နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အမေရိကန်ကို အနိုင်ယူပြီး ကွန်ကာကက်ဖ် ရွှေဖလားမှာ ၁၀ ကြိမ်မြောက် ချန်ပီယံ ဖြစ်ခဲ့တဲ့ မက္ကဆီကို

ဒီကနေ့ မနက်အစောပိုင်းမှာတော့ ကွန်ကာကက်ဖ် ရွှေဖလား ဗိုလ်လုပွဲ အဖြစ် အမေရိကန်နဲ့ မက္ကဆီကိုတို့ ယှဉ်ပြိုင်ကစားသွားခဲ့ပါတယ်။ ဒီပွဲမှာ မက္ကဆီကိုက အမေရိကန်ကို နောက်ကနေ လိုက်ကစားပြီး ၂-၁ ရလဒ်နဲ့ အနိုင်ယူကာ ကွန်ကာကက်ဖ် ရွှေဖလားမှာ ၁၀ ကြိမ်မြောက် ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။

ဒီပွဲမှာ ပိုချက်တီနိုရဲ့ အသင်းက ၄-၂-၃-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီးတော့ ဖရီးစ်၊ ဖရီးမန်း၊ ရစ်ချက်၊ အဒမ်၊ ဒီလာ တော်ရေး၊ သီးလ်မန်း၊ အက်ဂ်ရီမန် တို့ ပါဝင်ကစားခဲ့ပါတယ်။ မက္ကဆီကို ဘက်မှာတော့ ရာအူးလ် ဟင်မီနက်ဇ်၊ အက်ဒ်ဆန် အဲလ်ဗာရက်ဇ်၊ ရူအစ်ဇ်၊ ဗက်ဇ်ကွက်ဇ်၊ ဆန်းချက်ဇ် တို့လို အမာခံ ကစားသမားတွေ ပွဲထွက်လာခဲ့ပါတယ်။ ပွဲချိန် ၄ မိနစ်မှာ အမေရိကန်တို့ စောစောစီးစီး ဦးဆောင်ဂိုး ရရှိခဲ့ပေမယ့် တကယ်တမ်း ခြေစွမ်းပိုင်း ပိုသာခဲ့တာက မက္ကဆီကို ဖြစ်ပါတယ်။ အမေရိကန်ဟာ ပထမပိုင်းမှာ မက္ကဆီကို ဂိုးပေါက်ကို ၃ ကြိမ်သာ ကန်ခွင့်ရခဲ့ပြီး မက္ကဆီကို ကတော့ ဂိုးပေါက်တည့် ကန်ချက် ၅ ကြိမ် အထိ ရှိခဲ့တာပါ။ ပွဲချိန် ၂၇ မိနစ် မှာတော့ မက္ကဆီကိုတို့ လိုအပ်နေတဲ့ ချေပဂိုး ရခဲ့ပြီး မာကယ် ရူအစ်ဇ်ရဲ့ ဖန်တီးပေးမှု ကနေ ရာအူးလ် ဟင်မီနက်ဇ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဟင်မီနက်ဇ်ဟာ ဂိုးသွင်း ပြီးချိန်မှာလည်း ဆုံးပါးသွားတဲ့ ဒီယိုဂို ဂျိုတာ အား ရည်စူးပြီး ဂိမ်းထိုင်နှိပ်တဲ့ အောင်ပွဲခံဟန် အတိုင်း ဂုဏ်ပြုသွားခဲ့ပါသေးတယ်။

