နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အလက်ဆစ် မက် အယ်လစ္စတာကို ခေါ်ယူဖို့ ယူရို သန်း ၁၀၀ ပြင်ဆင်ထားတဲ့ ရီးရဲလ်မက်ဒရစ် | လာလီဂါ

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ လစ်ဗာပူးလ် ကွင်းလယ် ဖန်တီးရှင် အလက်ဆစ် မက် အယ်လစ္စတာကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ စပိန်က လာတဲ့ သတင်းတွေ အရ ဆိုရင်တော့ ရီးရဲလ်မက်ဒရစ်ဟာ ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနား ကွင်းလယ်လူ အတွက် ယူရို သန်း ၁၀၀ အထိ သုံးစွဲဖို့တေင် အဆင်သင့် ဖြစ်နေတယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ် အတွက် နှစ်ပေါင်း များစွာ ပေးဆပ် ကစားခဲ့ပြီး အောင်မြင်မှုတွေလည်း ရယူပေးခဲ့တဲ့ ဝါရင့် ကွင်းလယ်လူ တိုနီ ခရူးစ်ဟာ ပြီးခဲ့တဲ့ ရာသီက ကစားသမား ဘဝ ကနေ အနားယူသွားခဲ့ပါတယ်။ ဒါ့အပြင် လာလီဂါ ကလပ်ရဲ့ နောက်ထပ် ဂန္တဝင် ကွင်းလယ်လူ လူကာ မိုဒရစ် ကလည်း ဒီနွေရာသီမှာပဲ အသင်းနဲ့ လမ်းခွဲသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် လော့စ်ဘလန်ကို တို့ဟာ လက်ရှိမှာ အသင်း အတွက် ထိပ်တန်း အဆင့် ကွင်းလယ်လူတွေနဲ့ ပြန်လည် အစားထိုးနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ နည်းပြ ဇာဘီ အလွန်ဆို ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ ပီအက်စ်ဂျီကို ၀-၄ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပြီးနောက် ကွင်းလယ် ကစားသမား တစ်ဦး ခေါ်ယူပေးဖို့ အသင်း ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။

အလွန်ဆိုဟာ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့မှာ ရီးရဲလ်မက်ဒရစ် နည်းပြ အဖြစ် စတင် တာဝန်ယူခဲ့ပြီး ပထမဦးဆုံး ယှဉ်ပြိုင်ရတဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ အသင်းကို ဆီမီးဖိုင်နယ် အဆင့် အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီကို အရှက်တကွဲ ရှုံးနိမ့်ခဲ့သလို ပြိုင်ပွဲ တစ်လျှောက် ရီးရဲလ်မက်ဒရစ်ရဲ့ အားနည်းချက်တွေကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရတာကြောင့် အလွန်ဆိုက အသင်းဟာ ကြီးမားတဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ လိုအပ်နေကြောင်း လက်ခံထားတာ ဖြစ်ပါတယ်။

တကယ်တော့ ပီအက်စ်ဂျီကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲမတိုင်မီ ကတည်းက လာလီဂါ ကလပ်ရဲ့ ကွင်းလယ်ပိုင်း အားနည်းချက်တွေကို ဝေဖန် ထောက်ပြမှုတွေ ရှိနေခဲ့တာပါ။ ကစားသမားဟောင်း တိုနီ ခရူးစ် ကိုယ်တိုင်က ရီးရဲလ်မက်ဒရစ် ကွင်းလယ် အတွက် သူ့လို ကစားသမားမျိုး လိုအပ်နေကြောင်း သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဇာဘီ အလွန်ဆိုက တိုက်စစ်ရော ခံစစ် အတွက်ပါ သက်ရောက်မှု ရှိပြီး Box to Box ကစားနိုင်တဲ့ ထိပ်တန်း အဆင့် ကွင်းလယ် ကစားသမား တစ်ဦး ခေါ်ယူပေးဖို့ ပီရက်ဇ်ကို တောင်းဆိုထားကာ မက် အယ်လစ္စတာနဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လာလီဂါ ကလပ်ရဲ့ နောက်ထပ် ဂန္တဝင် ကွင်းလယ်လူ လူကာ မိုဒရစ် ကလည်း ဒီနွေရာသီမှာပဲ အသင်းနဲ့ လမ်းခွဲသွားခဲ့ပြီ ဖြစ်ပါတယ်။
တိုနီ ခရူးစ်နဲ့ မိုဒရစ် နေရာမှာ အစားထိုးနိုင်မယ့် ကွင်းလယ်လူ လိုအပ်နေတဲ့ ရီးရဲလ်မက်ဒရစ်

သေချာတာက မက် အယ်လစ္စတာကို လစ်ဗာပူးလ် ဘက်က အလွယ်တကူ လက်လွှတ်သွားဖို့ အစီအစဉ် မရှိတာကြောင့် ရီးရဲလ်မက်ဒရစ် အနေနဲ့ ဒီကစားသမားကို လိုချင်ရင်တော့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ လုပ်ခလစာတွေ ပေးချေရဖို့ ရှိနေတာ ဖြစ်ပါတယ်။ တချို့ကလည်း ရီးရဲလ်မက်ဒရစ် အနေနဲ့ အာဂျင်တီးနား ကွင်းလယ်လူ အတွက် ယူရို သန်း ၁၀၀ သုံးစွဲ ရဖို့ ရှိနေကြောင်း ဖော်ပြနေပေမယ့် တချို့ သတင်းတွေ မှာတော့ ဒါက ကောလာဟလတွေသာ ဖြစ်ကြောင်း ဖော်ပြနေကြပါတယ်။

လက်တလောမှာ ရီးရဲလ်မက်ဒရစ် ကနေ ကစားသမား တချို့ ထွက်ခွာဖွယ် ရှိနေပြီး အလွန်ဆို အနေနဲ့ ရိုဒရီဂို၊ ဘရာဟင်မ် ဒီးယက်ဇ်၊ ဒန်နီ ဆယ်ဘာလော့စ်နဲ့ အန်းဒရစ်ခ် တို့ကို ရှင်းထုတ်ဖို့ စဉ်းစားထားကြောင်း သိရပါတယ်။ အကယ်၍ ဒီကစားသမားတွေသာ အသင်း ကနေ ထွက်ခွာသွားခဲ့ရင်တော့ လာလီဂါ ထိပ်သီးတို့ အနေနဲ့ မက် အယ်လစ္စတာရဲ့ အပြောင်းအရွှေ့ကို ကျိန်းသေပေါက် အရှိန်အဟုန်မြှင့် ကြိုးပမ်းဖွယ် ရှိနေပါတယ်။

ဒါပေမယ့်လည်း မက် အယ်လစ္စတာဟာ ပြီးခဲ့တဲ့ ဧပြီလတုန်း ကတော့ သူ့ ပတ်ဝန်းကျင်မှာ ထွက်ပေါ်နေတဲ့ သတင်းတွေကို သိရှိပေမယ့်လည်း လစ်ဗာပူးလ်နဲ့ ထားရှိတဲ့ သူ့ရဲ့ ကတိကဝတ်တွေ အပေါ်မှာသာ အာရုံစိုက်ထားကြောင်း ရှင်းရှင်းလင်းလင်း ဖြေကြားထားခဲ့ဖူးပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်