နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စာချုပ်သစ် ကိစ္စ အဆင်မပြေရင် ဗင်နီးစီးယပ်စ်ကို ဒီနွေရာသီမှာပဲ ရောင်းထုတ်တော့မယ့် ရီးရဲလ်မက်ဒရစ် | လာလီဂါ

လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ အသင်းရဲ့ တိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ခက်ခဲလျက် ရှိကြောင်း သိရပါတယ်။ အကယ်၍ စာချုပ်ချုပ်ဆိုနိုင်ခြင်း မရှိရင်တော့ ကလပ် ဘက်က ဒီနွေရာသီမှာပဲ ရောင်းထုတ်သွားဖို စီစဉ်နေတယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။

ဗင်နီးစီးယပ်စ်ဟာ လက်ရှိမှာ လာလီဂါ ကလပ်နဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီးတော့ ရီးရဲလ်မက်ဒရစ်က နှစ်ရှည် စာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗင်နီးစီးယပ်စ်က အသင်းဖော် ကီလီယန် အမ်ဘာပေးထက် ပိုများတဲ့ လုပ်ခလစာကို လိုချင်နေသလို ရီးရဲလ်မက်ဒရစ်ရဲ့ လုပ်ခလစာ အများဆုံး ရရှိတဲ့ ကစားသမား ဖြစ်ချင်နေတာပါ။

အသက် ၂၅ နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကြယ်ပွင့်ဟာ စာချုပ်သစ် အတွက် တစ်နှစ် လုပ်ခ လစာ ယူရို သန်း ၂၀ ပေးချေဖို့ လာလီဂါ ကလပ်ကို တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ဒါဟာ ရီးရဲလ်မက်ဒရစ်မှာ တစ်နှစ် လုပ်ခ လစာ အများဆုံး အဖြစ် ယူရို ၁၅ သန်း ရရှိနေတဲ့ တိုက်စစ်မှူး အမ်ဘာပေးရဲ့ လုပ်ခ လစာထက် ၃၃ ရာခိုင်နှုန်း ပိုများတဲ့ ပမာဏလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရီးရဲလ်မက်ဒရစ်က အမ်ဘာပေးနဲ့ ဗင်နီးစီးယပ်စ် ဆိုရင် ဘရာဇီးလ်သား ကိုပဲ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ ဒါ့အပြင် ဆော်ဒီပရိုလိဂ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလ ကတည်းက ဗင်နီးစီးယပ်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပြီးတော့ ၅ နှစ် စာချုပ် အတွက် ယူရို ၁ ဘီလီယံတန် ကမ်းလှမ်းမှုပါ ပြုလုပ်ဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။

အသက် ၂၅ နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကြယ်ပွင့်ဟာ စာချုပ်သစ် အတွက် တစ်နှစ် လုပ်ခ လစာ ယူရို သန်း ၂၀ ပေးချေဖို့ လာလီဂါ ကလပ်ကို တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်မှာ အနာဂတ် လုံးဝ မသေချာတော့တဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာ

အခု နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဆိုရင် ဗင်နီးစီးယပ်စ်ဟာ ရီးရဲလ်မက်ဒရစ်မှာ စာချုပ် သက်တမ်း ကုန်ဆုံးတဲ့ အချိန်ထိ ဆက်နေပြီး စာချုပ်သက်တမ်းကုန်ဆုံးမှသာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ဆန္ဒရှိနေကြောင်းလည်း သိရပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် အနေနဲ့ ဗင်နီးစီးယပ်စ်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ဖို့ ဆန္ဒ မရှိပါဘူး။ ဒါကြောင့် ဘရာဇီးလ်သား အနေနဲ့ စာချုပ်သစ် မချုပ်ဘူး ဆိုရင် ဒီနွေရာသီမှာပဲ ရီးရဲလ်မက်ဒရစ်က သေချာပေါက် ရောင်းထုတ်ဖို့ စီစဉ်လျက် ရှိကြောင်း စပိန်မီဒီယာတွေက ဖော်ပြလျက် ရှိပါတယ်။ အကယ်၍ ရီးရဲလ်မက်ဒရစ် အနေနဲ့ ဗင်နီးစီးယပ်စ်ကို သက်တမ်း တိုးမယ် ဆိုရင်လည်း အနည်းဆုံး ၂၀၃၀ ခုနှစ် အထိ သက်တမ်းတိုးချင်နေတာ ဖြစ်ပါတယ်။ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနို ကလည်း ရီးရဲလ်မက်ဒရစ် အနေနဲ့ လက်ရှိ အချိန်ထိ ဗင်နီကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းနေပေမယ့် အဆင်မပြေသေးကြောင်း အတည်ပြုထားပါတယ်။

ဗင်နီးစီးယပ်စ် ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ အတူ ဆုဖလား အောင်မြင်မှု များစွာ ရရှိထားသလို တစ်ဦးချင်း အောင်မြင်မှုတွေလည်း ရရှိထားပါတယ်။ ဗင်နီးစီးယပ်စ်က ရီးရဲလ်မက်ဒရစ်မှာ လာလီဂါ ချန်ပီယံ ၃ ကြိမ်၊ ချန်ပီယံလိဂ် ၂ ကြိမ်၊ ကိုပါဒယ်ရေး ၁ ကြိမ်၊ စပိန်စူပါဖလား ၃ ကြိမ်၊ စူပါဖလား ၂ ကြိမ်၊ ကလပ် ကမ္ဘာ့ဖလား ၂ ကြိမ်နဲ့ ဖီဖာ ကွန်တီနန်တယ်ဖလား ၂ ကြိမ် ရရှိထားပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရာသီ ကတော့ ဆုဖလား လက်မဲ့ ရာသီ အဖြစ်နဲ့ အဆုံးသတ်ထားခဲ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်