အခုတစ်ခါမှာတော့ အောက်တိုဘာလ ၇ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အဲလ်နာဆာက လာမယ့် ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ နောက်ထပ် ဆော်ဒီပရိုလိဂ် ကလပ် ဖြစ်တဲ့ အဲလ် အစ်တီဖက် ကလည်း အင်္ဂလန်သားကို စိတ်ဝင်စားနေပါတယ်။
ချဲလ်ဆီး ကတော့ ဒီနွေရာသီမှာ ဂျူဗင်တပ်စ် တိုက်စစ် ကြယ်ပွင့် ကီနန် ယီလ်ဒစ်ဇ်ကို ယူရို ၆၈ သန်း (ပေါင် ၅၉.၃ သန်း) နဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးက တူရကီ ကြယ်ပွင့်ကို စတန်းဖို့ဒ်ဘရစ်ချ်ကို ခေါ်ယူဖို့ မျှော်လင့်ချက်ကို မစွန့်လွှတ်သေးကြောင်း သိရပါတယ်။
လစ်ဗာပူးလ် ကတော့ မက် ဂူဟီရဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းဖော် မက်ဆင်း လာခွာကို လာမယ့် ဇန်နဝါရီမှာ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြောင်း Football Insider က ဖော်ပြပါတယ်။
အာဆင်နယ်ဟာ ပီအက်စ်ဂျီ ကွင်းလယ် ကစားသမား ဝါရန် ဇိုင်း အမ်မရီကို အံ့အားသင့်ဖွယ် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပြင်သစ်သားရဲ့ တန်ကြေးက ယူရို သန်း ၈၀ (ပေါင် ၆၉.၈ သန်း) ရှိပြီး မန်စီးတီးရဲ့ ပစ်မှတ်လည်း ဖြစ်နေပါတယ်။
လာမယ့် နွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိမယ့် ပြင်သစ် လက်ရွေးစင် ဂိုးသမား မိုက်ခ် မိုက်ဂ်နန် ကိုတော့ ချဲလ်ဆီးနဲ့ အပြိုင် ဘေယန်မြူးနစ် ကလည်း စိတ်ဝင်စားလာခဲ့ကြောင်း သိရပါတယ်။ လက်ရှိမှာ ဒီကစားသမားရဲ့ အပြောင်းအရွှေ့က တော်တော်လေး ရှုပ်ထွေးလျက် ရှိနေပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ လာမယ့် ဇန်နဝါရီမှာ အက်စတွန်ဗီလာ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Football Insider က ဖော်ပြပါတယ်။

ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ချဲလ်ဆီး ကွင်းလယ်လူ မွိုက်စ် ကိုင်စီဒိုကို ပီအက်စ်ဂျီ ကလည်း ပစ်မှတ် စာရင်းထဲ ထည့်သွင်းထားကြောင်း CaughtOffside က ဖော်ပြပါတယ်။ ဒါပေမယ့်လည်း အီကွေဒေါသား ကတော့ ပရီးမီးယားလိဂ် ကလပ်ရဲ့ ဂန္တဝင် ဖြစ်လိုကြောင်း ဖွင့်ဟထားပါတယ်။
နယူးကာဆယ် ကတော့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ် ကစားသမား အဲလီယော့တ် အန်ဒါဆန်ကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့်လည်း ငှက်ကြားတွေ အနေနဲ့ အန်ဒါဆန်ကို နော့တင်ဟမ်ဖောရက်စ်ထံ ရောင်းချခဲ့စဉ်က ပြန်လည် ခေါ်ယူနိုင်မယ့် သဘောတူညီချက်မျိုး ထည့်သွင်းချုပ်ဆိုခဲ့ခြင်း မရှိတာကြောင့် အခက်တွေ့နေရတယ်လို့ သိရပါတယ်။
ဝက်စ်ဟမ်း ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ဘရာဇီးလ် လူငယ်ကြယ်ပွင့် အန်းဒရစ်ခ်ကို ဇန်နဝါရီမှာ အငှားနဲ့ ခေါ်ယူဖို့ အလေးအနက် စိတ်ဝင်စားမှု ရှိနေကြောင်း သိရပါတယ်။ စပိန် ကလပ် ဗလင်စီယာနဲ့ ရီးရဲလ်ဆိုစီဒက် တို့ကလည်း အခြေအနေကို စောင့်ကြည့်နေတယ်လို့ ယူဆရပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ် ၇ ပြီးဆုံးချိန် ထုတ်ပယ်ခံရမယ့် နည်းပြ ရေပန်းစားမှုမှာ နော့တင်ဟမ်ဖောရက်စ် နည်းပြ ပိုစတီကိုဂလူးက ထိပ်ဆုံး နေရာကို ရောက်ရှိလာခဲ့ပါတယ်။ စပါး နည်းပြဟောင်း အန်ဂျီ ပိုစတီကိုဂလူးဟာ မကြာသေးခင်ကမှ နော်တင်ဟမ်ဖောရက်စ် နည်းပြ အဖြစ် ခန့်အပ်ခံခဲ့ရပြီး သူကိုင်တွယ်တဲ့ ပွဲစဉ် ၇ ပွဲ စလုံး နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပါတယ်။ (၂ ပွဲသရေ၊ ၅ ပွဲ ရှုံး) ပွဲစဉ် ၆ အပြီးမှာ မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်က ထုတ်ပယ်ခံရဖွယ် ရှိတဲ့ စာရင်းမှာ ထိပ်ဆုံး ရောက်လာခဲ့ပေမယ့် လက်ရှိမှာတော့ သူ့ရဲ့ နေရာကို အန်ဂျီ ပိုစတီကိုဂလူးက အစားထိုး ဝင်ယူခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.