နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရီးရဲလ် ပစ်မှတ် ဆလီဘာကို ဆက်ထိန်းထားမယ့် အာဆင်နယ်၊ နဲလ်ဆင်နဲ့ ဒူးဘာရီဟောလ်ကို ခေါ်ယူဖို့ စဉ်းစားနေတဲ့ ဖူလ်ဟမ် | ပရီးမီးယားလိဂ်

ဇူလိုင်လ ၂၄ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အာဆင်နယ် ကတော့ ရီးရဲလ်မက်ဒရစ်က ကာလရှည်ကြာ စိတ်ဝင်စားနေတဲ့ ဝီလီယမ် ဆလီဘာကို အသင်းမှာ ဆက်ထိန်းထားဖို့ စာချုပ်သစ်ချုပ်ဆိုရန် ပြင်ဆင်နေကြောင်း Football Transfers က ဖော်ပြခဲ့ပါတယ်။ ဆလီဘာ ကတော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ အဓိက ကစားသမား အဖြစ် နောက်ထပ် နှစ်များစွာ ဆက်ရှိနေမယ်လို့ ယုံကြည်ရသူလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ဘိုလော့ဂ်နာ တိုက်စစ်မှူး ဒန် အန်ဒိုရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဆွဇ်ဇာလန် လက်ရွေးစင် ကတော့ ယူရို သန်း ၄၀ တန်ကြေး ရှိနေပြီး နော့တင်ဟမ်ဖောရက်စ်ရဲ့ ပစ်မှတ်လည်း ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ် ကတော့ ဒီနွေရာသီမှာ မာ့ခ် ဂူဟီကို ရောင်းချဖို့ တံခါးဖွင့်ထားကြောင်း GIVEMESPORT က ဖော်ပြခဲ့ပါတယ်။ လစ်ဗာပူးလ် ကတော့ ပဲလေ့စ် ဘက်က လိုချင်နေတဲ့ ပေါင် ၄၅ သန်းကို ပေးချေဖို့ တွန့်ဆုတ်နေကြောင်း သိရပါတယ်။

ဖူလ်ဟမ် ကတော့ ပရီးမီးယားလိဂ် ကွင်းလယ် ကစားသမား နှစ်ဦးကို စိတ်ဝင်စားနေကြောင်း Sky Sports News က ဖော်ပြပါတယ်။ အာဆင်နယ်ရဲ့ ရိစ် နဲလ်ဆင် အတွက် ဒုတိယအကြိမ် အငှားနဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေသလို ချဲလ်ဆီးရဲ့ အပယ်ခံ ကစားသမား ကီနန် ဒူးစ်ဘာရီဟောလ်ကို အပြီးသတ် ခေါ်ယူဖို့ စဉ်းစားနေကြောင်းလည်း သိရပါတယ်။

အလက်ဇန္တား အိဆက်ခ်ကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ အဆင်မပြေ ဖြစ်ခဲ့ပြီးပြီးနောက် အာဆင်နယ်ရဲ့ အာရုံစိုက်မှုဟာ နယူးကာဆယ်ပ အန်တိုနီ ဂေါ်ဒွန်ဆီကို ပြောင်းလဲသွားခဲ့ကြောင်း CaughtOffside က ဖော်ပြခဲ့ပါတယ်။ လစ်ဗာပူးလ် ကလည်း လူးဝစ္စ ဒီးယက်ဇ် ကိုသာ လက်လွှတ်ခဲ့ရမယ် ဆိုရင် အန်တိုနီ ဂေါ်ဒွန်ကို ပစ်မှတ် အဖြစ် သတ်မှတ်ဖွယ် ရှိကြောင်း TBR Football က ဖော်ပါတယ်။

မန်ချက်စတာစီးတီး ကတော့ ဘာစီလိုနာ နောက်ခံလူ ဂျူးလ်စ် ကွန်ဒေးကို ယူရို သန်း ၈၀ တန်ကြေး ရှိတဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ရှိနေကြောင်း Fichajes က ဖော်ပြပါတယ်။

ဖူလ်ဟမ် ကတော့ ပရီးမီးယားလိဂ် ကွင်းလယ် ကစားသမား နှစ်ဦးကို စိတ်ဝင်စားနေကြောင်း Sky Sports News က ဖော်ပြပါတယ်။
ရိစ် နဲလ်ဆင်နဲ့ ဒူးစ် ဘာရီဟောလ်ကို ခေါ်ယူချင်နေတဲ့ ဖူလ်ဟမ်

ဂျာဗီ ဂွာရဲရား ကတော့ ဗလင်စီယာနဲ့ စာချုပ်သစ် အတွက် ငြင်းဆန်ပယ်ချယ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် စပိန်သားကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်ရဲ့ မျှော်လင့်ချက်တွေ ပိုအားကောင်းလာခဲ့ကြောင်း MARCA ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဖက်ဒရစ်ကို ခီယေဇာ က‌တော့ ဒီနွေရာသီမှာ လစ်ဗာပူးလ် ကနေ အတ္တလန်တာကို ပြောင်းရွှေ့ဖို့ အလားအလာ ရှိနေကြောင်း Football Italia က ဖော်ပြပါတယ်။ အတ္တလန္တာဟာ ယူရို သန်း ၅၀ တန်ကြေး ရှိတဲ့ ကစားသမား အတွက် အင်တာမီလန်နဲ့ ပြိုင်ဆိုင်ရဖို့ ရှိနေကြောင်း သိရပါတယ်။

TBR Football ရဲ့ ဖော်ပြချက်အရ တော့တင်ဟမ်ဟော့စပါးနဲ့ နယူးကာဆယ်ယူနိုက်တက် တို့က အက်တလက်တီကိုမက်ဒရစ် ကွင်းလယ်လူ ကော်နာ ဂယ်လာဟာကို ခေါ်ယူဖို့ ချိတ်ဆက်လျက် ရှိနေကြောင်း သိရပါတယ်။ 

ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အလက်ဟန်ဒရို ဂါနာချို ကတော့ ချဲလ်ဆီးရဲ့ ပစ်မှတ် ရွေးချယ်မှုတွေထဲက တစ်ခု ဖြစ်နေကြောင်း သိရပါတယ်။ ချဲလ်ဆီးဟာ လိုက်ပ်ဇစ်က ဇာဗီ ဆိုင်မွန်စ်ကို ခေါ်ယူချင်နေသလို ဂါနာချိုရဲ့ အခြေအနေ ကိုလည်း စောင့်ကြည့်လျက် ရှိပါတယ်။

ဘင်ဖီကာ က‌တော့ ယာအို ဖီးလစ်ကို ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဆွေးနွေးမှုတွေက တိုးတက်နေပြီး ယာအို ဖီးလစ် ကလည်း ချဲလ်ဆီး ကနေ ထွက်ခွာချင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောဆိုထားကာ ဘယ်လို ပုံစံနဲ့ ခေါ်ယူမလဲ ဆိုတာသာ ညှိနှိုင်းရဖို့ ရှိနေပါတယ်။ 

လာမင်း ယာမယ်ရဲ့ တန်ကြေး ကတော့ စံချိန်တင် အဖြစ် ယူရို ၂၇၉.၇၀ သန်း အထိ ရှိလာခဲ့ကြောင်း သိရပါတယ်။ ဒါဟာ ဘောလုံး သမိုင်း တစ်လျှောက် ပထမဦးဆုံး အကြိမ် အဖြစ် တန်ကြေး အများဆုံး ကစားသမားလည်း ဖြစ်လာခဲ့တာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်