နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လူးဝစ္စ အန်နရီကေးကို တစ်သက်တာ စာချုပ်နဲ့ သက်တမ်းတိုးဖို့ စီစဉ်နေတဲ့ ပီအက်စ်ဂျီ | လီဂူးဝမ်း

လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီ ကတော့ နည်းပြ လူးဝစ် အန်နရီကေးကို တစ်သက်တာ စာချုပ်နဲ့ သက်တမ်းတိုးဖို့ စီစဥ်နေကြောင်း စပိန် သတင်းစာ AS က ဖော်ပြခဲ့ပါတယ်။ အန်နရီကေးဟာ ပီအက်စ်ဂျီနဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားတာကြောင့် မကြာခင်မှာ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ စတင်တော့မှာ ဖြစ်ပါတယ်။

AS ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီ အသင်းပိုင်ရှင် ရှိတဲ့ ဒိုဟာမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ အားလုံး ချမှတ်ဖို့ ရှိပြီး စပိန်သားကို အံ့အားသင့်ဖွယ် စာချုပ် တစ်ခုနဲ့ ကမ်းလှမ်းချင်နေကြကြောင်း သိပါတယ်။ လီဂူးဝမ်း ကလပ်ရဲ့ အစီအစဉ်က လူးဝစ္စ အန်နရီကေးကို တစ်သက်တာ စာချုပ်နဲ့ ကမ်းလှမ်းဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

အန်နရီကေးဟာ ပီအက်စ်ဂျီကို ၂၀၂၃ ခုနှစ်ကမှ စတင် ကိုင်တွယ်ခဲ့ပေမယ့် အချိန်တို အတွင်းမှာ သမိုင်းဝင် အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တာကြောင့် အသင်း တာဝန်ရှိသူတွေက အထူးအခွင့်အရေး တစ်ရပ်ပေးသွားဖို့ ဆုံးဖြတ်ထားတာပါ။ ပီအက်စ်ဂျီက အန်နရီကေး ဆန္ဒရှိသလောက် အသင်းမှာ ဆက်နေခွင့် ရှိမယ့် တစ်သက်တာ သက်တမ်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ စီစဥ်နေတာ ဖြစ်ကြောင်း သိရပါတယ်။

အန်နရီကေးက ပီအက်စ်ဂျီကို ပြီးခဲ့တဲ့ ဘောလုံးရာသီက သမိုင်းဝင် ဖလား ၃ လုံး အောင်ပွဲ ရယူပေးနိုင်ရုံ သာမက ၂၀၂၅ ခုနှစ် အတွင်း ဖလား ၆ လုံး အထိ ရယူပေးနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ လူးဝစ္စ အန်နရီကေးရဲ့ ဦးဆောင်မှုနဲ့ လီဂူးဝမ်း၊ Coupe de France၊ Trophée des champions၊ ယူအီးအက်ဖ်အေ စူပါဖလား၊ ချန်ပီယံလိဂ်နဲ့ အင်တာကွန်တီနန်တယ်ဖလား တို့မှာ ချန်ပီယံဆုတွေ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါတောင် ပီအက်စ်ဂျီက ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဒုတိယရခဲ့လို့သာ ဆုဖလား ၇ လုံး ရရှိမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

လီဂူးဝမ်း ကလပ်ရဲ့ အစီအစဉ်က လူးဝစ္စ အန်နရီကေးကို တစ်သက်တာ စာချုပ်နဲ့ ကမ်းလှမ်းဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
တစ်ဦးချင်း အောင်မြင်မှုတွေလည်း ရရှိထားတဲ့ လူးဝစ္စ အန်နရီကေး

အန်နရီကေးက လီဂူးဝမ်း ကလပ်ကို စုစုပေါင်း ၁၄၂ ပွဲ ကိုင်တွယ်ထားချိန်မှာ နိုင်ပွဲ ၁၀၀ ရရှိထားပြီးတော့ သရေ ၂၃ ပွဲ၊ ရှုံးပွဲ ၁၉ ပွဲသာ ရှိထားပါတယ်။ ဒါဟာ တစ်ပွဲ ပျမ်းမျှ ၂.၃ မှတ်နှုန်း ရရှိထားတာ ဖြစ်သလို နိုင်ပွဲ ရာခိုင်နှုန်း ကတော့ ၇၀ ရာခိုင်နှုန်း ရှိနေတာ ဖြစ်ပါတယ်။ အန်နရီကေးက ဘာစီလိုနာ၊ ရိုးမား၊ ဆဲလ်တာဗီဂိုနဲ့ စပိန် လက်ရွေးစင် အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပြီး ဘာစီလိုနာ မှာလည်း ဆုဖလား အောင်မြင်မှု များစွာ ရရှိထားခဲ့တဲ့ ထိပ်တန်း နည်းပြ တစ်ဦးလည်း ဖြစ်ပါတယ်။

ဒီလိုမျိုး တစ်နှစ် အတွင်း ဆုဖလား ၆ လုံး ရယူနိုင်တဲ့ နည်းပြက ဘောလုံးလောကမှာ ၃ ဦးသာ ရှိပြီး ၂၀၀၉ မှာ ဘာစီလိုနာနဲ့ ဂွါဒီယိုလာ၊ ၂၀၂၀ မှာ ဘေယန်မြူးနစ်နဲ့ ဟန်ဆီ ဖလစ်ခ်နဲ့ ၂၀၂၅ မှာ ပီအက်စ်ဂျိနဲ့ လူးဝစ္စ အန်နရီကေးတို့ ဖြစ်ပါတယ်။ အန်နရီကေးက ၂၀၂၅ ခုနှစ် အတွက် ဘယ်လွန်ဒေါက ချီးမြှင့်တဲ့ အကောင်းဆုံး နည်းပြဆု ကိုရော ဖီဖာရဲ့ The Best အကောင်းဆုံး နည်းပြဆု ကိုရော ရရှိခဲ့ပြီး အက်စ်တူရီယန် နည်းပြက ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပေးအပ်မယ့် Globe Soccer Awards မှာ အလားတူ ဆုတံဆိပ်ကို ရရှိဖို့ ဦးဆောင် ယှဉ်ပြိုင်သူလည်း ဖြစ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်