ဒုတိယပိုင်း မှာလည်း မက္ကဆီကို ကပဲ ပိုကောင်းတဲ့ ကစားဟန်နဲ့ ပွဲကို ထိန်းချုပ်ပြီး ဦးဆောင်ဂိုး ရဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒီလိုနဲ့ ပွဲချိန် ၇၇ မိနစ် မှာတော့ မက္ကဆီကို အတွက် လိုအပ်နေတဲ့ အနိုင်ဂိုး ရရှိခဲ့ပြီးတော့ ဂျိုဟန် ဗက်စ်ကွက်ဇ်ရဲ့ ဖရီးကစ် ကနေ အက်ဒ်ဆန် အဲလ်ဗာရက်ဇ်က ခေါင်းတိုက် အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေ မှာတော့ အမေရိကန်က ချေပဂိုး ရဖို့ အားစိုက်ခဲ့သလို မက္ကဆီကို ကလည်း ဂိုးတွေ ထပ်ရဖို့ ကြိုးစားခဲ့ပေမယ့် ၂-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒါ့အပြင် မက္ကဆီကိုဟာ နှစ်နှစ် တစ်ကြိမ် ကျင်းပတဲ့ ကွန်ကာကက်ဖ် ရွှေဖလားကို နောက်ဆုံး ၄ ကြိမ်မှာ ၃ ကြိမ် ချန်ပီယံဆု ရခဲ့တာ ဖြစ်သလို လက်ရှိ ချန်ပီယံဘွဲ့ကိုလည်း ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကွန်ကာကက်ဖ် ရွှေဖလား ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်း အဖြစ် ရပ်တည်နေတဲ့ မက္ကဆီကို

မက္ကဆီကိုရဲ့ ဒီနေ့ပွဲ ခြေစွမ်းက ချန်ပီယံ ဖြစ်ဖို့ လုံလောက်ခဲ့ပြီး ပိုချက်တီနိုရဲ့ အသင်း ကတော့ စောစောစီးစီး ဦးဆောင်နိုင်ခဲ့သည့် တိုင်အောင် အားနည်းချက် များစွာ ရှိခဲ့ပါတယ်။ မက္ကဆီကို အနေနဲ့ ၂၀၁၉ ခုနှစ် နောက်ပိုင်း အမေရိကန်နဲ့ တွေ့ဆုံချိန်တိုင်း အသာမရခဲ့ခြင်းကို အဆုံးသတ်နိုင်ခဲ့ပြီး ဆုဖလားလည်း ကိုင်မြှောက်နိုင်ခဲ့လို့ ချိုမြိန်တဲ့ နိုင်ပွဲလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မက္ကဆီကိုဟာ နှစ်နှစ် တစ်ကြိမ် ကျင်းပတဲ့ ကွန်ကာကက်ဖ် ရွှေဖလားကို နောက်ဆုံး ၄ ကြိမ်မှာ ၃ ကြိမ် ချန်ပီယံဆု ရခဲ့တာ ဖြစ်သလို လက်ရှိ ချန်ပီယံဘွဲ့ကိုလည်း ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မက္ကဆီကိုဟာ ကွန်ကာကက်ဖ် ရွှေဖလား ပြိုင်ပွဲမှာ ၁၀ ကြိမ်မြောက် ချန်ပီယံ ဖြစ်ခဲ့ပြီး အအောင်မြင်ဆုံး အသင်း အဖြစ် ဆက်လက် ရပ်တည်နိုင်ခဲ့ကာ အမေရိကန် ထက်လည်း ၃ ကြိမ် ပိုသာသွားခဲ့ပါတယ်။

နည်းပြ ပိုချက်တီနို အနေနဲ့ ကတော့ အမေရိကန်ကို ဒီပြိုင်ပွဲမှာ အောင်မြင်မှု ရရှိအောင် မစွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့်တော့ အနာဂတ်က မသေမချာ ဖြစ်လာခဲ့ပါပြီ။ အမေရိကန်ဟာ အာဂျင်တီးနားသားကို အောင်မြင်မှုတွေ အတွက် အားကိုးတကြီး ခေါ်ယူခဲ့ပေမယ့် အခုချိန်ထိတော့ အားရစရာ အခြေအနေမျိုးနဲ့ မမြင်တွေ့ရသေးပါဘူး။ အသက် ၅၃ နှစ် အရွယ် နည်းပြဟာ အမေရိကန်ကို ၁၆ ပွဲ ကိုင်တွယ်ထားရာမှာ ၁၀ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၅ ပွဲ ရှုံး ရလဒ်ရရှိအောင် စွမ်းဆောင်ပေးထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်