နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တန်းမဆင်းရတော့တဲ့ လိုင်ယွန်ကြောင့် ယူရိုပါလိဂ် ကစားခွင့် မျှော်လင့်ချက် မှေးမှိန်လာတဲ့ ပဲလေ့စ် | လီဂူးဝမ်း

ပြင်သစ် လီဂူးဝမ်းရဲ့ ထိပ်တန်း ကလပ် တစ်ခု ဖြစ်တဲ့ လိုင်ယွန် ကတော့ အယူခံ အောင်မြင်ခဲ့တာကြောင့် လီဂူးတူးဆီ တန်းမဆင်းရတော့မှာ မဟုတ်ကြောင်း သိရပါတယ်။ ပြင်သစ်လိဂ် ချန်ပီယံဆုကို ၇ ကြိမ်ဆက် ရယူခဲ့ဖူးတဲ့ လိုင်ယွန်ဟာ တန်းဆင်းရမယ့် ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးဖို့ အယူခံဝင်ခဲ့တာ ဖြစ်ပြီး အောင်မြင်ခဲ့တာကြောင့်လည်း လီဂူးဝမ်းမှာ ဆက်လက် ရပ်တည်ခွင့် ရရှိမှာ ဖြစ်ကြောင်း ပြင်သစ် ဘောလုံးအဖွဲချုပ် (FFF) က မနေ့က ထုတ်ပြန် ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက လိုင်ယွန်ကို ဘတ်ဂျက် ကန့်သတ်မှုတွေ ချမှတ်ခဲ့သလို ပြီးခဲ့တဲ့လ ကတော့ လီဂူးတူးဆီ တန်းဆင်းဖို့ ဆုံးဖြတ်တာပါ။ အဲဒီနောက် အမေရိကန် စီးပွားရေး လုပ်ငန်းရှင် မီရှဲလ် ကန်က တနိုင်ငံတည်းသား ဂျွန် တက်စတာ ဆီကနေ ဥက္ကဋ္ဌ ရာထူးကို လွှဲပြောင်းရယူခဲ့ပါတယ်။ တက်စ်တာက ကလပ်ရဲ့ နေ့စဉ် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ ကနေ ခတ္တ ရှောင်ဖယ်နေမှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။ မီရှဲလ် ကန် ကတော့ တက်စတာ ပြီးနောက် ကလပ်ရဲ့ ဒုတိယမြောက် အကြီးဆုံး ရှယ်ယာရှင် ဖြစ်သလို လိုင်ယွန် အမျိုးသမီး အသင်းရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

တက်စတာဟာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ လိုင်ယွန်ကို အောင်မြင်မှုတွေ ရရှိအောင် ဦးဆောင်ပေးခဲ့တဲ့ ဥက္ကဋ္ဌကြီး ဂျင်းန် မစ်ချယ် အောလက်စ် ဆီကနေ ရှယ်ယာ အများစုကို လွှဲပြောင်းရယူထားသူ ဖြစ်ပါတယ်။ လိုင်ယွန်ဟာ အောလက်စ် လက်ထက်မှာ ၂၀၀၂ ကနေ ၂၀၀၈ ခုနှစ် အထိ လီဂူးဝမ်း ဖလားကို ၇ ကြိမ် ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသက် ၅၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ တက်စ်တာဟာ ခရစ္စတယ်ပဲလေ့စ်ရဲ့ ပူးတွဲ ပိုင်ရှင် ဖြစ်သလို Eagle Football Group ရဲ့ ပိုင်ရှင် ဖြစ်ပြီး ဘရာဇီးလ် ကလပ် ဘိုတာဖိုဂိုနဲ့ ဘယ်လ်ဂျီယံ ကလပ် ဒါရင်း ဘရက်ဆဲလ်တို့မှာလည်း ရှယ်ယာတွေ ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့်လည် တက်စတာက လိုင်ယွန်ရဲ့ စာရင်းဇယားတွေကို မျှတအောင် ကြိုးစားရင်း ဇွန်လလယ်မှာ ပရီးမီးယားလိဂ် ကလပ် ခရစ္စတယ်ပဲလေ့စ်မှာ သူပိုင်ဆိုင်တဲ့ ရှယ်ယာ ၄၃ ရာခိုင်နှုန်းကို ရောင်းချခဲ့ပါတယ်။

