နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အန်းဒရစ်ခ်ကို အငှားချမယ့် ရီးရဲလ်မက်ဒရစ် ကွန်ဒေးကို ၂၀၃၀ အထိ သက်တမ်းတိုးမယ့် ဘာစီလိုနာ | လာလီဂါ

ဩဂုတ်လ ၆ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အန်းဒရစ်ခ် ကတော့ နည်းပြ ဇာဘီ အလွန်ဆိုရဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေခြင်း မရှိတာကြောင့် အငှားချခံရဖို့ ရှိနေကြောင်း Fichajes က ဖော်ပြပါတယ်။ ဘရာဇီးလ် လူငယ် တိုက်စစ်မှူးလေး အန်းဒရစ်ခ် ကတော့ ဒီနွေရာသီ အစောပိုင်းမှာ ရီးရဲလ်ဆိုစီဒက်ကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပေမယ့်လည်း ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အပြော်င်းအရွှေ့ ပျက်သွားခဲ့ကြောင်း သိရပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ ရိုဒရီဂိုကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်ထံ ကမ်းလှမ်းခဲ့ကြောင်း MARCA က ဖော်ပြပါတယ်။ ဒီကမ်းလှမ်းမှုကို လာလီဂါ ကလပ် ဘက်က မတုံ့ပြန်ရသေးပေမယ့် သူတို့ရဲ့ ကစားသမား အတွက် ယူရို သန်း ၇၀ (ပေါင် ၆၁ သန်း) ထက် မနည်း အလိုရှိနေကြောင်း သိရပါတယ်။

ဘာစီလိုနာ ဥက္ကဋ္ဌ ယိုအန် လာပေါ်တာ ကတော့ ၂၀၂၆ ခုနှစ်မှာ သူ့အနေနဲ့ ပြန်လည် အရွေးချယ်ခံရာမှာ အထောက်အကူ ဖြစ်စေဖို့ အတွက် လူကြိုက်များတဲ့ ခေါ်ယူမှုကို ပြုလုပ်ဖို့ အလိုရှိနေကြောင်း Fichajes က ဖော်ပြပါတယ်။ လက်ရှိမှာ သူခေါ်ယူဖို့ ရည်ရွယ်ထားတဲ့ ကစားသမား ၃ ဦး ရှိနေပြီး မန်ချက်စတာစီးတီးက အာလင်း ဟာလန်းကို ယူရို သန်း ၁၂၀ (ပေါင် ၁၀၄.၅ သန်း) နဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပေမယ့်ည်း အက်တလက်တီကိုမက်ဒရစ်က ဟူလီယန် အဲလ်ဗာရက်ဇ်နဲ့ ပီအက်စ်ဂျီက ဘရက်ဒ်လီ ဘာကိုလာ တို့ကို တခြားသော ပစ်မှတ်တွေ အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

ပြင်သစ် နောက်ခံလူ ဂျူးလ်စ် ကွန်ဒေး ကတော့ လာလီဂါ ကလပ် ဘာစီလိုနာနဲ့ ၂၀၃၀ ခုနှစ် အထိ စာချုပ်သက်တမ်းတိုးသွားမယ်လို့ သိရပါတယ်။
ဘာစီလိုနာနဲ့ ၂၀၃၀ ခုနှစ် အထိ စာချုပ်သက်တမ်းတိုးမယ့် ကွန်ဒေး

ဂိုးသမား အင်နာကီ ပီနာ ကတော့ ဘာစီလိုနာ ကနေ ထွက်ခွာလိုပြီး အားကစား ဒါရိုက်တာ ဒေကို ကလည်း အပြောင်းအရွှေ့ ဖြစ်မြောက်ရေး ကြိုးစား လုပ်ဆောင်ပေးနေကြောင်း သိရပါတယ်။ ဘာစီလိုနာ အနေနဲ့ ယိုအန် ဂါစီယာကို လာလီဂါမှာ မှတ်ပုံတင်လိုက်ပြီးနောက် ပီနာ အနေနဲ့ အသင်း ပြောင်းရွှေ့ဖို့ စဉ်းစားလာခဲ့တာလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ ရာသီသစ် အတွက် ကစားသမားသစ် ထပ်မံ ခေါ်ယူသွားတော့မှာ မဟုတ်ကြောင်း သိရပါတယ်။ ဒီသတင်းကို The Athletic က အတည်ပြုခဲ့တာ ဖြစ်ပြီးတော့ ဇာဘီ အလွန်ဆို အနေနဲ့ လက်ရှိ လူစာရင်းနဲ့ပဲ ရာသီသစ်ကို ရင်ဆိုင်သွားရတော့မှာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီ နည်းပြ မာရှေယာနိုရဲ့ အတည်ပြုချက်အရ လီယွန်နယ် မက်ဆီရဲ့ ဒဏ်ရာ အခြေအနေက စိုးရိမ်ရခြင်း မရှိကြောင်း သိရပါတယ်။ ဒါကြောင့် မက်ဆီ အနေနဲ့ မကြာခင်မှာပဲ အင်တာမိုင်ယာမီရဲ့ ပွဲစဉ်တွေမှာ ပြန်လည် ပါဝင်လာဖို့ ရှိနေပြီ ဖြစ်ပါတယ်။

ဂါနာချို ကိုတော့ ဂျာမနီ၊ အီတလီနဲ့ ဆော်ဒီအာရေဗျ ကလပ်တွေက စိတ်ဝင်စားနေပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ ချဲလ်ဆီး ကိုပဲ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ ချဲလ်ဆီး ကလည်း ဇာဗီ ဆိုင်မွန်စ် အပြင် ဂါနာချိုကို ခေါ်ယူဖို့လည်း ပစ်မှတ်ထားနေပါသေးတယ်။ ပြင်သစ် နောက်ခံလူ ဂျူးလ်စ် ကွန်ဒေး ကတော့ လာလီဂါ ကလပ် ဘာစီလိုနာနဲ့ ၂၀၃၀ ခုနှစ် အထိ စာချုပ်သက်တမ်းတိုးသွားမယ်လို့ သိရပါတယ်။ ကွန်ဒေးဟာ ဘာစီလိုနာ အတွက် ၃ ရာသီ အတွင်း ပြိုင်ပွဲစုံ ၁၄၁ ပွဲ အထိ ကစားပေးထားသူလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်