နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိမ်မက် အသင်း တည်ဆောက်ဖို့ ဗင်နီနဲ့ ဗယ်လ်ဗာဒီကို ရောင်းထုတ်ကာ ရန်ပုံငွေ ရှာမယ့် ရီးရဲလ်မက်ဒရစ် | လာလီဂါ

အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၄ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဆော်ဒီပရီုလိဂ် တာဝန်ရှိသူတွေ ကတော့ ရီးရဲလ်မက်ဒရစ် တောင်ပံ ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာကို ကမ္ဘာ့လုပ်ခလစာ အများဆုံး ကစားသမား ဖြစ်လာစေရေး သဘောတူညီချက် ရဖို့ စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်က မိုဟာမက် ဆာလာ ကလည်း ဆော်ဒီပရိုလိဂ်ရဲ့ ရေရှည် ပစ်မှတ် အဖြစ် ရှိနေဆဲ ဖြစ်ကြောင်း talkSPORT က ဖော်ပြပါတယ်။

ဗင်နီးစီးယပ်စ်နဲ့ ဖက်ဒရစ်ကို ဗယ်လ်ဗာဒီ တို့ကတေ့ လာလီဂါ ထိပ်သီး တို့ရဲ့ အိပ်မက် အသင်း တည်ဆောက်ရေး စီမံကိန်း အတွက် ရန်ပုံငွေ ရှာဖွေဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေ ဖြစ်လာနိုင်ပါတယ်။ ဒီကစားသမားတွေ ကတော့ မကြာခင်မှာ ဆန်တီယေဂို ဘာနေဗျူး ကနေ ထွက်ခွာဖွယ် ရှိနေပြီးတော့ အာဆင်နယ် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီနဲ့ မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း တို့ကတော့ သူတို့ရဲ့ နေရာမှာ တိုက်ရိုက် အစားထိုးဝင်ရောက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

တစ်ဖက် မှာလည်း လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်က ဗင်နီးစီးယပ်စ်ရဲ့ နေရာမှာ အက်သလက်တစ် ဘီလ်ဘာအို တောင်ပံကစားသမား နီကို ဝီလီယမ်စ်နဲ့ အစားထိုးချင်နေပါတယ်။ လော့စ်ဘလန်ကို့စ် တို့ဟာ လိုအပ်ပါက ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၉၀ (ပေါင် ၇၉.၁ သန်း၊ ဒေါ်လာ ၁၀၄.၆ သန်း) သုံးစွဲသွားဖို့ ရှိနေပါတယ်။

ဘာစီလိုနာ ကတော့ ချဲလ်ဆီး တောင်ပံ ကစားသမား ပက်ဒရို နတ်တိုရဲ့ ရာသီအစ ခြေစွမ်းကို အထင်ကြီးခဲ့ပေမယ့် ခြင်္သေ့ပြာတွေ ကတော့ ပေါ်တူဂီ လက်ရွေးစင် အတွက် မည်သည့် ကမ်းလှမ်းမှုမျိုးကို မဆို ပယ်ချသွားဖို့ ရှိနေကြောင်း Football Insider က ဖော်ပြပါတယ်။

တစ်ဖက် မှာလည်း လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်က ဗင်နီးစီးယပ်စ်ရဲ့ နေရာမှာ အက်သလက်တစ် ဘီလ်ဘာအို တောင်ပံကစားသမား နီကို ဝီလီယမ်စ်နဲ့ အစားထိုးချင်နေပါတယ်။
နီကို ဝီလီယမ်စ်ကို ခေါ်ယူချင်လာတဲ့ ရီးရဲလ်မက်ဒရစ်

အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ် ကတော့ ဘာစီလိုနာရဲ့ အိပ်မက် ပစ်မှတ် အဖြစ် ရှိနေဆဲပါ။ ဘာစီလိုနာ ဥက္ကဋ္ဌ ယိုအန် လာပေါ်တာ အနေနဲ့ ဒီကစားသမားကို ခေါ်ယူဖို့ လိုအပ်တဲ့ ရန်ပုံငွေတွေ ရှာဖွေသွားရန် စီစဉ်ထားပြီး တခြားသော ကစားသမား တစ်ဦးကို ရောင်းချရန် အသင့် ဖြစ်နေကြောင်း MARCA က ဖော်ပြပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ နှစ်သင်းစလုံး ကတော့ ဖရန့်ဖတ်ရဲ့ ဘယ်နောက်ခံလူ နာသန်နီရယ် ဘရောင်းကို စိတ်ဝင်စားနေကြပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ် ကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ် စာရင်းမှာ ပါဝင်နေတဲ့ သူတို့ရဲ့ ကစားသမား အတွက် ယူရို ၇၀ သန်း (ပေါင် ၆၁.၅ သန်း၊ ဒေါ်လာ ၈၁.၃ သန်း) အထိ လိုချင်နေပါတယ်။

လစ်ဗာပူးလ် တိုက်စစ်မှူးဟောင်း ဒါဝင် နူညက်ဇ် ကတော့ ဆော်ဒီအာရေဗျ ကလပ် အဲလ်ဟီလာမှာ မပျော်မရွှင် ဖြစ်နေတယ်လို့ သိရပါတယ်။ ဥရုဂွေးသားဟာ အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့ပြီး ၆ လ အကြာမှာ အာဂျင်တီးနား ကလပ် ရေးဗားပလိတ်ရဲ့ ကမ်းလှမ်းခြင်းကို ခံထားရပါတယ်။

မေဂျာလိဂ် ကလပ်တွေ ကတော့ အက်စတွန်ဗီလာမှာ အငှားနဲ့ သွားရောက် ကစားနေချိန် အကန့်အသတ်နဲ့ ပွဲထွက်နေရတဲ့ လစ်ဗာပူးလ် ကွင်းလယ်လူ ဟာဗေး အဲလီယော့တ်ကို ကမ်းလှမ်းဖို့ အသင့်ရှိနေပါတယ်။ ဒီရာသီမှာ အသင်း နှစ်သင်း အတွက် ကစားပြီး ဖြစ်တဲ့ အဲလီယော့တ် အနေနဲ့ အမေရိကန် သို့မဟုတ် ဘရာဇီးလ်ကဲ့သို့သော FIFA ပြက္ခဒိန်တွင် လည်ပတ်နေတဲ့ အသင်း တစ်သင်းထံသို့ ပြောင်းရွှေ့ရမှာလည်း ဖြစ်ပါတယ်။ 

မွန်တာရေး နောက်ခံလူ ဆာဂျီယို ရာမို့စ်ရဲ့ အေးဂျင့်တွေဟာ အေစီမီလန်ထံ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့်လည်း စီးရီးအေ ကလပ် ကတော့ အသက် ၃၉ နှစ် အရွယ် ကစားသမားကို အထူး စိတ်ဝင်စားခြင်း မရှိကြောင်း သိရပါတယ်။ တစ်ဖက် မှာလည်း ဖလူမီနီးစ်က သီယာဂို ဆေးလ်ဗားနဲ့ ရာမို့စ်ကို ရေတို ပေါင်းစည်းပေးချင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်