လိုင်ယွန် အနေနဲ့ ပြီးခဲ့တဲ့ ရာသီက လီဂူးဝမ်းမှာ အဆင့် ၆ နေရာနဲ့ ပြီးဆုံးခဲ့တာကြောင့် ယူရိုပါလိဂ် ဝင်ခွင့် ရရှိထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီက လီဂူးဝမ်းမှာ အဆင့် ၆ နေရာနဲ့ ပြီးဆုံးခဲ့တဲ့ လိုင်ယွန်

လိုင်ယွန် အနေနဲ့ ပြီးခဲ့တဲ့ ရာသီက လီဂူးဝမ်းမှာ အဆင့် ၆ နေရာနဲ့ ပြီးဆုံးခဲ့တာကြောင့် ယူရိုပါလိဂ် ဝင်ခွင့် ရရှိထားခဲ့ပါတယ်။ လိုင်ယွန်ဟာ အခုလို အယူခံအောင်မြင်ပြီးနောက် ယူရိုပါလိဂ်မှာ ပါဝင် ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပေမယ့် ယူအီးအက်ဖ်အေ ကိုတော့ ဒဏ်ကြေးပေးဆောင်ရဦးမှာ ဖြစ်ပါတယ်။ လက်ရှိမှာ လိုင်ယွန် အနေနဲ့ တိုက်စစ်မှူး အလက်ဇန္တား လာကာဇက်နဲ့ ဂိုးသမား အန်သိုနီ လိုပက်စ် တို့ကို ထွက်ခွာခွင့်ပြုပြီးနောက် အသင်းရဲ့ လုပ်ခလစာကို လျှော့ချထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြင်သစ် ကလပ်ဟာ ရေယန် ချာကီ ကိုလည်း မန်ချက်စတာစီးတီးထံ ရောင်းချထားတာကြောင့် အတိုင်းအတာ တစ်ခု အထိ အသင်းရဲ့ ဘက်ဂျက် အခြေအနေကို ဖြေရှင်းထားနိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လိုင်ယွန် အနေနဲ့ လာမယ့် ရာသီ အတွက် လုပ်ခ လစာနဲ့ ကစားသမား အပြောင်းအရွှေ့ အတွက် ဘတ်ဂျက်တွေကို လျှော့ချရမှာ ဖြစ်ကြောင်း FFF က ထုတ်ပြန်ထားပါတယ်။ တစ်ဖက်မှာတော့ ခရစ္စတယ်ပဲလေ့စ်ဟာ လိုင်ယွန်တို့ ယူရိုပါလိဂ် ဝင်ရောက် ကစားနိုင်တော့မှာ ဖြစ်လို့ လာမယ့်ရာသီ အဲဒီ ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရဖို့ မသေချာ ဖြစ်သွားခဲ့ပါတယ်

လက်ရှိ အခြေအနေနဲ့ ပတ်သတ်လို့ လိုင်ယွန် ဘက်ကတော့ “ကလပ် အသင်း စီမံခန့်ခွဲမှု အသစ်ရဲ့ ရည်မှန်းချက်ကို အသိအမှတ်ပြုပေးတဲ့ အတွက် အယူခံကော်မရှင်ကို လိုင်ယွန် အနေနဲ့ ကျေးဇူးတင်ပါတယ်။ ဒီကနေ့ ဆုံးဖြတ်ချက်ဟာ လိုင်ယွန် အပေါ် ယုံကြည်မှု ပြန်လည် တည်ဆောက်ခြင်းရဲ့ ပထမဦးဆုံး ခြေလှမ်းဖြစ်ပါတယ်။” လို့ ထုတ်ပြန် ကြေညာထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်