ဘရာဇီးလ် တောင်ပံ တိုက်စစ် ကြယ်ပွင့် ဗင်နီးစီးယပ်စ် ဂျူနီယာ ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့ကြောင်း Cadena SER လို့ ခေါ်တဲ့ မီဒီယာ တစ်ခုက ဖော်ပြလာခဲ့ပါတယ်။ ဒါ့အပြင် ဗင်နီးစီးယပ်စ်ရဲ့ စာချုပ် သက်တမ်းတိုးမှုကို လာလီဂါ ကလပ် ဘက်က ဒီရာသီအကုန်မှာ တရားဝင် ကြေညာသွားမယ်လို့လည်း သိရပါတယ်။
ဗင်နီးစီးယပ်စ်ဟာ လာလီဂါ ထိပ်သီး ကလပ်နဲ့ လာမယ့် ၂၀၂၇ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေသူ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ဘက်ကတော့ သူတို့ရဲ့ အဓိက ကစားသမား ဖြစ်တဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အတွက် ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗင်နီ ကိုယ်တိုင် ကလည်း ရီးရဲလ်မက်ဒရစ်မှာ ကာလရှည်ကြာ ဆက်ပြီး ဖြတ်သန်းလိုကြောင်း တရားဝင် ဖွင့်ဟထားခဲ့ဖူးပါတယ်။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့ လပိုင်းလောက်မှာ ဗင်နီးစီးယပ်စ်ဟာ အသင်းဖော် ကီလီယန် အမ်ဘာပေးထက် လုပ်ခလစာ ပိုမို ရရှိလိုကြောင်း ရီးရဲလ်မက်ဒရစ်ထံ တောင်းဆိုထားတာကြောင့် ကလပ် ဘက်က အဲဒီ အခြေအနေကို စိတ်ပျက်လျက် ရှိကြောင်း သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပါသေးတယ်။ ဗင်နီးစီးယပ်စ်ဟာ စာချုပ်သစ် အတွက် တစ်နှစ် လုပ်ခ လစာ ယူရို သန်း ၂၀ ပေးချေဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ရီးရဲလ်မက်ဒရစ်မှာ တစ်နှစ် လုပ်ခ လစာ အများဆုံး အဖြစ် ယူရို ၁၅ သန်း ရရှိနေတဲ့ တိုက်စစ်မှူး အမ်ဘာပေးရဲ့ လုပ်ခ လစာထက် ၃၃ ရာခိုင်နှုန်း ပိုများတဲ့ ပမာဏလည်း ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင် ရီးရဲလ်မက်ဒရစ်ဟာ ဗင်နီးစီးယပ်စ်ကို ရောင်းထုတ်ဖို့ အထိ စဉ်းစားနေတယ်လို့ပါ သိရှိခဲ့ရပါတယ်။ ဒါ့အပြင် ဆော်ဒီပရိုလိဂ်ဟာ အသက် ၂၄ နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင်ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကတည်းက စိတ်ဝင်စားခဲ့ပြီးတော့ ၅ နှစ် စာချုပ် အတွက် ယူရို ၁ ဘီလီယံတန် ကမ်းလှမ်းမှုပါ ပြုလုပ်ဖို့ အသင့် ရှိနေကြောင်းလည်း သိရှိခဲ့ရပါတယ်။

ဒါပေမယ့်လည်း ဗင်နီးစီးယပ်စ် အနေနဲ့ ရီးရဲလ်မက်ဒရစ် မှာသာ ဆက်လက် ကစားလိုတဲ့ အတွက် အသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် ဘက်ကလည်း ဒီရာသီအကုန်မှာ သူ့ကို စာချုပ် သက်တမ်းတိုးမြှင့်ကြောင်း တရားဝင် ကြေညာသွားမယ်လို့ စပိန် မီဒီယာတွေမှာ ဖော်ပြနေတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ချုပ်ဆိုထားတဲ့ လက်ရှိ စာချုပ်က ၂၀၂၇ ခုနှစ် အထိ သက်တမ်း ရှိနေပြီး ၂ နှစ် သို့မဟုတ် ၃ နှစ် သက်တမ်းတိုးဖွယ် ရှိနေကြောင်း သိရပါတယ်။ ဒါကြောင့် စာချုပ် သက်တမ်းတိုးပြီးရင်တော့ ဗင်နီးစီးယပ်စ် အနေနဲ့ ရီးရဲလ်မက်ဒရစ်မှာ ၂၀၂၉ ဒါမှမဟုတ် ၂၀၃၀ အထိ ရှိနေတော့မှာ ဖြစ်ပါတယ်။
ဗင်နီးစီးယပ်စ် ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ အတူ ဆုဖလား အောင်မြင်မှု များစွာ ရရှိထားသူလည်း ဖြစ်ပါတယ်။ ဗင်နီးစီးယပ်စ်က ရီးရဲလ်မက်ဒရစ်နဲ့ လာလီဂါ ချန်ပီယံ ၃ ကြိမ်၊ ချန်ပီယံလိဂ် ၂ ကြိမ်၊ ကိုပါဒယ်ရေး ၁ ကြိမ်၊ စပိန်စူပါဖလား ၃ ကြိမ်၊ စူပါဖလား ၂ ကြိမ်၊ ကလပ် ကမ္ဘာ့ဖလား ၂ ကြိမ်နဲ့ ဖီဖာ ကွန်တီနန်တယ်ဖလား ၂ ကြိမ် ရရှိထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.