နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂွန်ဇာလို ဂါစီယာကို ယူရို ၂၅ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ ဆန်းဒါးလန်း၊ ဒီပေါလ်ကို ခေါ်ယူပေးဖို့ အင်တာမိုင်ယာမီကို တိုက်တွန်းထားတဲ့ မက်ဆီ | လာလီဂါ

ဇူလိုင်လ ၇ ရက်နေ့ အတွက် နောက်ထပ် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဆန်းဒါးလန်း ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဂွန်ဇာလို ဂါစီယာကို ယူရို ၂၅ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ဒါ့အပြင် ဆန်းဒါးလန်းက ဒီကစားသမားကို ပြန်လည် ရောင်းချရာမှာ ရရှိတဲ့ ပြောင်းရွှေ့ကြေးရဲ့ ၂၅ ရာခိုင်နှုန်းကို ရီးရဲလ်မက်ဒရစ် ရရှိမယ့် စာချုပ်မျိုးနဲ့ ကမ်းလှမ်းသွားဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။ ဒီအသက် ၂၁ နှစ် အရွယ် စပိန် တိုက်စစ် ကြယ်ပွင့်ဟာ လက်ရှိ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခြေစွမ်းပြနေပြီးတော့ ၅ ပွဲ ကစားရာမှာ ၄ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးထားပါတယ်။ သူ့ကိုတော့ အထောင် တိုက်စစ်နေရာ အတွက် ဖြေရှင်းမှု အဖြစ် ဇာဘီ နည်းပြ ဇာဘီ အလွန်ဆိုက တဖြည်းဖြည်း ရှုမြင်လာတာကြောင့် ရောင်းထုတ်နိုင်ခြေတော့ နည်းပါးပြီး အငှားချဖို့တော့ ဖြစ်နိုင်ခြေ ရှိနေပါတယ်။

နီကို ဝီလီယမ်စ်ကို လက်လွှတ်ခဲ့ရသလို လူးဝစ္စ ဒီးယက်ဇ် ကိုလည်း ခေါ်ယူဖို့ ခက်ခဲနေတဲ့ ဘာစီလိုနာ ကတော့ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ အပြောင်းအရွှေ့ကိုလည်း ပယ်ချထားခဲ့ကြေင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ လက်ရှိမှာ လာလီဂါ ကလပ်က အေစီမီလန် တောင်ပံကစားသမား ရာဖေးလ် လီယောင်ကို ခေါ်ယူဖို့ အလေးအနက်ထား စဉ်းစားနေကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။

အက်တလက်တီကိုမက်ဒရစ် ကတော့ အတ္တလန္တာ တိုက်စစ်မှူး အဒမ်မိုလာ လွတ်ခ်မန်း ခေါ်ယူဖို့ စဉ်းစားနေကြောင်း MARCA က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီယေဂို ဆီမြွန်နီရဲ့ အသင်းဟာ အက်စတွန်ဗီလာ၊ နော့တင်ဟမ်ဖောရက်စ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့နဲ့ အပြိုင် လွတ်ခ်မန်းကို ကြိုးပမ်းလိုခြင်းတော့ မရှိကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ အသက် ၁၈ နှစ် အရွယ် ပေါ်တူဂီ ကွင်းလယ် ကြယ်ပွင့် ရိုဒရီဂို မိုရာ အတွက် ပေါ်တိုနှင့် ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိကြောင်း Fichajes က ဖော်ပြချက်ပါတယ်။ ဒီကစားသမား ကိုတော့ ရီးရဲလ်မက်ဒရစ်က အတည်တကျ ကြိုးပမ်းနေတာ ဖြစ်ပြီး တန်ကြေး ကတော့ ယူရို ၂၅ သန်း ဝန်းကျင် ရှိနေပါတယ်။

ဒီပေါလ် ကတော့ လာလီဂါ ကလပ်နဲ့ မကြာခင်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမားလည်း ဖြစ်ပါတယ်။
သူငယ်ချင်း ဖြစ်သူ ဒီပေါလ်ကို အင်တာမိုင်ယာမီဆီ ခေါ်ယူချင်နေတဲ့ လီယွန်နယ် မက်ဆီ

လီယွန်နယ် မက်ဆီရဲ့ အကြံပြုမှုကြောင့် အင်တာ မိုင်ယာမီရဲ့ တွဲဖက် ပိုင်ရှင် ဂျော့ဂျ် မက်စ်ဟာ အက်တလက်တီကိုမက်ဒရစ်နဲ့ အာဂျင်တီးနား ကွင်းလယ် ကစားသမား ရိုဒရီဂို ဒီပေါလ်ကို ဒီနွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကစားသမားရဲ့ ကိုယ်စားလှယ်ထံ ဆက်သွယ် မေးမြန်းခဲ့ကြောင်း El Chiringuito က ဖော်ပြခဲ့ပါတယ်။ ဒီပေါလ် ကတော့ လာလီဂါ ကလပ်နဲ့ မကြာခင်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမားလည်း ဖြစ်ပါတယ်။

ချားလော့တ်အက်ဖ်စီ ကတော့ တိုက်စစ်မှူး ပက်ဖရစ် အက်ဂ်ရီမန်းကို အမေရိကန် ဒေါ်လာ ၈ သန်း (အပိုဆုကြေးငွေ ဒေါ်လာ 2 သန်း) နဲ့ ဒါဘီကောင်တီဆီ ရောင်းချဖို့ သဘောတူညီမှု ရရှိပြီးနောက် တိုက်စစ်မှူးသစ် တစ်ဦး ပြန်လည် ခေါ်ယူဖို့ ရှိနေကြောင်း သိရပါတယ်။

တောင်ကိုရီးယား အသင်းခေါင်းဆောင် ဆွန်ဟောင်မင် ကတော့ ဒီနွေရာသီမှာ တော့တင်ဟမ်ဟော့စပါး ကနေ အဲလ်အေအက်ဖ်စီကို ပြောင်းရွှေ့ခွင့်ရမယ့် အခွင့်အရေးကို ငြင်းဆန်သွားဖွယ် ရှိနေကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ စပါးမှာ နှစ်ကာလ အတန်ကြာ ကစားခဲ့ပြီးတော့ ပြီးခဲ့တဲ့ ရာသီက သူ့ရဲ့ ကစားသမားဘဝမှာ ပထမဦးဆုံး အကြိမ် ဆုဖလား အောင်မြင်မှု အဖြစ် ယူရိုပါလိဂ် ချန်ပီယံဆုကို ကိုင်မြှောက်ထားနိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်