နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ်ရဲ့ အဓိက ပစ်မှတ် စာရင်းထဲမှာ ရှိနေသေးတဲ့ အာဒါ ဂူလာ၊ အကယ်ဒမီထွက် ကစားသမား မာဒူခေးကို ပြန်လည် ခေါ်ယူချင်နေတဲ့ တော့တင်ဟမ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကတော့ ဘာစီလိုနာရဲ့ ကွင်းလယ် ကြယ်ပွင့် ကစားသမား လာမင်း ယာမယ် အတွက် အံ့အားသင့်ဖွယ် ယူရို ၂၇၅ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အကယ်၍ ဒီကောလာဟလသာ အမှန်တကယ် ဖြစ်ပေါ်လာခဲ့မယ် ဆိုရင်တော့ ဘောလုံး သမိုင်းတစ်လျှောက် ဈေးအကြီးဆုံး အပြောင်းအရွှေ့ ဖြစ်လာဖို့ ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ် ကွင်းလယ် ဖန်တီးရှင် အာဒါ ဂူလာ ကတော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အတွက် အဓိက ပစ်မှတ် အဖြစ် ဆက်လက် တည်ရှိနေတယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ တူရကီ ကစားသမားလေး အတွက် ဆွေးနွေးမှုတွေ ကိုတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ် အပြီးမှာ စတင်ဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့ကတော့ စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ယူရို ၇၅ သန်း (ပေါင် ၆၄ သန်း) နဲ့ ကမ်းလှမ်းသွားဖို့ ရှိနေကြောင်း သိရပါတယ်။ ဒီကစားသမား ကိုတော့ နောက်ထပ် ထိပ်တန်း ကလပ် တစ်ခု ဖြစ်တဲ့ အာဆင်နယ် ကလည်း ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆွီဒင်သားရဲ့ အေးဂျင့်တွေဟာ အာဆင်နယ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ် ကိုလည်း လာရောက် ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ချဲလ်ဆီး ကလည်း မာဒူခေးကို လာမယ့် နွေရာသီမှာ အင်္ဂလန် ကစားသမားကို ရောင်းထုတ်သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ချဲလ်ဆီး ကနေ ထွက်ခွာဖို့ များနေတဲ့ နိုနီ မာဒူခေး

ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ရှိနေတဲ့ နော့တင်ဟမ်ဖောရက်စ် ကလည်း ယိုကီးရက်စ်ကို စိတ်ဝင်စားခဲ့တဲ့ အသင်းပါ။ ဒါပေမယ့်လည်း လက်ရှိ မှာတော့ ဖောရက်စ်က ယိုကီးရက်စ်ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲက နှုတ်ထွက်သွားခဲ့ပြီး ဂျိုတာ ဆေးလ်ဗားကို အလားအလာ ရှိတဲ့ ညှိနှိုင်းမှု ပုံစံ တစ်ခု အတွက် ကြိုးပမ်းလာဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင် ကတော့ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း တိုးဖို့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဒီယောင်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေ ကတည်းက အသင်း ကနေ ထွက်ခွာဖို့ သတင်းတွေ ကြီးနေသူလည်း ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ သူတို့ အသင်းရဲ့ အကယ်ဒမီထွက် လက်ရှိ ချဲလ်ဆီး တောင်ပံ ကစားသမား နိုနီ မာဒူခေးကို ပြန်လည်ခေါ်ယူရန် စဉ်းစားနေကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ချဲလ်ဆီး ကလည်း မာဒူခေးကို လာမယ့် နွေရာသီမှာ အင်္ဂလန် ကစားသမားကို ရောင်းထုတ်သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဘေယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ တို့ကတော့ လာမယ့် နွေရာသီမှာ မန်စီးတီးနဲ့ ၂၀၃၄ ခုနှစ် အထိ စာချုပ် သက်တမ်းတိုးထားတဲ့ နော်ဝေ ဂိုးသွင်းစက် အာလင်း ဟာလန်းကို ခေါ်ယူဖို့ မျှော်လင့်နေကြောင်း စပိန် သတင်းစာ El Nacional က ဖော်ပြပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ စာချုပ်ပါ လျော်ကြေးငွေ ပေါင် ၆၂ သန်း တန်ကြေး ရှိတဲ့ ဝုဗ် တိုက်စစ်မှူး မားသီးယပ်စ် ကူညာကို ခေါ်ယူဖို့ အတွက် ကနဦး ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ကြောင်း talkSPORT က ဖော်ပြပါတယ်။ ကူညာ ကိုတော့ လစ်ဗာပူးလ်နဲ့ အာဆင်နယ် တို့ကလည်း ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်