နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရှုပ်ထွေးသထက် ရှုပ်ထွေးလာတဲ့ အာဆင်နယ်ရဲ့ တိုက်စစ်မှူး ရှာပုံတော် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ တိုက်စစ် ကစားသမားသစ် ခေါ်ယူဖို့ အပြောင်းအရွှေ့ ကိစ္စတွေ ကတော့ တဖြည်းဖြည်း ပိုမို ရှုပ်ထွေးလာခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် မဖွင့်ခင် ကတည်းက ထိပ်တန်း အဆင့် တိုက်စစ်မှူး တော်တော်များများနဲ့ သတင်းတွေ ထွက်နေပေမယ့် လက်ရှိ အချိန်ထိတော့ ရေရာ သေချာခြင်းတော့ မရှိသေးပါဘူး။

အာဆင်နယ်နဲ့ သတင်း အထွက်ဆုံး ကတော့ စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ် ဖြစ်ပြီးတော့ တချို့သတင်းတွေမှာ ဆိုရင် ဆွီဒင်သားဟာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်းပါ ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရက်ပိုင်း အတွင်း မှာတော့ အာဆင်နယ်က ဗစ်တာ ယိုကီးရက်စ်ကို ကျော်ပြီး လိုက်ပ်ဇစ်က ဘင်ဂျာမင် ဆက်စ်ကို ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ် ဆိုပြီး သတင်းတွေ ထွက်လာပြန်ပါတယ်။ အဓိက အကြောင်းရင်း ကတော့ အာဆင်နယ်ဟာ ဆက်စ်ကိုကို လွန်ခဲ့တဲ့ ၁၈ လ ကလည်းက ကင်းထောက်တွေ စေလွှတ် စောင့်ကြည့်နေခဲ့တာ ဖြစ်ပြီး ပြန်လည် ရရှိလာတဲ့ အချက်အလက်တွေ အရ ဆက်စ်ကိုရဲ့ စွမ်းဆောင်ရည်ဟာ အာဆင်နယ် လိုချင်တဲ့ အချက်အလက်တွေထက် ပြည့်စုံ သာလွန်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် လက်ရှိမှာ အာဆင်နယ်က ယိုကီးရက်စ်ထက် ဆက်စ်ကို ကို ပိုပြီး ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ တကယ်တော့ ဆက်စ်ကိုရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် သန်း ၈၀ ရှိပြီး ယိုကီးရက်စ်ထက်တောင် များပြားနေတာ ဖြစ်ပါတယ်။

တစ်ဖက် မှာလည်း အာဆင်နယ်က တိုက်စစ်ပိုင်း အပြင် တောင်ပံ ကစားသမား တစ်ဦးပါ ခေါ်ယူဖို့ ရှိနေရာ ရီးရဲလ်မက်ဒရစ်က ရိုဒရီဂို၊ ဘီလ်ဘာအိုက နီကို ဝီလီယမ်စ် တို့နဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ရိုဒရီဂိုနဲ့ သတင်းတွေ ခပ်စိပ်စိပ် ထွက်ပေါ်နေပေမယ့် လက်ရှိမှာတော့ အသက် ၂၄ နှစ် အရွယ် ကစားသမားဟာ ဘာနေဗျူး မှာသာ ဆက်နေချင်တာကြောင့် ကောလဟလတွေ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ရီးရဲလ်မက်ဒရစ်ဟာ ရိုဒရီဂိုကို ပေါင် သန်း ၈၀ ဝန်းကျင်နဲ့ ရောင်းချဖို့ စိတ်ဝင်စားနေတယ် ဆိုပြီး သတင်းတွေတွေ ထွက်ပေါ်ခဲ့သလို အာဆင်နယ်လို ဘယ်တောင်ပံ ကစားသမား တစ်ဦး လိုအပ်နေတဲ့ အသင်း အနေနဲ့ ဒီတန်ကြေးနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ မှာတော့ ရိုဒရီဂို ကိုယ်တိုင်က အသင်း မပြောင်းချင်တာကြောင့် ပရီးမီးယားလိဂ် ကလပ်ဆီ ပြောင်းရွှေ့ ရောက်ရှိဖို့ ဖြစ်နိုင်ခြေတွေ လုံးဝ ပျောက်ဆုံး သွားခဲ့ရပြီ ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း လက်ရှိ မှာတော့ ရိုဒရီဂို ကိုယ်တိုင်က အသင်း မပြောင်းချင်တာကြောင့် ပရီးမီးယားလိဂ် ကလပ်ဆီ ပြောင်းရွှေ့ ရောက်ရှိဖို့ ဖြစ်နိုင်ခြေတွေ လုံးဝ ပျောက်ဆုံး သွားခဲ့ရပြီ ဖြစ်ပါတယ်။
ဆက်စ်ကို ကို ချိတ်ဆက်မှုတွေ ပြုလုပ်ထားပြီ ဖြစ်တဲ့ အာဆင်နယ်

Diario AS သတင်းစာရဲ့ ဖော်ပြချက်အရ ရိုဒရီဂိုဟာ ဒီနွေရာသီမှာ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာဖို့ လောလောဆယ် စဉ်းစားထားခြင်း မရှိကြောင်း သိရပါတယ်။ သူဟာ မကြာသေးခင် လတွေ အတွင်း စွမ်းဆောင်ရည် ကျဆင်းမှုကြောင့် စိတ်ပျက်ခဲ့ရပေမယ့် ပြိုင်ပွဲစုံ ၂၂ ပွဲ ကစားခဲ့ရာမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ရိုဒရီဂိုရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ ကောလာဟလတွေ ကတော့ ဘာစီလိုနာကို ရှုံးနိမ့်ခဲ့တဲ့ El Clasico မှာ ပါဝင်ကစားခွင့် မရခဲ့တာကြောင့် ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ ထွက်ပေါ်လာတဲ့ သတင်းဖော်ပြချက်တွေ မှာတော့ ဒီဆုံးဖြတ်ချက်ဟာ သူ့ရဲ့ အနာဂတ်နဲ့ မသက်ဆိုင်ပဲ ပြင်းထန်တဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ကိုယ်အလေးချိန် ကျဆင်းခဲ့တာကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီတော့ လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အနေနဲ့ ဘယ်ကစားသမားကို ခေါ်ယူသွားမလဲ ဆိုတာ မသိရသေးတာကြောင့် ဆက်လက် စောင့်ကြည့်ရဦးမယ့် အခြေအနေ ဖြစ်ပါတယ်။ နည်းပြ မီခဲလ် အာတေးတား ကတော့ အားကစားဒါရိုက်တာသစ် အန်ဒရီယာ ဘာတာနဲ့ ပူးပေါင်းပြီး ကစားသမား ခေါ်ယူမှု အတွက် လုပ်ဆောင်နေတယ် ဆိုပေမယ့် သဘောထား ကွဲလွဲမှု တချို့ ရှိနေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ ဒီတော့ အာဆင်နယ်တို့ အသင်းကို တစ်ဆင့် ထပ်မြှင့်တဲ့ အနေနဲ့ ထိပ်တန်း ကစားသမားကောင်းတွေ ခေါ်ယူသွားမလား ဒါမှမဟုတ် အရင် နှစ်တွေလိုပဲ အလယ်အလတ် ကစားသမားတွေ ခေါ်ယူပြီး ပရိသတ်တွေကို ချွေးသိပ်သွားဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်