နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက် အနေနဲ့ လာမယ့်ရာသီ ဥရောပဝင်ခွင့်ကို ရည်မှန်းချက်ထားရမယ် ဆိုတဲ့ မေဆန်‌ မောင့် | ပရီးမီးယားလိဂ်

ချဲလ်ဆီး မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းလယ် ကစားသမား မေဆန် မောင့် ကတော့ အသင်း အနေနဲ့ လာမယ့် ရာသီမှာ ဥရောပဝင်ခွင့် ရရှိရေးကို အာရုံစိုက်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့ကြောင့် ၂၀၁၄-၂၀၁၅ ဘောလုံးရာသီ နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ဥရောပ ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။ ဒါ့အပြင် သရဲနီတွေဟာ ၁၉၈၀ နောက်ပိုင်း ဒုတိယအကြိမ် အဖြစ် ဥရောပ ပြိုင်ပွဲ မကစားရတဲ့ ရာသီကိုလည်း ဖြတ်သန်းရတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် အင်္ဂလန် ကွင်းလယ် ကစားသမား မေဆန် မောင့်က ယူနိုက်တက် အနေနဲ့ ဥရောပ ဝင်ခွင့် ပြန်လည် ရရှိရေးကို ရည်မှန်းချက်ထားသင့်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မောင့်က “ဥရောပ ဝင်ခွင့် ဆိုတာ ထူးခြားပါတယ်။ ကျွန်တော်တို့ အတွက် ထူးခြားတဲ့အရာတွေ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်က ကျွန်တော်တို့ အတွက် အံ့အားသင့်စရာ ကောင်းပြီး အဲဒီပြိုင်ပွဲကို ကျွန်တော်တို့ ယှဉ်ပြိုင်ချင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ပြောခဲ့တာ ဥရောပ ဝင်ခွင့်ပါ။ ကျွန်တော်တို့ ဒါကို အာရုံစိုက်သင့်တယ်လို့ ထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မေဆန် မောင့်က ၂၀၂၃ ခုနှစ် နွေရာသီမှာ ချဲလ်ဆီး ကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ ကစားခဲ့သူ ဖြစ်ပါတယ်။ မောင့်ဟာ ချဲလ်ဆီးမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ယူနိုက်တက် မှာတော့ မကြာခဏ ဒဏ်ရာရတတ်သလို ပုံမှန် ခြေစွမ်းပြနိုင်ခြင်း မရှိတာကြောင့် ပြစ်တင် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မေဆန် မောင့်က သူ့ အနေနဲ့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာ နေရာ တစ်နေရာ ရယူနိုင်ဖို့ ယုံကြည်မှု အပြည့် ရှိနေကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း မေဆန် မောင့်က သူ့ အနေနဲ့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာ နေရာ တစ်နေရာ ရယူနိုင်ဖို့ ယုံကြည်မှု အပြည့် ရှိနေကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။
လာမယ့်ရာသီ ဥရောပ ဝင်ခွင့်ရရှိဖို့ အာရုံစိုက်ထားရမှာ ဖြစ်ကြောင်း ပြောကြားလာတဲ့ မေဆန်မောင့်

မောင့်က “ဒါဟာ ပြိုင်ပွဲပါပဲ။ ယူနိုက်တက်လို အသင်းကို ရောက်နေတဲ့အချိန်မှာ ဒီလို ပြိုင်ပွဲတွေ ဆင်နွှဲရမှာ အသေအချာပါပဲ။ ကျွန်တော် ကတော့ အမြဲတမ်း ကိုယ့်ကိုယ့်ကို ယုံကြည်မှု ရှိပါတယ်။ ကျွန်တော် ဘာလုပ်နိုင်လဲ ဆိုတာ ကျွန်တော် သိပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဝုဗ်က မားသီးယက်စ် ကူညာနဲ့ ဘရန့်ဖို့ဒ်က ဘရိုင်ယန် အမ်ဘူမို တို့ကို ပေါင် ၁၂၅ သန်းကျော် အသုံးပြုကာ ခေါ်ယူထားပြီး ဖြစ်ပါတယ်။ လက်ရှိမှာလည်း ယူနိုက်တက်က ချဲလ်ဆီးက နီကိုးလက်စ် ဂျက်ဆန်ကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ရှိထားသလို အက်စတွန်ဗီလာက အိုလီ ဝက်ကင်န် နဲ့လည်း ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ သတင်းတွေအရ ဆိုရင် အခု ထွက်ပေါ်နေတဲ့ ကောလာဟလ နှစ်ခုစလုံးသည် တောင်ပံ ကစားသမား အလက်ဟန်ဒရို ဂါနာချိုရဲ့ အနာဂတ်နဲ့လည်း တိုက်ရိုက် ပတ်သက်နေကြောင်း သိရပါတယ်။ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေ အရ အိုလီ ဝက်ကင်န် ကတော့ အက်စတွန်ဗီလာ ကနေ ထွက်ခွာမှာ မဟုတ်ကြောင်း ပြောကြားထားတာကြောင့် ဖြစ်နိုင်ခြေ မရှိတဲ့ အပြောင်းအရွှေ့ အဖြစ် သတ်မှတ်ခံထားရပါတယ်။

လောလောဆယ် မှာတော့ ယူနိုက်တက်က ပရီးမီးယားလိဂ် နွေရာသီ စီးရီး အဖြစ် ဝက်စ်ဟမ်း၊ ဘုန်းမောက်၊ အဲဗာတန် တို့နဲ့ ကစားဖို့ အမေရိကန်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဂါနာချိုနဲ့ အပယ်ခံ ကစားသမားတွေ ဖြစ်တဲ့ ဂျေဒန် ဆန်ချို၊ အန်တိုနီနဲ့ တိုင်ရဲလ် မလာစီယာ တို့ဟာလည်း ယူနိုက်တက်ရဲ့ ကာရင်တန် လော့ကျင့်ရေး စခန်းမှာ ကျန်ရှိနေကာ လေ့ကျင့်နေရကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်