ဇူလိုင်လ ၂၅ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ မန်စီးတီး ကွင်းလယ်လူ ရိုဒရီကို စပိန် မြို့တော်ဆီ ခေါ်ယူဖို့ အတွက် ပေါင်သန်း ၁၀၀နဲ့ ကမ်းလှမ်းရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း The Sun က ဖော်ပြပါတယ်။ ရိုဒရီ ကတော့ လော့စ်ဘလန်ကို တို့နဲ့ သတင်းတွေ ထွက်နေတာ ကြာပြီ ဖြစ်ပြီး လာလီဂါ ထိပ်သီး တို့က ၂၀၂၆ ခုနှစ်မှာ စပိန်သားကို အရ ခေါ်ယူမယ်လို့လည်း သိရပါတယ်။
ဘာစီလိုနာ ကတော့ ဥရုဂွေး နောက်ခံလူ ရော်နယ် အာရူဟို အတွက် တောင်းဆိုမှု စျေးနှုန်းကို ယူရို သန်း ၅၀ အထိ လျှော့ချပေးခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်းလည်း ကမ်းလှမ်းမယ့် အသင်း မရှိသေးတာကြောင့် ရောင်းထုတ်ဖို့ အနည်းငယ် ခက်ခဲနေကြောင်း သိရပါတယ်။ အာရူဟို ကတော့ ဘာဆာ မှာပဲ ဆက်နေလိုကြောင်း ပြောကြားထားသူ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းသည် ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ရိုဒရီဂိုကို ခေါ်ယူရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ပေမယ့်လည်း တော့တင်ဟမ်ဟော့စပါး ကလည်း ချိတ်ဆက်မှုတွေ ပြုလုပ်လျက် ရှိကြောင်း သိရပါတယ်။ စပါးဟာ အစောပိုင်း ကတည်းက လာလီဂါ ကလပ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို အသုံးချပြိး ရိုဒရီဂိုကို ခေါ်ယူဖို့ ကြိုးပမ်းချင်နေတာလည်း ဖြစ်ပါတယ်။
အက်သလက်တီကိုမက်ဒရစ် ကတော့ ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ပထမ ရွေးချယ်မှု အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။ တီကိုဟာ ဒီအပြောင်းအရွှေ့ကို ယူရို သန်း ၃၀ တန်ကြေး သတ်မှတ်ထားပြီး နာဟူးလ် မိုလီနာနဲ့လည်း အလဲအလှယ် ပြုလုပ်ချင်နေကြောင်း Gazzetta dello Sport က ဖော်ပြပါတယ်။

အက်တလက်တီကိုမက်ဒရစ်ဟာ တောင်ပံ ကစားသမား ဆမ်မြူရယ် လီနီုကို ဖလာမင်ဂိုထံ ယူရို ၂၅ သန်းနဲ့ အပြီးသတ် ရောင်းထုတ်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ လီနို ကတော့ ပြီးခဲ့တဲ့ ရာသီက အက်တလက်တီကိုမက်ဒရစ် အတွက် ၄၇ ပွဲ ပါဝင် ကစားပြီး ၄ ဂိုး သွင်းကာ ၈ ဂိုး ဖန်တီးထားနိုင်ခဲ့သူ ဖြစ်ပါတယ်။
ဘေယန်မြူးနစ် ကတော့ လစ်ဗာပူးလ် တောင်ပံကစားသမား လူးဝစ် ဒီးယက်ဇ်ကို ခေါ်ယူဖို့ မျှော်လင့်နေပြီး အသက် ၂၈ နှစ် အရွယ် ကစားသမား ကလည်း အန်းဖီးလ် ကနေ ထွက်ခွာလိုနေကြောင်း ဖာဘရီယို ရိုမာနိုက ဖော်ပြထားပါတယ်။
ချဲလ်ဆီး တိုက်စစ်မှူး ရာဟင်းမ် စတာလင် ကတော့ အန်တိုနီယို ကွန်တီ ကိုင်တွယ်နေတဲ့ စီးရီးအေ ချန်ပီယံ နာပိုလီ အတွက် အပြောင်းအရွှေ့ ပစ်မှတ် အဖြစ် ပေါ်ထွက်လာခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် စတာလင်ကို ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင် ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်၊
ဒေါ့မန် ကတော့ ပြီးခဲ့တဲ့ရာသီက လက်စတာစီးတီးမှာ အငှားနဲ့ သွားရောက် ကစားခဲ့တဲ့ ဘရိုက်တန် ကစားသမား ဖာကွန်ဒို ဗျူရိုနန်နော့တ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒီ အသက် ၂၀ အရွယ် ကစားသမားကို ခေါ်ယူဖို့ အတွက် ဒေါ့မန်က ချိတ်ဆက်မှုတွေ ပြုလုပ်ထားပြီး ဖြစ်ကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.