နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဟွိုက်ဂျ်လန်းကို ထိခိုက်နစ်နာတဲ့ ကစားသမားလို့ မြင်မိကြောင်း ဖွင့်ဟလာတဲ့ အလန်ရှီးယား | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်း အများဆုံး ဂန္တဝင် တိုက်စစ်မှူးကြီး အလန်ရှီးယား ကတော့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရက်စ်မတ်စ် ဟွိုက်ဂျ်လန်း ဘက်ကနေ ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။ အလန် ရှီးယားက ဟွိုက်ဂျ်လန်းဟာ ယူနိုက်တက်လို ဖိအားများနေတဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်နိုင်ဖို အဆင်သင့် မဖြစ်သေးကြောင်း ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

အလန်ရှီးယားက “ကျွန်တော် ဟွိုက်ဂျ်လန်းကို ကြည့်ရတာ ထိခိုက် နစ်နာနေတဲ့ ကစားသမား တစ်ဦး လို့ပဲ မြင်တယ်။ သူက မန်ချက်စတာယူနိုက်တက်လို အသင်းမျိုးမှာ တိုက်စစ်ကို ဦးဆောင်ဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ သူက ပရီးမီးယားလိဂ်မှာ ၃ ဂိုးပဲ သွင်းထားနိုင်ပါတယ်။ အခုအချိန်မှာ ကျွန်တော် မြင်နေရတာက တကယ်တမ်း ဂိုးရှေ့ကို ရောက်ချင်စိတ် သိပ်မရှိတဲ့ ကစားသမားမျိုး လို့ပါပဲ။ သူက ၁ စက္ကန့်လောက် စောနေတာမျိုး ဒါမှမဟုတ် တစ်စက္ကန့်လောက် နောက်ကျနေတာမျိုးတွေ ဖြစ်နေပြီး သူ့ရဲ့ အချိန်ကိုက်မှုတွေ အားလုံးဟာလည်း မှားယွင်းနေပါတယ်။ သူဟာ ယုံကြည်မှု အကြပ်အတည်းနဲ့လည်း ရင်ဆိုင်နေရတယ် ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။”လို့ ဆိုပါတယ်။

အမော်ရင် အနေနဲ့ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ်တွေ မှာတော့ ချီဒို အိုဘီကို ပိုပြီး နေရာပေးကာ ဟွိုက်ဂျ်လန်း ကိုတော့ ယူရိုပါလိဂ် အတွက် အသုံးပြုသွားဖွယ် ရှိနေပါတယ်။
တိုက်စစ်အပိုင်းမှာ ကစားသမား ၂ ဦးသာ ရွေးချယ်ခွင့်ရှိနေတဲ့ ယူနိုက်တက်

ဆက်လက်ပြီး“သူဟာ တကယ်ကို ခက်ခဲတဲ့ အခြေအနေ တစ်ခုထဲကို ရောက်နေတာပါ။ ကလပ် အတွက် တိုက်စစ်ကို ဦးဆောင်နိုင်ဖို့ ဆိုရင် သင်ဟာ ထူးခြား ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ တကယ် အရည်အချင်း ရှိဖို့လည်း လိုအပ်ပါတယ်။ သူဟာ အခုအချိန်မှာ တိုက်စစ်ကို ဦးဆောင်သင့်တဲ့ အဆင့်အတန်းမျိုးမှာ ရှိမနေသေးပါဘူး။ သူ့ဆီမှာ ကစားသမားကောင်း တစ်ယောက်ရဲ့ ပုံစံမျိုး မရှိဘူးလို ကျွန်တော် မပြောပါဘူး။ အလားအလာကောင်းတွေတော့ ရှိပါတယ်။ ဒါပေမယ့် သူ မလုပ်နိုင်သေးတဲ့ အရာတွေကို လုပ်ဖို့ ဖိအား ပေးခံနေရတာရယ် သူ့ရဲ့ ပြောင်းရွှေ့ကြေးကြောင့်ရယ် သူဟာ အခုအချိန်မှာ တိုက်စစ်ကို ဦးဆောင်ဖို အဆင်သင့် မဖြစ်သေးပါဘူး။” လို့ အလန် ရှီးယားက သုံးသပ်သွားခဲ့ပါတယ်။

ဒိန်းမတ် လက်ရွေးစင် တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်း ကတော့ ပြီးခဲ့တဲ့ ၂ဝ၂၄ ခုနှစ် နွေရာသီ ကမှ အတ္တလန္တာ ကနေ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဟွိုက်ဂျ်လန်းဟာ ဒီရာသီမှာ ယူနိုက်တက် အတွက် ဂိုးတွေ သွင်းယူပေးနိုင်ဖို့ တော်တော်လေးကို ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် မှာလည်း ၃ ဂိုးသာ သွင်းထားနိုင်ပါတယ်။ ဒါ့အပြင် ဟွိုက်ဂျ်လန်းက ၂၀၂၅ ခုနှစ် တစ်နှစ်ထဲမှာတင် သွင်းဂိုး ၁ ဂိုးသာ ရရှိထားတဲ့ အထိ အခြေအနေ ဆိုးရွားနေပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် အနေနဲ့ တိုက်စစ် ပြဿနာတွေ ရှိနေတာကြောင့် ရူဘင် အမော်ရင် အနေနဲ့ ဟွိုက်ဂျ်လန်းကို အထောင် တိုက်စစ် နေရာမှာ အဓိက ကစားသမား တစ်ဦး အဖြစ် အသုံးပြုနေရဆဲ ဖြစ်ပါတယ်။ ဂျော်ရွှာ ဇီယက်ခ်ဇီးဟာ နောက်ပိုင်းမှာ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်း အတွက် အားထားလာရပေမယ့် ဒဏ်ရာကြောင့် ရာသီကုန် အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်ရဲ့ တိုက်စစ်မှာ ဟွိုက်ဂျ်လန်းနဲ့ လူငယ်တိုက်စစ်မှူး ချီဒို အိုဘီ တို့သာ ရှိနေပါတယ်။ အမော်ရင် အနေနဲ့ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ်တွေ မှာတော့ ချီဒို အိုဘီကို ပိုပြီး နေရာပေးကာ ဟွိုက်ဂျ်လန်း ကိုတော့ ယူရိုပါလိဂ် အတွက် အသုံးပြုသွားဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်