နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကစားသမားဘဝ ကနေ အနားမယူသေးပဲ မေဂျာလိဂ်ကို ပြောင်းရွှေ့ ကစားဖွယ် ရှိကြောင်း ဖွင့်ဟလာတဲ့ သောမက်စ် မူလာ

ဂျာမနီ ဝါရင့် တိုက်စစ် ကစားသမားကြီး သောမက်စ် မူလာ ကတော့ ပြီးခဲ့တဲ့ရာသီ အကုန်မှာ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်နဲ့ လမ်းခွဲထားခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မူလာက သူ့ အနေနဲ့ ဘောလုံးလောက ကနေ အနားယူဦးမှာ မဟုတ်သလို မေဂျာလိဂ်ကို ပြောင်းရွှေ့ ကစားဖွယ် ရှိကြောင်းလည်း ပြောကြားလာခဲ့ပါတယ်။ 

အသက် ၃၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ သောမက်စ် မူလာဟာ ပြီးခဲ့တဲ့ရာသီ အစောပိုင်း ကတည်းက ဘေယန်မြူးနစ် ကနေ ထွက်ခွာမှာ ဖြစ်ကြောင်း ကြေညာထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ပီအက်စ်ဂျီကို ရှုံးနိမ့်ခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ် အပြီးမှာတော့ မူလာက ဘေယန်မြူးနစ် ကစားသမား ဘဝ ကနေ အပြီးတိုင် နှုတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။ မူလဟာ ဘေယန်မြူးနစ် အတွက် ဘွန်ဒက်စ်လီဂါ အပါအဝင် ပြိုင်ပွဲစုံမှာ ၇၅၆ ပွဲ ကစားပေးခဲ့ပြီး ဂိုး ၂၅၀ သွင်းကာ ၂၇၆ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ဘေယန်မြူးနစ် အသင်းရဲ့ သမိုင်းတစ်လျှောက် တတိယမြောက် ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည်နေတဲ့ သောမက်စ် မူလာက မြူးနစ် ကလပ်နဲ့ ၁၇ နှစ်တာ ကာလ အတွင်း အမှတ်ပေးဖလား ၁၃ ကြိမ်နဲ့ ချန်ပီယံလိဂ် ဖလား ၂ ကြိမ် အပါအဝင် ဆုဖလား ၃၃ လုံး အထိ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ် ဂန္ထဝင်ဟာ သူ့ ပါဝင် ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲပေါင်း ၅၀၃ ပွဲမှာ ၃၆၂ ပွဲ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

လက်ရှိ အချိန်မှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ သောမက်စ် မူလာာက မေဂျာလိဂ်ကို ပြောင်းရွှေ့ကစားဖို့ အလားအလာ များနေပြီး ဒါကိုလည်း သူကိုယ်တိုင်က ဝန်ခံထားပါတယ်။
ဘေယန်မြူးနစ် အတွက် ပြိုင်ပွဲစုံမှာ ၇၅၆ ပွဲ ကစားပေးခဲ့တဲ့ သောမက်စ် မူလာ

လက်ရှိ အချိန်မှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ သောမက်စ် မူလာာက မေဂျာလိဂ်ကို ပြောင်းရွှေ့ကစားဖို့ အလားအလာ များနေပြီး ဒါကိုလည်း သူကိုယ်တိုင်က ဝန်ခံထားပါတယ်။ မူလာက “ကျွန်တော် ဘောလုံးကစားချင်တုန်း ဆိုတော့ ဘာပဲဖြစ်ဖြစ် ဆက်ကစားဖို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်တော် ဘောလုံးသမား ဖြစ်လာမှာပါ။ ကျွန်တော့် အနေနဲ့ ဥရောပမှာ မရှိတော့ဘူး ဆိုပေမယ့် အမြင့်ဆုံး အဆင့်မှာ ဆက်ရှိနေဖို့ လုံလောက်တဲ့ အခွင့်အရေးကို အသုံးချဖို့ ကြိုးစားနေပါတယ်။” လို့ ဆိုပါတယ်။

အဲဒီနောက် မူလာက ဂျာမနီ ကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း တရားဝင် အတည်ပြုခဲ့ပြီး “ဒါဟာ ကျွန်တော့် အတွက် သေချာပေါက် နိုင်ငံတကာ အတွေ့အကြုံ တစ်ခု ဖြစ်လာမှာပါ။ ကျွန်တော် တကယ်ကို မျှော်လင့်နေပါတယ်။ သိလည်း သိချင်မိပါတယ်။ မေဂျာလိဂ်က စိတ်ဝင်စားစရာ ကောင်းတဲ့ လိဂ် တစ်ခုပါ။ သေချာတာ ကတော့ လာမယ့်နှစ် အမေရိကမှာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို မြင်ခွင့်ရဖို့ မျှော်မှန်းချက် ဖြစ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ကမ္ဘာ့ဖလား နီးလာတာနဲ့ အမျှ မေဂျာလိဂ် ကလပ်တွေဟာ လိဂ်ရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့ အတွက် ထိပ်တန်း နာမည်ကျော် ကစားသမားတွေကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြတာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ Sydney Morning Herald ရဲ့ ဖော်ပြချက်အရ သြစတြေးလျ ထိပ်သီး ကလပ် ဆစ်ဒနီ အက်ဖ်စီက မူလာ အတွက် ခိုင်မာတဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပြီး အပြုသဘောဆောင်တဲ့ အခြေအနေတွေမှာ ရှိနေကြောင်း သိရပါတယ်။ အကယ်၍ ဆစ်ဒနီအက်ဖ်စီ အနေနဲ့ မူလာကို ခေါ်ယူနိုင်ခဲ့မယ် ဆိုရင်တော့ အေလိဂ် အတွက် သမိုင်းဝင် အခိုက်အတန့် ဖြစ်လာဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်