နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူ-၁၇ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ပထမဦးဆုံး အကြိမ် ဆွတ်ခူးခဲ့တဲ့ ပေါ်တူဂီ

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၅ ဖီဖာ ယူ ၁၇ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ မှာတော့ ပေါ်တူဂီက သြစတြီးယားကို ၁-၀ ရလဒ်နဲ့ အနိုင်ယူပြီး ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။ ပေါ်တူဂီ အနေနဲ့ ယူ ၁၇ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ပထမဦးဆုံး အကြိမ် ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ကြောင်း သိရပါတယ်။

ဒီပွဲမှာ ပေါ်တူဂီက တစ်ပွဲလုံး အတိုင်းအတာနဲ့ ပြိုင်ဘက် ဩစတြီးယားကို ဘောလုံး ပိုင်ဆိုင်မှု၊ ဂိုးပေါက် ခြိမ်းခြောက်မှု အဘက်ဘက်က အသာနဲ့ ကစားနိုင်ခဲ့ပြီး ဂိုးပေါက် တည့်မှု မှာတော့ ဩစတြီးယားက ပိုသာခဲ့ပါတယ်။ ပေါ်တူဂီကို ချန်ပီယံ ဖြစ်စေမယ့် တစ်လုံးတည်းသော အနိုင်ဂိုး ကိုတော့ ကာဘရယ်က ပွဲချိန် ၃၂ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

၂၀၂၅ ဖီဖာ ယူ ၁၇ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကာတာ နိုင်ငံမှာ နိုဝင်ဘာ ၃ ရက် ကနေ ၂၇ ရက် အထိ ကျင်းပခဲ့တာဖြစ်ပြီး ပေါ်တူဂီက အုပ်စု အဆင့်မှာ ဂျပန်ရဲ့ အနောက် အုပ်စု ဒုတိယနေရာသာ ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ၃၂ သင်း အဆင့်မှာ ဘယ်လ်ဂျီယံ၊ ၁၆ သင်း အဆင့်မှာ မက္ကဆီကို၊ ကွာတားဖိုင်နယ်မှာ ဆွစ်ဇာလန်၊ ဆီမီးဖိုင်နယ်မှာ ဘရာဇီးလ်၊ ဗိုလ်လုပွဲမှာ သြစတြီးယား တို့ကို အနိုင်ယူ ကျော်ဖြတ်ကာ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် သိမ်းပိုက်သွားခဲ့တာ ဖြစ်ပါတယ်။ 

ပေါ်တူဂီ အနေနဲ့ ယူ - ၁၇ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ပထမဦးဆုံး အကြိမ် ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ကြောင်း သိရပါတယ်။
ယခင်က ယူ ၁၇ ကမ္ဘာ့ဖလားမှာ တတိယသာ အမြင့်ဆုံး ရရှိခဲ့ဖူးတဲ့ ပေါ်တူဂီ

ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ကိုတော့ ပေါ်တူဂီ ယူ ၁၇ ကွင်းလယ် တိုက်စစ် ကစားသမား မားတီးယပ်စ် မီဒီက ရရှိသွားခဲ့ပြီး အကောင်းဆုံး ဂိုးသမားဆု ကိုလည်း ပေါ်တူဂီ ဂိုးသမား ရိုမာရီယို ကူညာက ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂိုးသွင်း အများဆုံး ကစားသမားဆု ကိုတော့ ၈ ဂိုး သွင်းယူခဲ့တဲ့ သြစတြီးယား တိုက်စစ်မှူး ဂျိုဟန်နက်စ် မိုဆာက ရရှိခဲ့ပါတယ်။

ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ တတိယနေရာလုပွဲ မှာတော့ အီတလီ ယူ ၁၇ အသင်းက ဘရာဇီးလ် ယူ ၁၇ အသင်းကို ပင်နယ်တီ ရလဒ် ၂-၄ နဲ့ အနိုင်ရပြီး ကြေးတံဆိပ်ဆု ရရှိခဲ့ပါတယ်။ ဘရာဇီးလ်ဟာ ပွဲချိန် ၁၃ မိနစ်မှာ နောက်ခံလူ ဗီတာအို ထုတ်ပယ်ခံရပြီး တစ်ယောက်လျော့နဲ့ ပင်နယ်တီ အထိ ရောက်အောင် ကစားသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပင်နယ်တီ မှာတော့ ရှုံးနိမ့်ခဲ့ပြီး ဘရာဇီးလ်တို့ စတုတ္ထသာ ရရှိခဲ့ပါတယ်။ဖီဖာ ယူ ၁၇ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၁၉၈၅ ခုနှစ်မှာ ယူ ၁၆ ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲ အမည်နဲ့ စတင် ကျင်းပခဲ့ပြီးတော့ အခုနှစ်မှာ ကျင်းပခဲ့တဲ့ အကြိမ် ၂၀ မြောက် ပြိုင်ပွဲ မှာတော့ ပြိုင်ပွဲဝင် အသင်း ၄၈ သင်း ပါဝင်တဲ့ ပြိုင်ပွဲ အဖြစ် ပထမဆုံး အကြိမ် တိုးမြှင့် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ အအောင်မြင်ဆုံး အသင်း အဖြစ် နိုင်ဂျီးယားက ချန်ပီယံ ၅ ကြိမ် ဖြစ်ထားကာ ထိပ်ဆုံးက ရပ်တည်နေပြီး ဘရာဇီးလ် ကတော့ ချန်ပီယံ ၄ ကြိမ် ဖြစ်ထားပြီး ဒုတိယမြောက် အအောင်မြင်ဆုံး အသင်း အဖြစ် ရှိနေပါတယ်။ ဂါနာနဲ့ မက္ကဆီကို ကတော့ ချန်ပီယံ ၂ ကြိမ် ဖြစ်ထားပြီး ပြင်သစ်၊ ပေါ်တူဂီ (လက်ရှိ ချန်ပီယံ)၊ ဆိုဗီယက်ယူနီယံ၊ ဆော်ဒီ အာရေဗျ၊ ဆွစ်ဇာလန်နဲ့ အင်္ဂလန် တို့ကတော့ ချန်ပီယံ ၁ ကြိမ်စီ ဖြစ်ထားပါတယ်။ ပေါ်တူဂီဟာ အရင်က ဒီပြိုင်ပွဲမှာ တတိယသာ အမြင့်ဆုံး ရရှိခဲ့ဖူးပေမယ့် အခုတော့ ပထမဦးဆုံး အကြိမ် အဖြစ် ယူ ၁၇ ကမ္ဘာ့ချန်ပီယံတွေ စာရင်းထဲ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်