နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မေဂျာလိဂ် အကောင်းဆုံး ကစားသမားဆုကို နှစ်နှစ်ဆက် ဆွတ်ခူးဖို့ ရေပန်းစားနေတဲ့ မက်ဆီ

၂၀၂၅ ဘောလုံးရာသီ မေဂျာလိဂ်ရဲ့ အကောင်းဆုံး ကစားသမားဆု အတွက် ဆန်ခါတင် ၅ ဦး စာရင်း ထွက်ပေါ်လာပါတယ်။ ဒီစာရင်းမှာ အင်တာမိုင်ယာမီ တိုက်စစ်မှူး လီယွန်နယ် မက်ဆီက နှစ်ရာသီ ဆက်တိုက် ပါဝင်လာခဲ့ပြီး ဆုရရှိဖို ရေပန်းအစားဆုံး ဖြစ်နေကြောင်း သိရပါတယ်။

မေဂျာလိဂ်က ထုတ်ပြန်ခဲ့တဲ့ ဆန်ခါတင် ကစားသမား ၅ ဦး စာရင်းမှာ ပါဝင်နေသူတွေ ကတော့ လီယွန်နယ် မက်ဆီ (အင်တာမိုင်ယာမီ)၊ ဒင်းနစ် ဘူအန်ဂါ (အဲလ်အေအက်ဖ်စီ)၊ အန်ဒါးစ် ဒရီယာ (ဆန်ဒီယေဂို)၊ အီဗန်ဒါ (စီစင်နတီ)၊ ဆမ် ဆာရစ်ချ် (နက်ရှ်ဗီးလ်) တို့ ဖြစ်ပါတယ်။ 

ဒီကစားသမား ၅ ဦးရဲ့ စွမ်းဆောင်ရည်တွေကို ပြန်ကြည့်မယ် ဆိုရင်တော့ မက်ဆီက ၂၀၂၅ ရာသီ မေဂျာလိဂ် ပြိုင်ပွဲမှာ ၂၉ ဂိုး သွင်းကာ ဂိုး ဖန်တီးမှု ၁၉ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဘူအန်ဂါ ကတော့ ၂၄ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ စီစင်နတီ ကွင်းလယ် တိုက်စစ် ကစားသမား အီဗန်ဒါ ကတော့ ၁၈ ဂိုး သွင်းကာ၊ ၁၄ ဂိုး ဖန်တီးထားပြီး ဆန်ဒီယေဂို တောင်ပံ ကစားသမား ဒရီယာ ကတော့ ၁၉ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၁၇ ကြိမ် ပြုလုပ်ထားပါတယ်။ ဒါ့အပြင် နက်ရှ်ဗီးလ် တိုက်စစ်မှူး ဆာရစ်ချ် ကတော့ ၂၄ ဂိုး သွင်းကာ ၃ ဂိုး ဖန်တီးထားပါတယ်။ သတင်းတွေအရ ဆိုရင်တော့ ဒီဆု အတွက် လီယွန်နယ် မက်ဆီနဲ့ ဒန်းနစ် ဘူအန်ဂါတို အဓိက အပြိုင်လုရဖွယ် ရှိနေကြောင်း သုံးသပ်နေကြပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ ရာသီ ကလည်း မေဂျာလိဂ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ထားခဲ့တာကြောင့် ဒီရာသီမှာ ထပ်ရခဲ့ရင်တော့ ဒီဆုကို နှစ်ရာသီ ဆက်တိုက် ရရှိတဲ့ ပထမဦးဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်မှာလည်း ဖြစ်ပါတယ်။ မက်ဆီဟာ အခုတစ်ပတ် အစောပိုင်းကလည်း အင်တာမိုင်ယာမီနဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်း တိုးမြှင့်ထားခဲ့ပါသေးတယ်။ မက်ဆီဟာ အစောပိုင်းမှာ သတင်းတွေ ထွက်ပေါ်နေတဲ့ အတိုင်း တခြားသော ကလပ်တွေကို မပြောင်းရွှေ့တော့ပဲ မေဂျာလိဂ် ကလပ် နဲ့ပဲ စာချုပ်သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ အစောပိုင်းမှာ သတင်းတွေ ထွက်ပေါ်နေတဲ့ အတိုင်း တခြားသော ကလပ်တွေကို မပြောင်းရွှေ့တော့ပဲ မေဂျာလိဂ် ကလပ် နဲ့ပဲ စာချုပ်သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီနဲ့ စာချုပ်သက်တမ်းတိုးထားတဲ့ မက်ဆီ

မက်ဆီဟာ ၂၀၂၃ ခုနှစ် ဇူလိုင်မှာ အင်တာမိုင်ယာမီနဲ့ ၂ နှစ်ခွဲ စာချုပ် ချုပ်ဆိုထားခဲ့တာကြောင့် လာမယ့် ဒီဇင်ဘာမှာ သက်တမ်း ကုန်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒေးဗစ် ဘက်ခမ်း ပူးတွဲ ပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီက မက်ဆီကို စာချုပ်သက်တမ်းတိုးဖို့ အသေအချာ လုပ်ဆောင်ခဲ့ပြီး အခုတော့ အသက် ၃၈ နှစ် ရှိပြီ ဖြစ်တဲ့ မက်ဆီကို ၄၁ နှစ် အရွယ် အထိ မြက်ခင်းစိမ်းတွေ ပေါ်မှာ ဆက်လက် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ဒါဟာ မက်ဆီကို မြက်ခင်းစိမ်းပေါ်မှာ ဆက်လက် မြင်တွေ့ချင်နေသေးတဲ့ သူ့ရဲ့ ပရိသတ်တွေ အတွက် ဝမ်းသာစရာ သတင်းလည်း ဖြစ်ခဲ့ပါတယ်။

မက်ဆီဟာ မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီ အတွက် ပြိုင်ပွဲစုံ ၈၃ ပွဲ ကစားကာ ၇၁ ဂိုး သွင်းယူပေးထားပါတယ်။ ဆုဖလား အောင်မြင်မှု အနေနဲ့ ကတော့ မက်ဆီက အင်တာမိုင်ယာမီနဲ့ ၂၀၂၃ လိဂ်ဖလား ချန်ပီယံ တစ်ကြိမ်သာ ဖြစ်ဖူးပါသေးတယ်။

မေဂျာလိဂ်ဟာ အကောင်းဆုံး ကစားသမားဆု အပြင် တခြားသော ဆုအမျိုးအစား များစွာ ကိုလည်း ချီးမြှင့်သွားမှာ ဖြစ်ပြီး အဲဒီဆုတွေ အတွက် ဆန်ခါတင် စာရင်းတွေ ကိုလည်း ထုတ်ပြန် ကြေညာသွားခဲ့ကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်