စ် ကလည်း သူတို့ အမြဲတမ်း အသာမရခဲ့တဲ့ အသင်း ဖြစ်နေတာကြောင့် ဗီလာတို့ အိမ်ကွင်းမှာ ရုန်းကန်ရဦးမယ့် သဘောရှိပါတယ်။
ကွန်မြူနတီဒိုင်း ချန်ပီယံ ခရစ္စတယ်ပဲလေ့စ် ကတော့ နည်းပြ အိုလီဗာ ဂလက်စ်နာ လက်အောက်မှာ ကစားပုံ တော်တော်လေး ကျစ်လျစ်နေတာ တွေ့ရပါတယ်။ ပရီးမီးယားလိဂ် အဖွင့် ၂ ပွဲ နိုင်ပွဲ မရသေးဘူး ဆိုပေမယ့် ချဲလ်ဆီးနဲ့ ဖောရက်စ်လို အသင်းတွေကို သရေကစားထားတာ ဖြစ်ပါတယ်။ အီးဇီး မရှိတော့တဲ့နောက် ပဲလေ့စ်ရဲ့ squad depth က အနည်းငယ် လျော့သွားပေမယ့် ဟန်မပျက် ဆက်ထိန်းထားနိုင်ဆဲ ဖြစ်ပါတယ်။ အစဉ်အလာ အတိုင်း ဗီလာကို အသာရအောင် ကစားနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရပါမယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ ဗီလာ ဘက်က ဂါစီယာ၊ ကာမာရာနဲ့ ဘာကလေ တို့ လွဲချော်မှာ ဖြစ်ပါတယ်။

ဖြစ်နိုင်ဖွယ် လူစာရင်း
အက်စတွန်ဗီလာ – မာတီနက်ဇ်၊ ကတ်ရှ်၊ ကွန်ဆာ၊ မင်းဂ်၊ ဒစ်ဂ်နီး၊ ဘိုဂါဒီ၊ တေးလီမန့်စ်၊ မယ်လန်၊ ရော်ဂျာစ်၊ မက်ဂင်းန်၊ ဝက်ကင်န်
ခရစ္စတယ်ပဲလေ့စ် – ဟန်ဒါဆန်၊ ရစ်ချက်ဒ်၊ လခွာ၊ ဂူဟီ၊ ဝှာတန်၊ လာမာ၊ မစ်ချဲလ်၊ မူနော့ဇ်၊ ဆား၊ ကာမာဒါ၊ မက်တေးတား
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက အကြိမ် ၂၀ တွေ့ဆုံခဲ့ရာမှာ ဗီလာက ၇ ကြိမ်နိုင်ပြီး ပဲလေ့စ်က ၁၀ ကြိမ် နိုင်ထားတာကြောင့် ထိပ်တိုက်တွေ့ဆုံမှုမှာ ပဲလေ့စ်က အနည်းငယ် သာနေတယ်လို့ သတ်မှတ်ရပါမယ်။ နောက်ပြီး ပဲလေ့စ်က ဗီလာနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၅ ပွဲဆက် မရှုံးထားပဲ ၄ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပါတယ်။ ဗီလာပါ့ခ်က နောက်ဆုံး ၅ ကြိမ် မှာတော့ ဗီလာက ၂ ကြိမ် နိုင်၊ ၂ ကြိမ် သရေကျကာ ပဲလေ့စ်က ၁ ကြိမ် နိုင်ထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အက်စတွန်ဗီလာ နိုင်ရင် ၁.၈၇ ဆ နီးပါး ရမှာ ဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ် နိုင်ရင်တော့ ၃.၈၁ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၂၈ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း ဗီလာ ဘက်က ပေါက်နေပြီး ဂိုးအောက်မယ့် ကြေးမျိုး ဖြစ်ပါတယ်။ နှစ်သင်းစလုံး ရာသီသစ် အတွက် ပထမဦးဆုံး နိုင်ပွဲ ရဖို့ အားစိုက်လာကြပါလိမ့်မယ်။ လက်ရှိ ခြေစွမ်းအရလည်း မျှနေပြီး နည်းပြ နှစ်ဦးရဲ့ နည်းစနစ်ပိုင်း အားပြိုင်မှုက အဖြေထုတ်ပေးသွားမယ့် ပွဲဖြစ်ပါတယ်။ ဒီပွဲမှာတော့ အိမ်ရှင် ဗီလာကို အနည်းငယ် ပိုသဘောကျနေပြီး အစဉ်အလာတွေ ကနေ ဖောက်ထွက်ပြသွားမယ် ထင်ပါတယ်။ ဗီလာနဲ့ ဂိုးအနည်းကို ရွေးချယ်ထားရမှာပါ။
ခန့်မှန်းရလဒ်
အက်စတွန်ဗီလာ ၁-၀ ခရစ္စတယ်ပဲလေ့စ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.