နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘရူနို ဖာနန်ဒက်စ်ရဲ့ အဖြေကို စောင့်ဆိုင်းနေတဲ့ အဲလ်ဟီလာ | ပရီးမီးယားလိဂ

ဘရူနို ဖာနန်ဒက်စ် ကတော့ ဒီရက်ပိုင်းမှာပဲ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်နေသူ ဖြစ်ပါတယ်။ ဒီလို သတင်းတွေ ထွက်နေတဲ့ ပေါ်တူဂီ ကွင်းလယ်လူကို ဆော်ဒီပရိုလိဂ် ထိပ်သီး ကလပ် အဲလ်ဟီလာက ပေါင် သန်း ၂၀ဝ တန် စာချုပ်နဲ့ ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

အဲလ်ဟီလာ ကတော့ လာမယ့် လမှာ ကျင်းပမယ့် ဖီဖာ ကလပ် ကမ္ဘာ့ဖလား အတွက် နာမည်ကျော် ကစားသမား တစ်ဦးကို အချိန်မီ ခေါ်ယူ အားဖြည့်ချင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲလ်ဟီလာက ဖာနန်ဒက်စ်ကို ရက် အနည်းငယ် အတွင်းမှာပဲ နောက်ဆုံး ကမ်းလှမ်းချက် ပြုလုပ်ဖို့ ရှိနေပြီး တခြား ပစ်မှတ်တွေဆီ ပြောင်းလဲခင် ဖာနန်ဒက်စ် အနေနဲ့ အဖြေပေးဖို့ ၇၂ နာရီ သာ အချိန် ရှိတော့ကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

သတင်းတွေ အရ ဆိုရင် အဲလ်ဟီလာက မေလ အကုန်မှာ အဖြေ သိချင်နေပြီးတော့ ဖာနန်ဒက်စ်ကို ပရီးမီးယားလိဂ် ကလပ် ကနေ ထွက်ခွာလာစေဖို့ စည်းရုံးနိုင်လိမ့်မယ်လို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ဖာနန်ဒက်စ်ရဲ့ အပြောင်းအရွှေ့အတွက် မကြာခင်မှာ အဖြေလိုချင်နေတဲ့ အဲလ်ဟီလာ

လက်ရှိမှာ အသက် ၃၀ အရွယ် ရှိပြီ ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်က ပရီးမီးယားလိဂ် ကလပ်မှာ ပျော်ရွှင်နေကြောင်း ပြောကြားထားသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ဟာ ဥရောပ ပြိုင်ပွဲတွေ ကစားခွင့် လွဲချော်ခဲ့ပြီးနောက် လုပ်ခ လစာ ၂၅ ရာခိုင်နှုန်း လျှော့ချခံရမှာ ဖြစ်သလို နည်းပြ ရူဘင် အမော်ရင် လက်အောက်မှာလည်း အသင်းက ခပ်မြန်မြန် တိုးတက်ဖို့ အာမခံချက် မရှိတာကြောင့် ဖာနန်ဒက်စ် အနေနဲ့ အနာဂတ် မသေချာတော့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲလ်ဟီလာက ဖာနန်ဒက်စ်ကို ငွေကြေး အမြောက်အမြားနဲ့ စွဲဆောင် ကမ်းလှမ်းဖို့ ရှိနေတာကြောင့် ဖာနန်ဒက်စ် အနေနဲ့ စိတ်ကူး ပြောင်းလဲဖွယ် ရှိနေပါသေးတယ်။

သတင်းတွေ အရ ဆိုရင် အဲလ်ဟီလာက မေလ အကုန်မှာ အဖြေ သိချင်နေပြီးတော့ ဖာနန်ဒက်စ်ကို ပရီးမီးယားလိဂ် ကလပ် ကနေ ထွက်ခွာလာစေဖို့ စည်းရုံးနိုင်လိမ့်မယ်လို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဆော်ဒီပရိုလိဂ် ကလပ်ဟာ ဖာနန်ဒက်စ်ကို တစ်ပတ် လုပ်ခ ပေါင် ၇၀၀၀၀၀၊ စာချုပ် လက်မှတ်ထိုးကြေး၊ အပိုဆုကြေးတွေ အပါအဝင် တစ်ရာသီကို ပေါင် ၆၅ သန်း အထိ ပေးပြီး ကမ်းလှမ်းဖို့ ရှိနေတာပါ။ ဒါ့အပြင် ဖာနန်ဒက်စ် အနေနဲ့ ၃ နှစ် စာချုပ် ကိုသာ လက်ခံမယ် ဆိုရင်တော့ ယူနိုက်တက်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ ပေးချေဖို့ အသင့် ရှိနေတယ်လို့ သိရပါတယ်။

မန်ချက်စတာ အသိုင်းအဝိုင်းက ရရှိတဲ့ သတင်းတွေအရ ဆိုရင်တော့ ယူနိုက်တက်ဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ စပါးကို ရှုံးနိမ့်ခဲ့တာကြောင့် ပေါင် သန်း ၁၀၀ ဆုံးရှုံးခဲ့ပါတယ်။ ဒါကြောင့် အသင်းက ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲတွေ ရှိလာနိုင်ပြီး ဆာဂျင်မ် ရက်ကလစ်ဖ် ဦးဆောင်တဲ့ INEOS က ဘက်ဂျက်တွေ လျော့ချဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ အသင်းရဲ့ အဓိက ကစားသမား အားလုံးကို အရောင်းစာရင်း တင်ထားကြောင်း သတင်းတွေ ထွက်နေပါသေးတယ်။ ဖာနန်ဒက်စ် ကတော့ အသင်းက ငွေကြေး လိုအပ်ချက် ရှိနေချိန်မှာ လမ်းခွဲဖို့ လိုအပ်ရင် ထွက်ခွာသွားမှာ ဖြစ်ကြောင်း ပြောကြားထားခဲ့ပါသေးတယ်။ ယူနိုက်တက်ဟာ ချန်ပီယံလိဂ် ဝင်ခွင့် မရတာကြောင့် အဓိက စပွန်ဆာ ဖြစ်တဲ့ အက်ဒီးဒက်စ်ကို ပေါင် ၁၀ သန်း ဒဏ်ကြေး ပေးဆောင်ရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ရာသီအကုန်မှာ အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာသာ ရပ်တည်ရမယ် ဆိုရင် ပရီးမီးယားလိဂ်ရဲ့ merit payments အဆင့် အလိုက် ရရှိတဲ့ ဝင်ငွေ ကနေလည်း သန်းပေါင်းများစွာ ဆုံးရှုူံးရဦးမှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်